[Zawgyi]

ေအာင္လအန္ဆန္၊ ေဖေဖာ္၀ါရီ (၂၃)၊ မေမ့ႏုိင္စရာ ေသာၾကာညျဖစ္ပါေစ

ကၽြန္ေတာ္တို႔ ျမန္မာေတြဟာ မ်ဳိးခ်စ္စိတ္ျပင္းထန္သူေတြဆိုၿပီးေက်ာ္ၾကားပါတယ္။ ဒီအေျခခံမ်ဳိးခ်စ္စိတ္ဟာ ႏုိင္ငံသားေတြရဲ႕ ေသြးထဲအားေကာင္းေမာင္းသန္လည္ပတ္စီးဆင္းေနၿပီး အားကစားၿပိဳင္ပြဲေတြမွာ ကုိယ့္လူမ်ဳိး၊ ကုိယ့္အသင္းကို အႏုိင္ရေစလုိတဲ့စိတ္ထားနဲ႔ အူလိႈက္သည္းလိႈက္အားေပးတတ္တာ သဘာ၀ပါပဲ။ ႐ႈံးနိမ့္ခ်ိန္မွာ က႐ုဏာေဒါသနဲ႔ ျပစ္တင္တတ္ေပမယ့္ တကယ္တမ္းၿပိဳင္ပြဲကာလေရာက္ရင္ အားေပးၿမဲအားေပးဆဲ၊ ခ်စ္ခင္ၿမဲခ်စ္ခင္ဆဲပါပဲ။ ေခတ္အဆက္ဆက္ျမန္မာေဘာလံုးအသင္းကို ျမန္မာလူထုဟာ ေမွ်ာ္လင့္ျခင္းႀကီးစြာအားေပးတာက သက္ေသလို႔ဆုိရမယ္။ အခုအခ်ိန္မွာ ျမန္မာပရိသတ္ေတြဆီ အားကစားနည္းနဲ႔အတူ ေပ်ာ္ရႊင္မႈေတြ ေဆာင္ယူလာေပးေနသူတစ္ဦးရွိပါတယ္။ သူက ဘက္စံုသံုးကုိယ္ခံပညာရွင္ (MMA Fighter) ေအာင္လအန္ဆန္ပါပဲ။

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္၊ ဇြန္လဟာ ျမန္မာပရိသတ္ေတြအတြက္ မေမ့ႏုိင္စရာေန႔တစ္ေန႔ပဲ။ ေအာင္လအန္ဆန္က ႐ႈံးပြဲမရွိမစ္ဒယ္၀ိတ္တန္းခ်န္ပီယံ ဗစ္တာလီဘစ္ဒက္ရွ္ကို အႏုိင္ယူၿပီး ခ်န္ပီယံဆုကို သိမ္းပိုက္ႏုိင္ခဲ့ပါတယ္။ MMA သမုိင္းမွာ ခ်န္ပီယံျဖစ္လာတဲ့ ပထမဆံုးျမန္မာႏုိင္ငံသားအျဖစ္ ေအာင္လအန္ဆန္ မွတ္တမ္း၀င္ခဲ့ပါတယ္။  ေအာင္လအန္ဆန္ရဲ႕ အိပ္မက္ေတြဟာ ရပ္တန္႔မေနဘူး။ လာမယ့္ေဖေဖာ္၀ါရီလ (၂၃)ရက္၊ ေသာၾကာေန႔မွာ ဟဲဗီး၀ိတ္တန္းခ်န္ပီယံဆုအတြက္ ဘရာဇီးလ္သား ဂ်ီဂ်စ္ဆုပညာရွင္ မာခ်ာဒို(Machado)နဲ႔ ရင္ဆုိင္ေတြ႕ပါမယ္။ မာခ်ာဒုိဟာ အသက္ (၅)ႏွစ္အရြယ္ကစလို႔ ဂ်ီဂ်စ္ဆုကို ကစားခဲ့ၿပီး ဘရာဇီးလ္ဂ်ီဂ်စ္ဆု ခါးပတ္အနက္ပိုင္ရွင္ပါပဲ။ Pan-American ဂ်ီဂ်စ္ဆုခ်န္ပီယံရစ္ၿပိဳင္ပြဲေတြမွာ ဆုတံဆိပ္မ်ားစြာရယူလာခဲ့ၿပီး ၂၀၀၇ ခုႏွစ္မွာ MMA ေလာကဆီကူးေျပာင္းလာခဲ့ပါတယ္။ MMA ၿပိဳင္ကြင္းထဲမွာ သူ႕ရဲ႕ ႀကံ့ခုိင္မႈနဲ႔ သန္စြမ္းမႈကို အေကာင္းဆံုးသက္ေသျပထားႏုိင္ၿပီး (၈)ပြဲႏုိင္၊ (၂)ပြဲ႐ႈံးရလဒ္ကို ပိုင္ဆုိင္ထားပါတယ္။

