[Zawgyi]

(၂)ပတ္လုပ္ခလစာနဲ႔ ညီမွ်တဲ့ ဒဏ္ေငြေပးေဆာင္ရဖို႔ရွိေနတဲ့ မာစီယဲလ္ Martial

ခြင့္ရက္ ေက်ာ္လြန္လာခ်ိန္အထိ အသင္းကို ျပန္လည္ေရာက္ရွိလာျခင္းမရွိတဲ့ မန္ယူတိုက္စစ္ကစားသမား မာစီယဲလ္ Martial ဟာ (၂)ပတ္လုပ္ခလစာနဲ႔ ညီမွ်တဲ့ ဒဏ္ေငြတစ္ရပ္ ေပးေဆာင္သြားရဖို႔ရွိေနပါတယ္။ ရာသီသစ္မစခင္ အေမရိကန္ႏိုင္ငံ၊ ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕မွာ စခန္းသြင္းေလ့က်င့္မႈေတြ ျပဳလုပ္ေနတဲ့ မန္ယူအသင္းကေန ေရွာင္တခင္ခြင့္နဲ႔ ထြက္ခြာခဲ့တဲ့ မာစီယဲလ္ Martial ဟာ သတ္မွတ္ရက္ ေက်ာ္လြန္လာခ်ိန္ထိ ျပန္လည္ေရာက္ရွိလာျခင္းမရွိေသးတာျဖစ္ပါတယ္။ မာစီယဲလ္ Martial ရဲ႕ စည္းကမ္းပ်က္ကြက္မႈအေပၚ နည္းျပ ေမာ္ရင္ဟို Mourinho အပါအဝင္ အသင္းတာဝန္ရွိသူေတြက ေဒါသထြက္ေနၿပီး ဒဏ္ေငြအေနနဲ႔ (၂)ပတ္လုပ္ခလစာနဲ႔ ညီမွ်တဲ့ ေပါင္ (၁၈၀,၀၀၀) ေပးေဆာင္ေစဖို႔ စီစဥ္ေနခဲ့တာပါ။ မာစီယဲလ္ Martial ရဲ႕ အတူေနခ်စ္သူ ရင္ေသြးေမြးဖြားခဲ့တဲ့အတြက္ အသင္းက ေရွာင္တခင္ခြင့္ေပးကာ ပါရီၿမိဳ႕ကို ျပန္ဖို႔ ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

Anthony-Martial-left-Manchester-Uniteds-tour-of-the-US-for-birth-of-his-baby-boy

Anthony-Martial-left-Manchester-Uniteds-tour-of-the-US-for-birth-of-his-baby-boy

နည္းျပ ေမာ္ရင္ဟို Mourinho က မာစီယဲလ္ Martial ကို ေနာက္ဆံုးသတိေပးတဲ့အေနနဲ႔ ဒီေန႔(ဗုဒၶဟူးေန႔)မွာ မိုင္ယာမီၿမိဳ႕ကို အေစာဆံုးဆိုက္ေရာက္မယ့္ ေလယာဥ္နဲ႔ ျပန္လည္လိုက္ပါလာဖို႔ အေၾကာင္းၾကားခဲ့ပါတယ္။ တကယ္လို႔ မာစီယဲလ္ Martial သာ လာေရာက္ပူးေပါင္းခဲ့ျခင္းမရွိရင္ ဒဏ္ေငြျပစ္ဒဏ္ခ်မွတ္သြားဖို႔ ဆံုးျဖတ္ထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။ အခုအေျခအေနက အသင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနၿပီး အနာဂတ္မတည္မၿငိမ္ျဖစ္ေနတဲ့ မာစီယဲလ္ Martial နဲ႔ မန္ယူအသင္းတို႔ရဲ႕ လမ္းခြဲျဖစ္လာဖို႔ရွိေၾကာင္း သတင္းေတြ ထြက္ေပၚေနခဲ့ပါတယ္။ မာစီယဲလ္ Martial အေနနဲ႔ အသင္းက ထြက္ခြာဖို႔ ဆႏၵရွိေနၿပီး နည္းျပေမာ္ရင္ဟို Mourinho ကလည္း အေျပာင္းအေရႊ႕ပိတ္မယ့္ ၾသဂုတ္ (၉)ရက္ေန႔မတိုင္ခင္ ေရာင္းထုတ္သြားဖို႔ စီစဥ္ေနခဲ့ပါတယ္။ အသက္ (၂၂)ႏွစ္အရြယ္ရွိ မာစီယဲလ္ Martial နဲ႔ အတူေနခ်စ္သူ မီလာေနး Melanie တို႔ရဲ႕ ခ်စ္သူသက္တမ္းကာလအတြင္း ဒုတိယေျမာက္ ရရွိခဲ့တဲ့ ရင္ေသြးလည္း ျဖစ္ပါတယ္။

