[Zawgyi]

အိမ္ကြင္းမွာ ကာဒစ္ဖ္ကုိ အမွားအယြင္းမရွိ အႏုိင္ယူခဲ့တဲ့ လီဗာပူးလ္

စေနေန႔ ပရီးမီးယားလိဂ္ပဲြေတြမွာေတာ့ လီဗာပူးလ္အသင္းဟာ ကာဒစ္ဖ္ကုိ အမွားအယြင္းမရွိ ဂုိးျပတ္ အႏုိင္ယူခဲ့ၿပီး အမွတ္ေပးဇယား ထိပ္ဆုံးေနရာကုိ ျပန္တက္လာႏုိင္ခဲ့တယ္။ လီဗာပူးလ္အသင္းဟာ ပဲြအစကတည္းက ကာဒစ္ဖ္ကုိ အသာစီးနဲ႔ကစားခဲ့ၿပီး ပဲြအစပုိင္းေလာက္မွာတင္ ဂုိးျပတ္ေလာက္တဲ့ အေနအထားရွိခဲ့တယ္။ လီဗာပူးလ္အသင္းအတြက္ အဖြင့္ဂုိးကုိ (၁၀)မိနစ္မွာ ထုံးစံအတိုင္း ဆာလာ Salah က ပိတ္သြင္းခဲ့ၿပီး (၆၆)မိနစ္မွာ မာေနး Mane က ဒုတိယဂုိးသြင္းခဲ့တယ္။ ဒါေပမဲ့ ကာဒစ္ဖ္အသင္း မထင္မွတ္ဘဲ ေခ်ပဂုိး ျပန္ရခဲ့လုိ႔ လီဗာပူးလ္ ဖိဖိစီးစီး ျပန္ကစားခ့ဲၿပီး (၈၄)မွာ ရွာကီရီ Shaqiri ၊ (၈၇)မိနစ္မွာ မာေနး Mane တို႔က ေနာက္ထပ္ဂုိးေတြ ထပ္သြင္းခဲ့တယ္။ လီဗာပူးလ္အသင္းဟာ ရာသီအစ (၁၀)ပဲြမွာ ႐ႈံးပဲြမရွိဘဲ (၂၆)မွတ္ ရယူခဲ့တာဟာ ၂၀၀၈-၀၉ ရာသီေနာက္ပုိင္း ပထမဆုံအႀကိမ္ပါပဲ။

Mane-Scores

Mane-Scores

က်န္တဲ့ပဲြေတြမွာေတာ့ ဖူလ္ဟမ္အသင္းက အိမ္ကြင္းမွာပဲ ဘုန္းေမာက္ကုိ ႐ႈံးနိမ့္ခဲ့ၿပီး ရလဒ္ေတြဆုိးရြားေနတဲ့ ေဆာက္သမ္တန္နဲ႔ နယူးကာဆယ္တို႔ ဂုိးမရွိသေရက်ခဲ့တယ္။ ၀က္ဖုိ႔ဒ္အသင္းကေတာ့ ဟတ္ဒါဖီးလ္ကုိ (၃)ဂုိးျပတ္ အႏုိင္ရခ့ဲတယ္။

Brighton & Hove Albion 1 – 0 Wolverhampton Wanderers
Fulham 0 – 3 AFC Bournemouth
Liverpool 4 – 1 Cardiff City
Southampton 0 – 0 Newcastle United
Watford 3 – 0 Huddersfield Town

Photo:Liverpool Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အိမ်ကွင်းမှာ ကာဒစ်ဖ်ကို အမှားအယွင်းမရှိ အနိုင်ယူခဲ့တဲ့ လီဗာပူးလ်

စနေနေ့ ပရီးမီးယားလိဂ်ပွဲတွေမှာတော့ လီဗာပူးလ်အသင်းဟာ ကာဒစ်ဖ်ကို အမှားအယွင်းမရှိ ဂိုးပြတ် အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်တက်လာနိုင်ခဲ့တယ်။ လီဗာပူးလ်အသင်းဟာ ပွဲအစကတည်းက ကာဒစ်ဖ်ကို အသာစီးနဲ့ကစားခဲ့ပြီး ပွဲအစပိုင်းလောက်မှာတင် ဂိုးပြတ်လောက်တဲ့ အနေအထားရှိခဲ့တယ်။ လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို (၁၀)မိနစ်မှာ ထုံးစံအတိုင်း ဆာလာ Salah က ပိတ်သွင်းခဲ့ပြီး (၆၆)မိနစ်မှာ မာနေး Mane က ဒုတိယဂိုးသွင်းခဲ့တယ်။ ဒါပေမဲ့ ကာဒစ်ဖ်အသင်း မထင်မှတ်ဘဲ ချေပဂိုး ပြန်ရခဲ့လို့ လီဗာပူးလ် ဖိဖိစီးစီး ပြန်ကစားခဲ့ပြီး (၈၄)မှာ ရှာကီရီ Shaqiri ၊ (၈၇)မိနစ်မှာ မာနေး Mane တို့က နောက်ထပ်ဂိုးတွေ ထပ်သွင်းခဲ့တယ်။ လီဗာပူးလ်အသင်းဟာ ရာသီအစ (၁၀)ပွဲမှာ ရှုံးပွဲမရှိဘဲ (၂၆)မှတ် ရယူခဲ့တာဟာ ၂၀၀၈-၀၉ ရာသီနောက်ပိုင်း ပထမဆုံအကြိမ်ပါပဲ။

Mane-Scores

Mane-Scores

ကျန်တဲ့ပွဲတွေမှာတော့ ဖူလ်ဟမ်အသင်းက အိမ်ကွင်းမှာပဲ ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့ပြီး ရလဒ်တွေဆိုးရွားနေတဲ့ ဆောက်သမ်တန်နဲ့ နယူးကာဆယ်တို့ ဂိုးမရှိသရေကျခဲ့တယ်။ ဝက်ဖို့ဒ်အသင်းကတော့ ဟတ်ဒါဖီးလ်ကို (၃)ဂိုးပြတ် အနိုင်ရခဲ့တယ်။

Brighton & Hove Albion 1 – 0 Wolverhampton Wanderers
Fulham 0 – 3 AFC Bournemouth
Liverpool 4 – 1 Cardiff City
Southampton 0 – 0 Newcastle United
Watford 3 – 0 Huddersfield Town

Photo:Liverpool Twitter
Naing Linn(Akhayar)
www.akhayar.com