[Zawgyi]

ဒီေမးခြန္းေတြကို ေျဖၾကည့္ၿပီးမွ အိမ္ေထာင္ျပဳၾကပါ

မိန္းကေလးေတြအေနနဲ႔ လက္မထပ္ခင္ ကိုယ့္ကိုယ္ကိုယ္ အေသအခ်ာေမးၿပီး အခ်ိန္ယူေျဖရွင္းရမယ့္ ေမးခြန္းေလးေတြ အနည္းငယ္ရွိပါတယ္။ ဒီေမးခြန္းေတြကို တစ္၀က္ထက္ေက်ာ္ၿပီး Yes လို႔ ေျဖႏိုင္မယ္ဆိုရင္ေတာ့ မၾကာခင္ လက္ထပ္ယူဖို႔ ေမွ်ာ္မွန္းထားတဲ့သူကို လက္ထပ္ယူဖို႔ ဆံုးျဖတ္ႏိုင္ေပမယ့္ ဒီေမးခြန္းေတြရဲ႕ အေျဖအမ်ားစုက No ျဖစ္ေနမယ္ဆိုရင္ေတာ့ သင္တို႔ အိမ္ေထာင္ျပဳဖို႔ အစီအစဥ္ကို ေနာက္ဆုတ္ထားသင့္ပါေသးတယ္။

မိသားစုနဲ႔ အတုိင္းအတာတစ္ခုအထိ ခြဲႏုိင္ဖို႔ သတၱိရွိၿပီလား

တခ်ိဳ႕ေတြက အရြယ္ေတြသာႀကီးလာတယ္။ အေဖအေမမွ အေဖအေမျဖစ္ၿပီး မိသားစုနဲ႔ လံုး၀မခြဲႏိုင္တဲ့သူေတြလည္း ရွိပါတယ္။ မိန္းကေလးျဖစ္ျဖစ္၊ ေယာက္်ားေလးျဖစ္ျဖစ္ပါ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးပါ။ ကိုယ့္ဘ၀ထဲက တစ္စိတ္တစ္ပိုင္းထြက္သြားမယ့္ မိသားစုကို စြန္႔လႊတ္ေပးႏိုင္ၿပီး မိသားစုအသစ္ကို ႀကိဳဆိုႏိုင္မွာလား။

အတၱကိုေလွ်ာ့ခ်ဖို႔ အဆင္သင့္ျဖစ္ေနၿပီလား

တစ္ေယာက္ကေန ႏွစ္ေယာက္ျဖစ္လာတဲ့အခါ အတၱေတြကို ေလွ်ာ့ခ်ရပါေတာ့မယ္။ အဲဒီ့အခါ ဒီလို အတၱေတြကို ေလွ်ာ့ခ်ၿပီး ႏွစ္ေယာက္ ေ၀မွ်ခံစားႏုိင္တာ ေသခ်ာဖို႔လည္း အေရးႀကီးပါတယ္။ ဒီလိုမွပဲ သာယာေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘ၀ေလးကို ပိုင္ဆိုင္ႏုိင္မွာပါ။ အတၱေတြကို တကယ္ေလွ်ာ့ခ်ႏုိင္ရဲ႕လား။

သူငယ္ခ်င္းေတြနဲ႔ ေန႔တိုင္းမေတြ႕ရဘဲ ေနႏုိင္ၿပီလား

အိမ္ေထာင္ျပဳၿပီးသြားၿပီဆိုရင္ေတာ့ အရင္လို သူငယ္ခ်င္းေတြနဲ႔ ေဟးလား၀ါးလား တစ္ခ်ိန္လံုး လုပ္ေနလို႔မရေတာ့ပါဘူး။ ဘရိတ္ေလးေတြဆြဲရတဲ့အခါမ်ိဳးေတြလည္း ရွိပါတယ္။ သူငယ္ခ်င္းေတြနဲ႔ပဲ အၿမဲတစ္ပူးတတြဲတြဲလုပ္ေနရင္ေတာ့ ကိုယ့္ရဲ႕ လက္တြဲေဖာ္ရဲ႕ ၿငိဳျငင္မႈေတြ ခံရေတာ့မွာပါ။ တကယ္ကိုပဲ သူငယ္ခ်င္းေတြနဲ႔ ပတ္သက္လာရင္ ဘရိတ္ဆြဲႏုိင္ၿပီလား။

