[Zawgyi]

ေအစီမီလန္နည္းျပ ရာထူးကို လက္ခံသြားဖို႔ရွိေနတဲ့ ကြန္တီ Conte

ခ်ယ္လ္ဆီးနည္းျပေဟာင္း ကြန္တီ Conte အေနနဲ႔ စီးရီးေအကလပ္အသင္းတစ္သင္းျဖစ္တဲ့ ေအစီမီလန္အသင္းရဲ႕ နည္းျပရာထူးကို လက္ခံသြားဖို႔ရွိေနခဲ့ပါတယ္။ အသက္ (၄၈)ႏွစ္ အရြယ္ရွိ ကြန္တီ Conte အေနနဲ႔ ခ်ယ္လ္ဆီးအသင္းက ထုတ္ပယ္ခံခဲ့ရၿပီး လပိုင္းနီးပါးအၾကာမွာ အသင္းတစ္သင္းရဲ႕ နည္းျပရာထူးကို ျပန္လည္လက္ခံသြားဖို႔ စီစဥ္ေနခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။ ေအစီမီလန္အသင္းက တစ္ႏွစ္လုပ္ခ ေပါင္ (၅.၅)သန္းနဲ႔ ကြန္တီ Conte ကို ကမ္းလွမ္းသြားဖို႔ စီစဥ္ေနခဲ့တာျဖစ္ပါတယ္။ နည္းျပ ဂတ္တူဆို Gattuso ရဲ႕ ေနရာမွာ အစားထိုးခန္႔အပ္ဖို႔ ေအစီမီလန္အသင္းက စီစဥ္ေနခဲ့တာျဖစ္ေပမယ့္ ဂတ္တူဆို Gattuso ကို ၿပီးခဲ့တဲ့ ဧၿပီလကမွ ကာလရွည္ စာခ်ဳပ္သက္တမ္းတိုးျမွင့္ထားခဲ့တာျဖစ္ပါတယ္။

Conte-could-make-a-shock-return-to-management-with-Serie-A-giants-AC-Milan

Conte-could-make-a-shock-return-to-management-with-Serie-A-giants-AC-Milan

ေအစီမီလန္အသင္းက ကြန္တီ Conte ခန္႔အပ္ဖို႔ ဆႏၵရွိေနေပမယ့္ နည္းျပေတြအတြက္ အသံုးျပဳရမယ့္ ေငြေၾကးပမာဏမ်ားျပားေနတာက ျပႆနာတစ္ခုျဖစ္ေနခဲ့ပါတယ္။ နည္းျပသစ္ ဆာရီ Sarri ကို ခန္႔အပ္ဖို႔ သေဘာတူညီမႈ ရရွိၿပီးခဲ့တဲ့ေနာက္ပိုင္း ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ ေအဗရာမိုဗစ္ခ်္ Abramovich က ကြန္တီ Conte ကို ေလ်ာ္ေၾကးေငြ ေပါင္ (၉)သန္း ေပးေခ်ကာ အသင္းက ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။ နည္းျပ ကြန္တီ Conte ဟာ အီတလီေျမမွာ နည္းျပရာထူးကို တစ္ေက်ာ႔ျပန္ရယူသြားဖို႔ ဆႏၵရွိေနခဲ့ၿပီး ဇနီးျဖစ္သူနဲ႔ အားလပ္ရက္ခရီးကေနအျပန္မွာ ဘယ္အသင္းကို ကိုင္တြယ္သြားမယ္ဆိုတာ ဆံုးျဖတ္သြားမွာျဖစ္ပါတယ္။

REF:The Sun
Photo:calcioefinanza.it, The Telegraph
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အေစီမီလန်နည်းပြ ရာထူးကို လက်ခံသွားဖို့ရှိနေတဲ့ ကွန်တီ Conte

ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီ Conte အနေနဲ့ စီးရီးအေကလပ်အသင်းတစ်သင်းဖြစ်တဲ့ အေစီမီလန်အသင်းရဲ့ နည်းပြရာထူးကို လက်ခံသွားဖို့ရှိနေခဲ့ပါတယ်။ အသက် (၄၈)နှစ် အရွယ်ရှိ ကွန်တီ Conte အနေနဲ့ ချယ်လ်ဆီးအသင်းက ထုတ်ပယ်ခံခဲ့ရပြီး လပိုင်းနီးပါးအကြာမှာ အသင်းတစ်သင်းရဲ့ နည်းပြရာထူးကို ပြန်လည်လက်ခံသွားဖို့ စီစဉ်နေခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အေစီမီလန်အသင်းက တစ်နှစ်လုပ်ခ ပေါင် (၅.၅)သန်းနဲ့ ကွန်တီ Conte ကို ကမ်းလှမ်းသွားဖို့ စီစဉ်နေခဲ့တာဖြစ်ပါတယ်။ နည်းပြ ဂတ်တူဆို Gattuso ရဲ့ နေရာမှာ အစားထိုးခန့်အပ်ဖို့ အေစီမီလန်အသင်းက စီစဉ်နေခဲ့တာဖြစ်ပေမယ့် ဂတ်တူဆို Gattuso ကို ပြီးခဲ့တဲ့ ဧပြီလကမှ ကာလရှည် စာချုပ်သက်တမ်းတိုးမြှင့်ထားခဲ့တာဖြစ်ပါတယ်။

Conte-could-make-a-shock-return-to-management-with-Serie-A-giants-AC-Milan

Conte-could-make-a-shock-return-to-management-with-Serie-A-giants-AC-Milan

အေစီမီလန်အသင်းက ကွန်တီ Conte ခန့်အပ်ဖို့ ဆန္ဒရှိနေပေမယ့် နည်းပြတွေအတွက် အသုံးပြုရမယ့် ငွေကြေးပမာဏများပြားနေတာက ပြဿနာတစ်ခုဖြစ်နေခဲ့ပါတယ်။ နည်းပြသစ် ဆာရီ Sarri ကို ခန့်အပ်ဖို့ သဘောတူညီမှု ရရှိပြီးခဲ့တဲ့နောက်ပိုင်း ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ် Abramovich က ကွန်တီ Conte ကို လျော်ကြေးငွေ ပေါင် (၉)သန်း ပေးချေကာ အသင်းက ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ နည်းပြ ကွန်တီ Conte ဟာ အီတလီမြေမှာ နည်းပြရာထူးကို တစ်ကျော့ပြန်ရယူသွားဖို့ ဆန္ဒရှိနေခဲ့ပြီး ဇနီးဖြစ်သူနဲ့ အားလပ်ရက်ခရီးကနေအပြန်မှာ ဘယ်အသင်းကို ကိုင်တွယ်သွားမယ်ဆိုတာ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

REF:The Sun
Photo:calcioefinanza.it, The Telegraph
Aung Kyaw Wai (Akhayar)
www.akhayar.com