Google ဟာ Android Version 7.1.2 Beta ကို သင့်တော်တဲ့ Devices တွေနဲ့စမ်းသပ်ပြီးနောက်မှာ ဒီ Version အသစ်ထွက်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ကြေငြာခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဒီ Version အသစ်ကို ပိုကောင်းအောင် ပြုပြင်လျက်ရှိပြီး Bugfixes တွေကိုအာရုံထားကာ လုပ်ဆောင်လျက်ရှိပါတယ်။ Google Pixel ၊ Pixel XL ၊ Nexus 5X ၊ Nexus Player ၊ Pixel C တို့နဲ့ စမ်းသပ် တဲ့အခါ အဆင်ပြေကြောင်း သိရပါတယ်။ Nexus 6P နဲ့ကတော့ စမ်းသပ်နေဆဲ ဖြစ်တယ်လို့သိရပြီး မကြာခင်မှာ ထွက်ရှိမယ့်အကြောင်းသိရပါတယ်။

Android 7.1.2 Beta Version ကို Sign Up လုပ်ချင်ရင်တော့ Android.com/beta မှာ လုပ်နိုင်ပြီး ကိုင်ဆောင်တဲ့ ဖုန်းအမျိုးအစားကိုရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ်။ Sign Up လုပ်ပြီးရင်တော့ OTA ( over-the-air-update) Notification ကို Download ဆွဲပြီး install လုပ်ဖို့လက်ခံရရှိမှာ ဖြစ်ပါတယ်။

7.1.2 Beta Version ကို လအနည်းငယ်အတွင်းမှာ အသုံးပြုနိုင်ရန် မျှော်လင့်ထားပြီး အပေါ်မှာပြောခဲ့တဲ့အတိုင်း စမတ်ဖုန်းနဲ့ တစ်ခြား Devices တွေအတွက်ပါ အသုံးဝင်စေမှာပါ။

Ref : GsmArena

Jan (Akhayar)