ေအာင္လအန္ဆန္ ေအာင္ပြဲရဦးမွာလား

ေအာင္လအန္ဆန္ ေအာင္ပြဲရဦးမွာလား

ေအာင္လအန္ဆန္က ဒီပြဲအတြက္ အေကာင္းဆံုးျပင္ဆင္ထားတယ္လို႔ ေျပာၾကားထားၿပီး ျမန္မာပရိသတ္ေတြ အတြက္ ဂုဏ္ယူစရာေပ်ာ္ရႊင္မႈကို ဖန္ဆင္းေပးဦးမလားဆုိတာ ရင္ခုန္စြာေစာင့္ေမွ်ာ္ရမယ္။ ေအာင္လအန္ဆန္ ၿပီးရင္ ျမန္မာပရိသတ္ေတြသေဘာအက်ဆံုး MMA ကစားသမားဖိုးေသာ္က ကေမၻာဒီးယားက Sor Sey နဲ႔ ဖယ္လ္သာ၀ိတ္တန္းခ်န္ပီယံလုပြဲကို ဆင္ႏႊဲသြားပါမယ္။ လက္ေ၀ွ႕ကေန MMA ကုိစတင္ကူးေျပာင္းခ်ိန္ကစလို႔ ပရိသတ္ႏွစ္သက္အားေပးမႈကို ပုိင္ဆုိင္ခဲ့သူ ဖိုးေသာ္ေရာ ၿပိဳင္ဘက္ကိုဘယ္လိုတံု႔ျပန္မလဲ။ ေနာက္ထပ္ စိတ္၀င္စားစရာပြဲက ၂၀၁၇ One ဖလုိင္း၀ိတ္ခ်န္ပီယံ ေစာမင္းမင္းနဲ႔ ေရႊခါးပတ္(၂)ႀကိမ္ရထားတဲ့ ရဲေသြးနီတို႔ ရင္ဆုိင္မယ့္ပြဲပါပဲ။ ေစာမင္းမင္းနဲ႔ ရဲေသြးနီတုိ႔အတြက္ ဒီတစ္ႀကိမ္ဟာ (၃)ႀကိမ္ေျမာက္ဆုံေတြ႕မႈပါပဲ။ ဒီပြဲေတြအျပင္ ျမန္မာအမ်ဳိးသမီးႏွစ္ဦး ပထမဆံုးရင္ဆုိင့္ေတြမ့ယ္ပြဲလည္းရွိေနပါတယ္။ (၂)ထပ္ကြမ္းျမန္မာျပည္ခ်န္ပီယံ ဘို႔ဇ္ဟီနာအန္တိုနီယာနဲ႔ ျမန္မာျပည္ခ်န္ပီယံတစ္ႀကိမ္ျဖစ္ဖူးတဲ့ ေရႊစင္တုိ႔ ထိပ္တုိက္ေတြ႕ဆုံေနၿပီး ပရိသတ္ကို ဘယ္လုိဖမ္းစားႏုိင္မလဲ။

