[Zawgyi]

မန္ယူအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ရိွေနတဲ႔ မာစီယဲလ္ Martial

မန္ယူအသင္းရဲ႕ေတာင္ပံတိုက္စစ္ကစားသမား မာစီယဲလ္ Martial ဟာအသင္းနဲ႔(၅)ႏွစ္ စာခ်ဳပ္သက္တမ္းတိုးဖို႔ရိွေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ မန္ယူအသင္းနည္းျပ ေမာ္ရင္ဟို Mourinho ဟာ ဖိအားေတြမ်ားေနျပီး အသင္းကေနထုတ္ပယ္ခံရဖို႔မ်ားေနတာေၾကာင္႔ ေမာ္ရင္ဟို Mourinho နဲ႔ အဆင္မေျပျဖစ္ေနတဲ႔ မာစီယဲလ္ Martial ရဲ႕စာခ်ဳပ္သစ္သတင္းဟာ ထြက္ေပၚလာခဲ႔တာပါ။ မာစီယဲလ္ Martial ကို ေအစီမီလန္နဲ႔အက္သလက္တီကို အသင္းေတြက ကမ္းလွမ္းခဲ႔ၾကေပမယ္႔ မန္ယူအသင္းဘက္က ျငင္းဆန္ထားျပီး မန္ယူအသင္းရဲ႕ ဒုအမႈေဆာင္ခ်ဳပ္ အက္ဒ္၀ုဒ္၀ပ္ Ed Woodward ဟာ မာစီယဲလ္ Martial ရဲ႕တန္ေၾကးနဲ႔ေျခစြမ္းဟာ တိုးတက္ဖို႔အလားအလာရိွတယ္လို႔ ယူဆထားသူျဖစ္တာေၾကာင္႔ မာစီယဲလ္ Martial ကို အသင္းမွာပဲဆက္ရိွေစခ်င္ေနတာပါ။

Martial

Martial

မာစီယဲလ္ Martial ကိုယ္တိုင္ကလည္း အသင္းမွာဆက္ေနျပီး ပံုမွန္ေနရာအတြက္ တိုက္ပြဲ၀င္သြားဖို႔ ဆံုးျဖတ္ထားတယ္လို႔ ဖြင္႔ဟထားတာေၾကာင္႔ မာစီယဲလ္ Martial ရဲ႕အနာဂတ္ကို မန္ယူအသင္းမွာပဲျမင္ေတြ႕ရဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။ အသက္(၂၂)ႏွစ္အရြယ္ရိွျပီျဖစ္သူ မာစီယဲလ္ Martial ဟာ လက္ရိွအခ်ိန္ထိ မန္ယူအသင္းအတြက္ ပြဲေပါင္း(၁၃၇)ပြဲကစားထားျပီး(၃၆)ဂိုးသြင္းယူထားပါတယ္။

Ref: Daily Mail
Photo: NaijaLi , Squawka Football
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ရှိနေတဲ့ မာစီယဲလ် Martial

မန်ယူအသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား မာစီယဲလ် Martial ဟာအသင်းနဲ့(၅)နှစ် စာချုပ်သက်တမ်းတိုးဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ဟာ ဖိအားတွေများနေပြီး အသင်းကနေထုတ်ပယ်ခံရဖို့များနေတာကြောင့် မော်ရင်ဟို Mourinho နဲ့ အဆင်မပြေဖြစ်နေတဲ့ မာစီယဲလ် Martial ရဲ့စာချုပ်သစ်သတင်းဟာ ထွက်ပေါ်လာခဲ့တာပါ။ မာစီယဲလ် Martial ကို အေစီမီလန်နဲ့အက်သလက်တီကို အသင်းတွေက ကမ်းလှမ်းခဲ့ကြပေမယ့် မန်ယူအသင်းဘက်က ငြင်းဆန်ထားပြီး မန်ယူအသင်းရဲ့ ဒုအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝပ် Ed Woodward ဟာ မာစီယဲလ် Martial ရဲ့တန်ကြေးနဲ့ခြေစွမ်းဟာ တိုးတက်ဖို့အလားအလာရှိတယ်လို့ ယူဆထားသူဖြစ်တာကြောင့် မာစီယဲလ် Martial ကို အသင်းမှာပဲဆက်ရှိစေချင်နေတာပါ။

Martial

Martial

မာစီယဲလ် Martial ကိုယ်တိုင်ကလည်း အသင်းမှာဆက်နေပြီး ပုံမှန်နေရာအတွက် တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဖွင့်ဟထားတာကြောင့် မာစီယဲလ် Martial ရဲ့အနာဂတ်ကို မန်ယူအသင်းမှာပဲမြင်တွေ့ရဖို့ ရာခိုင်နှုန်းများနေပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိပြီဖြစ်သူ မာစီယဲလ် Martial ဟာ လက်ရှိအချိန်ထိ မန်ယူအသင်းအတွက် ပွဲပေါင်း(၁၃၇)ပွဲကစားထားပြီး(၃၆)ဂိုးသွင်းယူထားပါတယ်။

Ref: Daily Mail
Photo: NaijaLi , Squawka Football
Ko Kyue(Akhayar)
www.akhayar.com