[Zawgyi]



Martial

Martial


Ref: The Sun
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အသင်းမှာဆက်နေပြီး ပုံမှန်နေရာအတွက် တိုက်ပွဲဝင်သွားမယ့် မာစီယဲလ် Martial

မန်ယူအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား မာစီယဲလ် Martial ဟာအသင်းမှာဆက်နေပြီး ပုံမှန်နေရာအတွက် တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားကြောင်း သတင်းတွေကဖော်ပြနေကြပါတယ်။ မာစီယဲလ် Martial ဟာ နည်းပြမော်ရင်ဟို Mourinho နဲ့ ဆက်ဆံရေးမပြေလည်မှုတွေရှိနေသူပဲဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း မာစီယဲလ် Martial ဟာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရသူပါ။

Martial

Martial

မာစီယဲလ် Martial ဟာ ဘောလုံးရာသီမစတင်ခင်က မန်ယူအသင်းကနေထွက်ခွာလိုခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့တာပဲဖြစ်ပါတယ်။.မန်ယူအသင်းနည်းပြဟောင်း ဗန်ဟားလ် Van Gaal ဟာ ၂၀၁၅ ခုနှစ်က မာစီယဲလ် Martial ကိုခေါ်ယူခဲ့တာဖြစ်ပြီး ဗန်ဟားလ် Van Gaal လက်ထက်မှာ မာစီယဲလ် Martial ဟာခြေစွမ်းပြသနိုင်ခဲ့ပေမယ့် မော်ရင်ဟို Mourinho လက်ထက်မှာတော့ ခြေစွမ်းပြဖို့ရုန်းကန်နေရသူပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မာစီယဲလ် Martial နဲ့ ပတ်သက်တဲ့ သတင်းတွေဟာ မျိုးစုံထွက်ပေါ်နေတာကြောင့် မာစီယဲလ် Martial ရဲ့အနာဂတ်ကိုတော့ အပြောင်းအရွှေ့ပိတ်သိမ်းတဲ့ အချိန်ထိစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Ref: The Sun
Photo: The Independent , Gist Junction
Ko Kyue(Akhayar)
www.akhayar.com