၂၀၁၈ ONE Championship ၿပိဳင္ပြဲမွာ တြဲဆုိင္း(၉)ဆုိင္းပါ၀င္ေနၿပီး ပြဲစဥ္တုိင္းဟာ ရင္ခုန္သံေတြကို ဆူညံေစပါလိမ့္မယ္။ ၿပီးေတာ့ ၿပိဳင္ပြဲ၀င္ကစားသမားေတြရဲ႕ MMA စည္း၀ုိင္းထဲ ၀င္ေရာက္ပံုခပ္ဆန္းဆန္းေတြကလည္း ပရိသတ္ေတြကို ဆြဲေဆာင္ပါဦးမယ္။ ျမန္မာပရိသတ္အားလံုးကို အႀကီးမားဆံုးဆြဲေဆာင္မယ့္ပြဲက ေအာင္လအန္ဆန္ရဲ႕ ပြဲဆုိတာကိုေတာ့ ျငင္းဆန္မယ့္သူမရွိႏုိင္ပါဘူး။ ၂၀၁၇ ခုႏွစ္၊ ဇြန္လတုန္းကလုိ မေမ့ႏုိင္စရာညတစ္ညကို ေအာင္လအန္ဆန္ဖန္ဆင္းေပးဦးမလား။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အောင်လအန်ဆန်၊ ဖေဖော်ဝါရီ (၂၃)၊ မမေ့နိုင်စရာ သောကြာညဖြစ်ပါစေ

ကျွန်တော်တို့ မြန်မာတွေဟာ မျိုးချစ်စိတ်ပြင်းထန်သူတွေဆိုပြီးကျော်ကြားပါတယ်။ ဒီအခြေခံမျိုးချစ်စိတ်ဟာ နိုင်ငံသားတွေရဲ့ သွေးထဲအားကောင်းမောင်းသန်လည်ပတ်စီးဆင်းနေပြီး အားကစားပြိုင်ပွဲတွေမှာ ကိုယ့်လူမျိုး၊ ကိုယ့်အသင်းကို အနိုင်ရစေလိုတဲ့စိတ်ထားနဲ့ အူလှိုက်သည်းလှိုက်အားပေးတတ်တာ သဘာဝပါပဲ။ ရှုံးနိမ့်ချိန်မှာ ကရုဏာဒေါသနဲ့ ပြစ်တင်တတ်ပေမယ့် တကယ်တမ်းပြိုင်ပွဲကာလရောက်ရင် အားပေးမြဲအားပေးဆဲ၊ ချစ်ခင်မြဲချစ်ခင်ဆဲပါပဲ။ ခေတ်အဆက်ဆက်မြန်မာဘောလုံးအသင်းကို မြန်မာလူထုဟာ မျှော်လင့်ခြင်းကြီးစွာအားပေးတာက သက်သေလို့ဆိုရမယ်။ အခုအချိန်မှာ မြန်မာပရိသတ်တွေဆီ အားကစားနည်းနဲ့အတူ ပျော်ရွှင်မှုတွေ ဆောင်ယူလာပေးနေသူတစ်ဦးရှိပါတယ်။ သူက ဘက်စုံသုံးကိုယ်ခံပညာရှင် (MMA Fighter) အောင်လအန်ဆန်ပါပဲ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဇွန်လဟာ မြန်မာပရိသတ်တွေအတွက် မမေ့နိုင်စရာနေ့တစ်နေ့ပဲ။ အောင်လအန်ဆန်က ရှုံးပွဲမရှိမစ်ဒယ်ဝိတ်တန်းချန်ပီယံ ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ MMA သမိုင်းမှာ ချန်ပီယံဖြစ်လာတဲ့ ပထမဆုံးမြန်မာနိုင်ငံသားအဖြစ် အောင်လအန်ဆန် မှတ်တမ်းဝင်ခဲ့ပါတယ်။  အောင်လအန်ဆန်ရဲ့ အိပ်မက်တွေဟာ ရပ်တန့်မနေဘူး။ လာမယ့်ဖေဖော်ဝါရီလ (၂၃)ရက်၊ သောကြာနေ့မှာ ဟဲဗီးဝိတ်တန်းချန်ပီယံဆုအတွက် ဘရာဇီးလ်သား ဂျီဂျစ်ဆုပညာရှင် မာချာဒို(Machado)နဲ့ ရင်ဆိုင်တွေ့ပါမယ်။ မာချာဒိုဟာ အသက် (၅)နှစ်အရွယ်ကစလို့ ဂျီဂျစ်ဆုကို ကစားခဲ့ပြီး ဘရာဇီးလ်ဂျီဂျစ်ဆု ခါးပတ်အနက်ပိုင်ရှင်ပါပဲ။ Pan-American ဂျီဂျစ်ဆုချန်ပီယံရစ်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်များစွာရယူလာခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ MMA လောကဆီကူးပြောင်းလာခဲ့ပါတယ်။ MMA ပြိုင်ကွင်းထဲမှာ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ သန်စွမ်းမှုကို အကောင်းဆုံးသက်သေပြထားနိုင်ပြီး (၈)ပွဲနိုင်၊ (၂)ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

