[Zawgyi]

ေဘာလုံးသမားဘ၀ကေန တတိယအႀကိမ္ေျမာက္ အနားယူခဲ့ျပန္တဲ့ ကာဆာႏုိ Antonio Cassano

အီတလီ၀ါရင့္ တိုက္စစ္ကစားသမား ကာဆာႏုိ Antonio Cassano ဟာ ေဘာလုံးေလာကထဲ ျပန္၀င္ၿပီး (၇)ရက္အၾကာမွာပဲ ေဘာလုံးသမားဘ၀ကေန ျပန္အနားယူဖုိ႔ ဆုံးျဖတ္လုိက္ပါၿပီ။ အသက္(၃၆)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ႐ုိးမား၊ ရီးယဲလ္၊ အင္တာမီလန္နဲ႔ ေအစီမီလန္ ကစားသမားေဟာင္း ကာဆာႏုိဟာ စီးရီး C ကလပ္ Virtus Entella အသင္းနဲ႔ စာခ်ပ္ခ်ဳပ္ဆုိခဲ့ၿပီး အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းခ့ဲေပမယ့္ (၇)ရက္အၾကာမွာပဲ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ေဘာလုံးသမားဘ၀က အနားယူခဲ့တာျဖစ္ပါတယ္။

Cassano

Cassano

ကာဆာႏုိက “ေဘာလုံးသမားဘ၀က အနားယူဖုိ႔ ဆုံးျဖတ္ခ်က္ ခ်ရမယ့္ရက္က ေရာက္ရွိလာပါၿပီ။ Virtus Entella အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းခဲ့တဲ့ ရက္ေတြမွာ သိလုိက္တာက ကၽြန္ေတာ္ဟာ ေန႔တိုင္း ေလ့်ကင့္ခန္း ပုံမွန္ဆင္းဖုိ႔အတြက္ စိတ္ထက္သန္မႈ မရွိေတာ့ဘူးဆုိတာပါ။ ေဘာလုံးကစားမယ္ဆုိရင္ အရည္အေသြး၊ စိတ္အားထက္သန္မႈေတြ လုိအပ္ၿပီး အခုအခ်ိန္မွာ ကၽြန္ေတာ့္အတြက္ တျခားဦးစားေပးရမယ့္ ကိစၥေတြ ရွိေနၿပီျဖစ္ပါတယ္” လုိ႔ ေျပာၾကားခဲ့တယ္။ ကာဆာႏုိဟာ ၂၀၁၇ ခုႏွစ္တုန္းက ဗီ႐ုိနာအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိၿပီး ရက္ပုိင္းအၾကာမွာပဲ ေဘာလုံးသမားဘ၀ကေန ပထမဆုံးအႀကိမ္ အနားယူခဲ့ပါတယ္။ ေနာက္ပုိင္းမွာ သူ႔ ဆုံးျဖတ္ခ်က္ကုိ ျပင္ဆင္ၿပီး ဗီ႐ုိနာမွာ ျပန္ကစားခဲ့သလုိ ရာသီႀကိဳေျခစမ္းပဲြ(၂)ပဲြ ကစားအၿပီးမွာ ေဘာလုံးသမားဘ၀က အနားယူၿပီလုိ႔ ဆုိခဲ့ျပန္ပါတယ္။ အခုလည္း Virtus Entella နဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိအၿပီး ရက္ပုိင္းအၾကာမွာပဲ ေဘာလုံးသမားဘ၀က အနားယူဖုိ႔ ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။ ကာဆာႏုိဟာ ကစားသမားဘ၀တစ္ေလွ်ာက္ စိတ္လုိက္မာန္ပါ လုပ္ရပ္ေတြေၾကာင့္ နာမည္ဆုိးနဲ႔ ေက်ာ္ၾကားခဲ့ၿပီး အခု သူ႔ဆုံးျဖတ္ခ်က္ တကယ္အတည္လား၊ ဒါမွမဟုတ္ ျပန္ေျပာင္းဦးမလားဆုိတာေတာ့ ေစာင့္ၾကည့္ရမွာပါ.။

REF:BBC
Photo:Gianluca Di Marzio,Firenews
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးသမားဘဝကနေ တတိယအကြိမ်မြောက် အနားယူခဲ့ပြန်တဲ့ ကာဆာနို Antonio Cassano

အီတလီဝါရင့် တိုက်စစ်ကစားသမား ကာဆာနို Antonio Cassano ဟာ ဘောလုံးလောကထဲ ပြန်ဝင်ပြီး (၇)ရက်အကြာမှာပဲ ဘောလုံးသမားဘဝကနေ ပြန်အနားယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုးမား၊ ရီးယဲလ်၊ အင်တာမီလန်နဲ့ အေစီမီလန် ကစားသမားဟောင်း ကာဆာနိုဟာ စီးရီး C ကလပ် Virtus Entella အသင်းနဲ့ စာချပ်ချုပ်ဆိုခဲ့ပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပေမယ့် (၇)ရက်အကြာမှာပဲ အံ့အားသင့်စရာကောင်းလောက်အောင် ဘောလုံးသမားဘဝက အနားယူခဲ့တာဖြစ်ပါတယ်။

Cassano

Cassano

ကာဆာနိုက “ဘောလုံးသမားဘဝက အနားယူဖို့ ဆုံးဖြတ်ချက် ချရမယ့်ရက်က ရောက်ရှိလာပါပြီ။ Virtus Entella အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့တဲ့ ရက်တွေမှာ သိလိုက်တာက ကျွန်တော်ဟာ နေ့တိုင်း လေ့ျကင့်ခန်း ပုံမှန်ဆင်းဖို့အတွက် စိတ်ထက်သန်မှု မရှိတော့ဘူးဆိုတာပါ။ ဘောလုံးကစားမယ်ဆိုရင် အရည်အသွေး၊ စိတ်အားထက်သန်မှုတွေ လိုအပ်ပြီး အခုအချိန်မှာ ကျွန်တော့်အတွက် တခြားဦးစားပေးရမယ့် ကိစ္စတွေ ရှိနေပြီဖြစ်ပါတယ်” လို့ ပြောကြားခဲ့တယ်။ ကာဆာနိုဟာ ၂၀၁၇ ခုနှစ်တုန်းက ဗီရိုနာအသင်းနဲ့ စာချုပ်ချုပ်ဆိုပြီး ရက်ပိုင်းအကြာမှာပဲ ဘောလုံးသမားဘဝကနေ ပထမဆုံးအကြိမ် အနားယူခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး ဗီရိုနာမှာ ပြန်ကစားခဲ့သလို ရာသီကြိုခြေစမ်းပွဲ(၂)ပွဲ ကစားအပြီးမှာ ဘောလုံးသမားဘဝက အနားယူပြီလို့ ဆိုခဲ့ပြန်ပါတယ်။ အခုလည်း Virtus Entella နဲ့ စာချုပ်ချုပ်ဆိုအပြီး ရက်ပိုင်းအကြာမှာပဲ ဘောလုံးသမားဘဝက အနားယူဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ကာဆာနိုဟာ ကစားသမားဘဝတစ်လျှောက် စိတ်လိုက်မာန်ပါ လုပ်ရပ်တွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပြီး အခု သူ့ဆုံးဖြတ်ချက် တကယ်အတည်လား၊ ဒါမှမဟုတ် ပြန်ပြောင်းဦးမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ.။

REF:BBC
Photo:Gianluca Di Marzio,Firenews
Naing Linn(Akhayar)
www.akhayar.com