ႏွစ္ေယာက္သား မွ်ေ၀ခံစားႏုိင္ၿပီလား

တစ္အိမ္ကို ႏွစ္ေယာက္ခြဲသံုးရမယ္။ ေရခ်ိဳးခန္း၊ အိမ္သာကစလို႔ အိပ္ရာအထိပဲ ဆိုပါေတာ့။ ဒီေတာ့ အရာရာကို ႏွစ္ေယာက္မွ်သံုးဖို႔ ေအးေဆးပဲျဖစ္ေနၿပီလား။ မိသားစုနဲ႔ အတူတူေနတဲ့သူေတြကေတာ့ ကိစၥသိပ္မရွိေပမယ့္ တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ေနတဲ့သူေတြအတြက္ေတာ့ မွ်သံုးရတာဟာ ေတာ္ေတာ္ ဒုကၡေရာက္မွာပါ။ အဲဒီ့အတြက္ေၾကာင့္ ဒီေမးခြန္းဟာလည္း အေရးႀကီးပါတယ္။

အိမ္ေထာင္မႈေတြကို လုပ္ႏုိင္ၿပီလား

အိမ္ေထာင္က်ၿပီဆိုရင္ အိမ္ေထာင္မႈေတြကိုလုပ္ရမွာ မိန္းကေလးေရာ၊ ေယာက္်ားေလးေရာပါပဲေနာ္။ ဒီေတာ့ မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာက္်ားေလးပဲျဖစ္ျဖစ္ အိမ္ေထာင္မႈဆိုင္ရာ ကေလးထိန္းရမွာေတြ၊ အိမ္သန္႔ရွင္းေရးလုပ္ရမွာေတြကို လုပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလားဆိုတာကို ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးရပါလိမ့္မယ္ေနာ္။

အိမ္ေထာင္ျပဳရတယ္ဆိုတာ မလြယ္ပါဘူး။ မျမင္ရတဲ့ အခက္အခဲေတြ၊ အေတြ႕အႀကံဳသစ္ေတြ အမ်ားႀကီး ေရာက္လာမွာဆိုေတာ့ ႀကိဳတင္ျပင္ဆင္ထားမွပဲ ေတာ္ကာက်ပါလိမ့္မယ္။ ဒီေမးခြန္းေလးေတြကို ညက်ရင္ နဖူးေပၚလက္တင္ၿပီး ေသခ်ာစဥ္းစားၿပီးမွ Yes ေတြမ်ားလာရင္ေတာ့ သင္ အိမ္ေထာင္တစ္ခု ေဆာက္တည္ဖို႔ လြယ္ကူပါလိမ့္မယ္။ ဒီလိုမွ မဟုတ္ဘူး No ေတြမ်ားေနတယ္ဆိုရင္ေတာ့ ျပန္စဥ္းစားသင့္ေနပါၿပီေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ဒီမေးခွန်းတွေကို ဖြေကြည့်ပြီးမှ အိမ်ထောင်ပြုကြပါ

မိန်းကလေးတွေအနေနဲ့ လက်မထပ်ခင် ကိုယ့်ကိုယ်ကိုယ် အသေအချာမေးပြီး အချိန်ယူဖြေရှင်းရမယ့် မေးခွန်းလေးတွေ အနည်းငယ်ရှိပါတယ်။ ဒီမေးခွန်းတွေကို တစ်ဝက်ထက်ကျော်ပြီး Yes လို့ ဖြေနိုင်မယ်ဆိုရင်တော့ မကြာခင် လက်ထပ်ယူဖို့ မျှော်မှန်းထားတဲ့သူကို လက်ထပ်ယူဖို့ ဆုံးဖြတ်နိုင်ပေမယ့် ဒီမေးခွန်းတွေရဲ့ အဖြေအများစုက No ဖြစ်နေမယ်ဆိုရင်တော့ သင်တို့ အိမ်ထောင်ပြုဖို့ အစီအစဉ်ကို နောက်ဆုတ်ထားသင့်ပါသေးတယ်။

မိသားစုနဲ့ အတိုင်းအတာတစ်ခုအထိ ခွဲနိုင်ဖို့ သတ္တိရှိပြီလား

တချို့တွေက အရွယ်တွေသာကြီးလာတယ်။ အဖေအမေမှ အဖေအမေဖြစ်ပြီး မိသားစုနဲ့ လုံးဝမခွဲနိုင်တဲ့သူတွေလည်း ရှိပါတယ်။ မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေးဖြစ်ဖြစ်ပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ကိုယ့်ဘဝထဲက တစ်စိတ်တစ်ပိုင်းထွက်သွားမယ့် မိသားစုကို စွန့်လွှတ်ပေးနိုင်ပြီး မိသားစုအသစ်ကို ကြိုဆိုနိုင်မှာလား။