အောင်လအန်ဆန် အောင်ပွဲရဦးမှာလား

အောင်လအန်ဆန် အောင်ပွဲရဦးမှာလား

အောင်လအန်ဆန်က ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ ပြောကြားထားပြီး မြန်မာပရိသတ်တွေ အတွက် ဂုဏ်ယူစရာပျော်ရွှင်မှုကို ဖန်ဆင်းပေးဦးမလားဆိုတာ ရင်ခုန်စွာစောင့်မျှော်ရမယ်။ အောင်လအန်ဆန် ပြီးရင် မြန်မာပရိသတ်တွေသဘောအကျဆုံး MMA ကစားသမားဖိုးသော်က ကမ္ဘောဒီးယားက Sor Sey နဲ့ ဖယ်လ်သာဝိတ်တန်းချန်ပီယံလုပွဲကို ဆင်နွှဲသွားပါမယ်။ လက်ဝှေ့ကနေ MMA ကိုစတင်ကူးပြောင်းချိန်ကစလို့ ပရိသတ်နှစ်သက်အားပေးမှုကို ပိုင်ဆိုင်ခဲ့သူ ဖိုးသော်ရော ပြိုင်ဘက်ကိုဘယ်လိုတုံ့ပြန်မလဲ။ နောက်ထပ် စိတ်ဝင်စားစရာပွဲက ၂၀၁၇ One ဖလိုင်းဝိတ်ချန်ပီယံ စောမင်းမင်းနဲ့ ရွှေခါးပတ်(၂)ကြိမ်ရထားတဲ့ ရဲသွေးနီတို့ ရင်ဆိုင်မယ့်ပွဲပါပဲ။ စောမင်းမင်းနဲ့ ရဲသွေးနီတို့အတွက် ဒီတစ်ကြိမ်ဟာ (၃)ကြိမ်မြောက်ဆုံတွေ့မှုပါပဲ။ ဒီပွဲတွေအပြင် မြန်မာအမျိုးသမီးနှစ်ဦး ပထမဆုံးရင်ဆိုင့်တွေမ့ယ်ပွဲလည်းရှိနေပါတယ်။ (၂)ထပ်ကွမ်းမြန်မာပြည်ချန်ပီယံ ဘို့ဇ်ဟီနာအန်တိုနီယာနဲ့ မြန်မာပြည်ချန်ပီယံတစ်ကြိမ်ဖြစ်ဖူးတဲ့ ရွှေစင်တို့ ထိပ်တိုက်တွေ့ဆုံနေပြီး ပရိသတ်ကို ဘယ်လိုဖမ်းစားနိုင်မလဲ။

၂၀၁၈ ONE Championship ပြိုင်ပွဲမှာ တွဲဆိုင်း(၉)ဆိုင်းပါဝင်နေပြီး ပွဲစဉ်တိုင်းဟာ ရင်ခုန်သံတွေကို ဆူညံစေပါလိမ့်မယ်။ ပြီးတော့ ပြိုင်ပွဲဝင်ကစားသမားတွေရဲ့ MMA စည်းဝိုင်းထဲ ဝင်ရောက်ပုံခပ်ဆန်းဆန်းတွေကလည်း ပရိသတ်တွေကို ဆွဲဆောင်ပါဦးမယ်။ မြန်မာပရိသတ်အားလုံးကို အကြီးမားဆုံးဆွဲဆောင်မယ့်ပွဲက အောင်လအန်ဆန်ရဲ့ ပွဲဆိုတာကိုတော့ ငြင်းဆန်မယ့်သူမရှိနိုင်ပါဘူး။ ၂၀၁၇ ခုနှစ်၊ ဇွန်လတုန်းကလို မမေ့နိုင်စရာညတစ်ညကို အောင်လအန်ဆန်ဖန်ဆင်းပေးဦးမလား။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။