
Antutu Benchmarks



OnePlus 6



Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

ယခုအောက်တိုဘာမှာ စမတ်ဖုန်းတွေအများအပြားထွက်ရှိလာတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး စမတ်ဖုန်းတွေအများအပြားထွက်ရှိလာတဲ့အချိန်မှာ ပြီးခဲ့တဲ့စက်တင်ဘာလအထိ စွမ်းဆောင်ရည်အကောင်းဆုံးစမတ်ဖုန်းတွေက ဘယ်ဖုန်းတွေလဲဆိုတာကို နာမည်ကြီး Benchmark Application တစ်ခုဖြစ်တဲ့ Antutu Benchmark ကနေ ဖော်ပြခဲ့ပါတယ်။

Antutu Benchmarks

ဒီတစ်ကြိမ်မှာတော့ ယခင်တုန်းက စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ခဲ့တဲ့ Xiaomi Black Shark ဖုန်းက ဒုတိယနေရာကို ရောက်ရှိသွားပြီး ပထမနေရာကို Asus ရဲ့ ROG Phone က ရရှိသွားတာပဲဖြစ်ပါတယ်။ ဒါကလည်း Asus ROG Phone က ပုံမှန် 2.8Ghz Snapdragon 845 Processor ကို 2.96Ghz အထိ Overclock ပြုလုပ်ထားတာကြောင့်လို့ယူဆရမှာပါ။

အခု Gaming Phone တွေဖြစ်တဲ့ Asus ROG Phone နဲ့ Mi Black Shark ဖုန်းတွေအပြီးမှာတော့ OnePlus 6 က ရှိနေပြီး နောက်မှာတော့ Vivo NES S ၊ Mi 8 နဲ့ OPPO Find X လိုမျိုး ဖုန်းတွေရှိနေတာစြဖ်ပါတယ်။

OnePlus 6

ဒီနေရာမှာတစ်ခုထူးဆန်းတာက ဒေါ်လာ ၃၀၀ တန် Snapdragon 845 Processor သုံး ဖုန်းတစ်ခုဖြစ်တဲ့ Mi Pocophone F1 က တခြားသော Snapdragon 845 သုံးထားတဲ့ဖုန်းတွေထက် ရမှတ်သိသိသာသာကို နည်းနေတာဖြစ်ပါတယ်။

အခုရလဒ်ဟာ စက်တင်ဘာလအထိဖြစ်ပြီး ဒီလထဲမှာ iPhone XS နဲ့ Huawei Mate 20 Pro လိုဖုန်းတွေထွက်လာတဲ့အတွက် အောက်တိုဘာလကြရင်ပြောင်းလဲမှုတွေကို မြင်ရဦးမှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com