[Zawgyi]

ရာထူးက ထုတ္ပယ္ခံရရင္ ေလ်ာ္ေၾကးေငြ ေပါင္ (၉)သန္းအထိရမယ့္ ကြန္တီ

စာခ်ဳပ္သက္တမ္း မကုန္ခင္ နည္းျပ ကြန္တီ Conte ကို ရာထူးကေန ထုတ္ပယ္ခဲ့မယ္ဆိုရင္ စာခ်ဳပ္ပါ အခ်က္အလက္ေတြအရ နစ္နာေၾကး ေပါင္ (၉)သန္းအထိ ခ်ယ္လ္ဆီးအသင္း ေပးေခ်သြားရဖို႔ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ အသင္းဘုတ္အဖြဲ႔ရဲ႕ အေျပာင္းအေရႊ႕ေပၚလစီအေပၚ ေက်နပ္မႈမရွိလို႔ အႀကီးအက်ယ္ ေဝဖန္ခဲ့ၿပီးေနာက္ပိုင္း နည္းျပ ကြန္တီ Conte နဲ႔ အသင္းဘုတ္အဖြဲ႔ၾကား သေဘာထား ကြဲလြဲမႈေတြ ရွိလာခဲ့ပါတယ္။ အသင္းတာဝန္ရွိသူေတြနဲ႔ အဆင္မေျပမႈေတြ ရွိလာခဲ့လို႔ နည္းျပ ကြန္တီ Conte ကိုယ္တိုင္ အသင္းက ထြက္ခြာဖို႔ ဆႏၵရွိေနခဲ့ပါတယ္။ အခုအခ်ိန္မွာ ကြန္တီ Conte ကို ထုတ္ပယ္ခဲ့ပါက ခ်ယ္လ္ဆီးအသင္းဘက္က နစ္နာေၾကးေပးေခ်သြားရမွာျဖစ္သလို ကြန္တီ Conte ကိုယ္တိုင္ တျခားအသင္းတစ္သင္းကို ေျပာင္းလဲကိုင္တြယ္ခဲ့ရင္ေတာင္မွ လက္က်န္ (၁၂)လစာအတြက္ လစာေငြကို အသင္းဘက္က ေပးေခ်သြားရမွာ ျဖစ္ပါတယ္။ ထြက္ေပၚေနတဲ့ သတင္းေတြအရ လာမယ့္ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈတစ္ခုခု ရွိလာခဲ့ရင္ နည္းျပ ကြန္တီ Conte အေနနဲ႔ ခ်ယ္လ္ဆီးအသင္းနဲ႔ လမ္းခြဲကာ ကမ္းလွမ္းမႈကို လက္ခံသြားဖို႔ ရွိေနပါတယ္။

Antonio-Conte-make-threat-to-Chelsea-over-sacking

Antonio-Conte-make-threat-to-Chelsea-over-sacking

ခ်ယ္လ္ဆီးအသင္းကို ကိုင္တြယ္ခဲ့တဲ့ (၂)ရာသီအတြင္း အသင္းကို အမွတ္ေပးခ်န္ပီယံဆုနဲ႔ FA ဖလားတို႔ကို ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ ကြန္တီကို ဥေရာပထိပ္တန္း အသင္းအမ်ားစုက ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနၾကပါတယ္။ အေစာပိုင္းက အီတလီလက္ေရြးစင္နည္းျပရာထူးအတြက္ သတင္းေတြ ထြက္ေပၚခဲ့သလို PSG၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ေဒါ့မြန္တို႔လို ဥေရာပ ထိပ္တန္းအသင္း အမ်ားစုရဲ႕ ေစာင့္ၾကည့္ျခင္းကို ခံခဲ့ရေပမယ့္ ကြန္တီကို တရားဝင္ ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့ျခင္းေတာ့ မရွိခဲ့ပါဘူး။ ကြန္တီကိုယ္တိုင္ကလည္း စာခ်ဳပ္သက္တမ္းမကုန္ခင္ အသင္းက ထြက္ခြာဖို႔ ဆႏၵရွိေနၿပီး ဥေရာပအသင္းတစ္သင္းကို ေျပာင္းလဲကိုင္တြယ္သြားဖို႔ စီစဥ္မႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။

REF:Metro UK
Photo:CFCnet, Sportseries
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ရာထူးက ထုတ်ပယ်ခံရရင် လျော်ကြေးငွေ ပေါင် (၉)သန်းအထိရမယ့် ကွန်တီ

စာချုပ်သက်တမ်း မကုန်ခင် နည်းပြ ကွန်တီ Conte ကို ရာထူးကနေ ထုတ်ပယ်ခဲ့မယ်ဆိုရင် စာချုပ်ပါ အချက်အလက်တွေအရ နစ်နာကြေး ပေါင် (၉)သန်းအထိ ချယ်လ်ဆီးအသင်း ပေးချေသွားရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းဘုတ်အဖွဲ့ရဲ့ အပြောင်းအရွှေ့ပေါ်လစီအပေါ် ကျေနပ်မှုမရှိလို့ အကြီးအကျယ် ဝေဖန်ခဲ့ပြီးနောက်ပိုင်း နည်းပြ ကွန်တီ Conte နဲ့ အသင်းဘုတ်အဖွဲ့ကြား သဘောထား ကွဲလွဲမှုတွေ ရှိလာခဲ့ပါတယ်။ အသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြေမှုတွေ ရှိလာခဲ့လို့ နည်းပြ ကွန်တီ Conte ကိုယ်တိုင် အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ အခုအချိန်မှာ ကွန်တီ Conte ကို ထုတ်ပယ်ခဲ့ပါက ချယ်လ်ဆီးအသင်းဘက်က နစ်နာကြေးပေးချေသွားရမှာဖြစ်သလို ကွန်တီ Conte ကိုယ်တိုင် တခြားအသင်းတစ်သင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ရင်တောင်မှ လက်ကျန် (၁၂)လစာအတွက် လစာငွေကို အသင်းဘက်က ပေးချေသွားရမှာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခုခု ရှိလာခဲ့ရင် နည်းပြ ကွန်တီ Conte အနေနဲ့ ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲကာ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ ရှိနေပါတယ်။

Antonio-Conte-make-threat-to-Chelsea-over-sacking

Antonio-Conte-make-threat-to-Chelsea-over-sacking

ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ (၂)ရာသီအတွင်း အသင်းကို အမှတ်ပေးချန်ပီယံဆုနဲ့ FA ဖလားတို့ကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကွန်တီကို ဥရောပထိပ်တန်း အသင်းအများစုက စောင့်ကြည့်မှုတွေ ပြုလုပ်နေကြပါတယ်။ အစောပိုင်းက အီတလီလက်ရွေးစင်နည်းပြရာထူးအတွက် သတင်းတွေ ထွက်ပေါ်ခဲ့သလို PSG၊ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့လို ဥရောပ ထိပ်တန်းအသင်း အများစုရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရပေမယ့် ကွန်တီကို တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ကွန်တီကိုယ်တိုင်ကလည်း စာချုပ်သက်တမ်းမကုန်ခင် အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေပြီး ဥရောပအသင်းတစ်သင်းကို ပြောင်းလဲကိုင်တွယ်သွားဖို့ စီစဉ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

REF:Metro UK
Photo:CFCnet, Sportseries
Aung Kyaw Wai (Akhayar)
www.akhayar.com