[Zawgyi]

တစ္ေက်ာ့ျပန္ အီတလီနည္းျပျဖစ္လာဖို႔ရိွေနတဲ့ ခ်ယ္လ္ဆီးနည္းျပကြန္တီ (Conte)

ခ်ယ္လ္ဆီးနည္းျပကြန္တီ(Conte) ဟာ အီတလီနည္းျပရာထူးအတြက္ ကမ္းလွမ္းခံရဖို႔ရိွေနတာေၾကာင့္ တစ္ေက်ာ့ျပန္အီတလီနည္းျပျဖစ္လာဖို႔ ရိွေနပါတယ္။ နည္းျပကြန္တီဟာ ဒီရာသီခ်ယ္လ္ဆီးအသင္းကို ကိုင္တြယ္ရာမွာ ရလဒ္ဆိုးရြားမႈေတြနဲ႔ ဖိအားမ်ားေနေပမယ့္ အီတလီနည္းျပရာထူးအတြက္ လ်ာထားတဲ့စာရင္းမွာ ပါဝင္ေနပါတယ္။

အီတလီအသင္းဟာ နည္းျပဗန္က်ဴးရာ (Ventura) လက္ထက္မွာ ႏွစ္ေပါင္း(၆၀)အတြင္း ပထမဆံုးအႀကိမ္ ၂၀၁၈ ကမၻာ့ဖလားေျခစစ္ပြဲ မေအာင္ျမင္ခဲ့တာေၾကာင့္ ေဝဖန္မႈမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ရၿပီး နည္းျပသစ္ေနရာကို အစာထိုးဖို႔ ကြန္တီ၊ အန္ဆယ္ေလာ့တီ၊ မန္ခ်ီနီစတဲ့ နည္းျပေတြကို ပစ္မွတ္ထားေနပါတယ္။ နည္းျပကြန္တီဟာ အီတလီအသင္းကို ၂၀၁၄-၁၆ ခုႏွစ္ထိ ကိုင္တြယ္ခဲ့သူျဖစ္ၿပီး ႏိုင္ငံအသင္းအတြက္ ဆုဖလားေအာင္ျမင္မႈမရခဲ့ေပမယ့္ အသင္းကို ယူ႐ို ၂၀၁၆ မွာ ကြာတားဖိုင္နယ္ထိေရာက္ေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့သူျဖစ္ပါတယ္။

Italia Conte and Ventura

Italia Conte and Ventura

အီတလီေဘာလံုးအဖြဲ႕ခ်ဳပ္ ဒုတိယေကာ္မရွင္နာ ေကာ္စတာကူတာက “ ကြန္တီဟာ လ်ာထားစာရင္းထဲမွာ ပါပါတယ္။ လာမယ့္ရက္အနည္းငယ္အတြင္းမွာ ကၽြန္ေတာ္ လန္ဒန္ကိုသြားမွာပါ။ အင္တာဗ်ဴးစတင္ျပဳလုပ္မွာျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႔ အလ်င္မလိုေပမယ့္ တက္ႏုိင္သေလာက္ အျမန္ဆံုးေဆြးေႏြးသြားပါမယ္” လို႔ေျပာဆိုခဲ့ပါတယ္။

နည္းျပကြန္တီရဲ႕ ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ပဲြစဥ္မွာ ဘုန္းေမာက္အသင္းကို အေရးနိမ့္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာအတြက္ ႐ုန္းကန္ရမယ္လို႔ ဆုိခဲ့သလို သူအေနနဲ႔ ယခင္ခ်ယ္လ္ဆီးနည္းျပေတြကဲ့သို႔ ထုတ္ပယ္ခံရႏုိင္တယ္လုိ႔ ေျပာဆိုခဲ့ပါေသးတယ္။ နည္းျပကြန္တီ (Conte) ဟာ ၿပီးခဲ့တဲ့ရာသီက ခ်ယ္လ္ဆီးအသင္းကုိ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ၿပီး လြန္ခဲ့တဲ့ဇြန္လက အသင္းနဲ႔ (၂)ႏွစ္သက္တမ္းစာခ်ဳပ္သစ္ ခ်ဳပ္ဆိုထားသူပါ။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တစ်ကျော့ပြန် အီတလီနည်းပြဖြစ်လာဖို့ရှိနေတဲ့ ချယ်လ်ဆီးနည်းပြကွန်တီ (Conte)

ချယ်လ်ဆီးနည်းပြကွန်တီ(Conte) ဟာ အီတလီနည်းပြရာထူးအတွက် ကမ်းလှမ်းခံရဖို့ရှိနေတာကြောင့် တစ်ကျော့ပြန်အီတလီနည်းပြဖြစ်လာဖို့ ရှိနေပါတယ်။ နည်းပြကွန်တီဟာ ဒီရာသီချယ်လ်ဆီးအသင်းကို ကိုင်တွယ်ရာမှာ ရလဒ်ဆိုးရွားမှုတွေနဲ့ ဖိအားများနေပေမယ့် အီတလီနည်းပြရာထူးအတွက် လျာထားတဲ့စာရင်းမှာ ပါဝင်နေပါတယ်။

အီတလီအသင်းဟာ နည်းပြဗန်ကျူးရာ (Ventura) လက်ထက်မှာ နှစ်ပေါင်း(၆၀)အတွင်း ပထမဆုံးအကြိမ် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး နည်းပြသစ်နေရာကို အစာထိုးဖို့ ကွန်တီ၊ အန်ဆယ်လော့တီ၊ မန်ချီနီစတဲ့ နည်းပြတွေကို ပစ်မှတ်ထားနေပါတယ်။ နည်းပြကွန်တီဟာ အီတလီအသင်းကို ၂၀၁၄-၁၆ ခုနှစ်ထိ ကိုင်တွယ်ခဲ့သူဖြစ်ပြီး နိုင်ငံအသင်းအတွက် ဆုဖလားအောင်မြင်မှုမရခဲ့ပေမယ့် အသင်းကို ယူရို ၂၀၁၆ မှာ ကွာတားဖိုင်နယ်ထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

Italia Conte and Ventura

Italia Conte and Ventura

အီတလီဘောလုံးအဖွဲ့ချုပ် ဒုတိယကော်မရှင်နာ ကော်စတာကူတာက “ ကွန်တီဟာ လျာထားစာရင်းထဲမှာ ပါပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် လန်ဒန်ကိုသွားမှာပါ။ အင်တာဗျူးစတင်ပြုလုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အလျင်မလိုပေမယ့် တက်နိုင်သလောက် အမြန်ဆုံးဆွေးနွေးသွားပါမယ်” လို့ပြောဆိုခဲ့ပါတယ်။

နည်းပြကွန်တီရဲ့ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ရုန်းကန်ရမယ်လို့ ဆိုခဲ့သလို သူအနေနဲ့ ယခင်ချယ်လ်ဆီးနည်းပြတွေကဲ့သို့ ထုတ်ပယ်ခံရနိုင်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ နည်းပြကွန်တီ (Conte) ဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ဇွန်လက အသင်းနဲ့ (၂)နှစ်သက်တမ်းစာချုပ်သစ် ချုပ်ဆိုထားသူပါ။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။