အတ္တကိုလျှော့ချဖို့ အဆင်သင့်ဖြစ်နေပြီလား

တစ်ယောက်ကနေ နှစ်ယောက်ဖြစ်လာတဲ့အခါ အတ္တတွေကို လျှော့ချရပါတော့မယ်။ အဲဒီ့အခါ ဒီလို အတ္တတွေကို လျှော့ချပြီး နှစ်ယောက် ဝေမျှခံစားနိုင်တာ သေချာဖို့လည်း အရေးကြီးပါတယ်။ ဒီလိုမှပဲ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါ။ အတ္တတွေကို တကယ်လျှော့ချနိုင်ရဲ့လား။

သူငယ်ချင်းတွေနဲ့ နေ့တိုင်းမတွေ့ရဘဲ နေနိုင်ပြီလား

အိမ်ထောင်ပြုပြီးသွားပြီဆိုရင်တော့ အရင်လို သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား တစ်ချိန်လုံး လုပ်နေလို့မရတော့ပါဘူး။ ဘရိတ်လေးတွေဆွဲရတဲ့အခါမျိုးတွေလည်း ရှိပါတယ်။ သူငယ်ချင်းတွေနဲ့ပဲ အမြဲတစ်ပူးတတွဲတွဲလုပ်နေရင်တော့ ကိုယ့်ရဲ့ လက်တွဲဖော်ရဲ့ ငြိုငြင်မှုတွေ ခံရတော့မှာပါ။ တကယ်ကိုပဲ သူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် ဘရိတ်ဆွဲနိုင်ပြီလား။

နှစ်ယောက်သား မျှဝေခံစားနိုင်ပြီလား

တစ်အိမ်ကို နှစ်ယောက်ခွဲသုံးရမယ်။ ရေချိုးခန်း၊ အိမ်သာကစလို့ အိပ်ရာအထိပဲ ဆိုပါတော့။ ဒီတော့ အရာရာကို နှစ်ယောက်မျှသုံးဖို့ အေးဆေးပဲဖြစ်နေပြီလား။ မိသားစုနဲ့ အတူတူနေတဲ့သူတွေကတော့ ကိစ္စသိပ်မရှိပေမယ့် တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေတဲ့သူတွေအတွက်တော့ မျှသုံးရတာဟာ တော်တော် ဒုက္ခရောက်မှာပါ။ အဲဒီ့အတွက်ကြောင့် ဒီမေးခွန်းဟာလည်း အရေးကြီးပါတယ်။

အိမ်ထောင်မှုတွေကို လုပ်နိုင်ပြီလား

အိမ်ထောင်ကျပြီဆိုရင် အိမ်ထောင်မှုတွေကိုလုပ်ရမှာ မိန်းကလေးရော၊ ယောက်ျားလေးရောပါပဲနော်။ ဒီတော့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် အိမ်ထောင်မှုဆိုင်ရာ ကလေးထိန်းရမှာတွေ၊ အိမ်သန့်ရှင်းရေးလုပ်ရမှာတွေကို လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးရပါလိမ့်မယ်နော်။

အိမ်ထောင်ပြုရတယ်ဆိုတာ မလွယ်ပါဘူး။ မမြင်ရတဲ့ အခက်အခဲတွေ၊ အတွေ့အကြုံသစ်တွေ အများကြီး ရောက်လာမှာဆိုတော့ ကြိုတင်ပြင်ဆင်ထားမှပဲ တော်ကာကျပါလိမ့်မယ်။ ဒီမေးခွန်းလေးတွေကို ညကျရင် နဖူးပေါ်လက်တင်ပြီး သေချာစဉ်းစားပြီးမှ Yes တွေများလာရင်တော့ သင် အိမ်ထောင်တစ်ခု ဆောက်တည်ဖို့ လွယ်ကူပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘူး No တွေများနေတယ်ဆိုရင်တော့ ပြန်စဉ်းစားသင့်နေပါပြီနော်။

Moethaesay (Akhayar)

www.akhayar.com