REF:Daily Mail
Photo:Eurosport, Daily Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

(၂)ပတ်လုပ်ခလစာနဲ့ ညီမျှတဲ့ ဒဏ်ငွေပေးဆောင်ရဖို့ရှိနေတဲ့ မာစီယဲလ် Martial

ခွင့်ရက် ကျော်လွန်လာချိန်အထိ အသင်းကို ပြန်လည်ရောက်ရှိလာခြင်းမရှိတဲ့ မန်ယူတိုက်စစ်ကစားသမား မာစီယဲလ် Martial ဟာ (၂)ပတ်လုပ်ခလစာနဲ့ ညီမျှတဲ့ ဒဏ်ငွေတစ်ရပ် ပေးဆောင်သွားရဖို့ရှိနေပါတယ်။ ရာသီသစ်မစခင် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ မန်ယူအသင်းကနေ ရှောင်တခင်ခွင့်နဲ့ ထွက်ခွာခဲ့တဲ့ မာစီယဲလ် Martial ဟာ သတ်မှတ်ရက် ကျော်လွန်လာချိန်ထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသေးတာဖြစ်ပါတယ်။ မာစီယဲလ် Martial ရဲ့ စည်းကမ်းပျက်ကွက်မှုအပေါ် နည်းပြ မော်ရင်ဟို Mourinho အပါအဝင် အသင်းတာဝန်ရှိသူတွေက ဒေါသထွက်နေပြီး ဒဏ်ငွေအနေနဲ့ (၂)ပတ်လုပ်ခလစာနဲ့ ညီမျှတဲ့ ပေါင် (၁၈၀,၀၀၀) ပေးဆောင်စေဖို့ စီစဉ်နေခဲ့တာပါ။ မာစီယဲလ် Martial ရဲ့ အတူနေချစ်သူ ရင်သွေးမွေးဖွားခဲ့တဲ့အတွက် အသင်းက ရှောင်တခင်ခွင့်ပေးကာ ပါရီမြို့ကို ပြန်ဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Anthony-Martial-left-Manchester-Uniteds-tour-of-the-US-for-birth-of-his-baby-boy

Anthony-Martial-left-Manchester-Uniteds-tour-of-the-US-for-birth-of-his-baby-boy

နည်းပြ မော်ရင်ဟို Mourinho က မာစီယဲလ် Martial ကို နောက်ဆုံးသတိပေးတဲ့အနေနဲ့ ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ မိုင်ယာမီမြို့ကို အစောဆုံးဆိုက်ရောက်မယ့် လေယာဉ်နဲ့ ပြန်လည်လိုက်ပါလာဖို့ အကြောင်းကြားခဲ့ပါတယ်။ တကယ်လို့ မာစီယဲလ် Martial သာ လာရောက်ပူးပေါင်းခဲ့ခြင်းမရှိရင် ဒဏ်ငွေပြစ်ဒဏ်ချမှတ်သွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ အခုအခြေအနေက အသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ မာစီယဲလ် Martial နဲ့ မန်ယူအသင်းတို့ရဲ့ လမ်းခွဲဖြစ်လာဖို့ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ မာစီယဲလ် Martial အနေနဲ့ အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေပြီး နည်းပြမော်ရင်ဟို Mourinho ကလည်း အပြောင်းအရွှေ့ပိတ်မယ့် သြဂုတ် (၉)ရက်နေ့မတိုင်ခင် ရောင်းထုတ်သွားဖို့ စီစဉ်နေခဲ့ပါတယ်။ အသက် (၂၂)နှစ်အရွယ်ရှိ မာစီယဲလ် Martial နဲ့ အတူနေချစ်သူ မီလာနေး Melanie တို့ရဲ့ ချစ်သူသက်တမ်းကာလအတွင်း ဒုတိယမြောက် ရရှိခဲ့တဲ့ ရင်သွေးလည်း ဖြစ်ပါတယ်။

REF:Daily Mail
Photo:Eurosport, Daily Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com