Android OS ဟာ လက္ရွိအခ်ိန္မွာ အသံုးျပဳသူအမ်ားဆံုးေသာ Mobile OS လည္းျဖစ္ပါတယ္။ ဒါေပမယ့္ Android Application Update ေတြဟာ အသံုးျပဳေနတဲ့သူေတြအတြက္ အျမဲတမ္း စိတ္အေႏွာင့္အယွက္ျဖစ္စရာကိစၥတစ္ခုဆုိရင္လည္း မမွားပါဘူး။ တစ္ခါတေလ Application တစ္ခုကို အသံုးျပဳေနတုန္း Update လုပ္ထားလုိ႔ သံုးလုိ႔မရတာမ်ိဳးက အျမဲၾကံဳေနရတာပါ။

Android Apps

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Google က Application ေတြ Update ျပဳလုပ္တဲ့ေနရာမွာ လြယ္ကူေအာင္ ေဆာင္ရြက္လုိက္ျပီျဖစ္ပါတယ္။ အဲ့ဒါကေတာ့ API အသစ္ကို မိတ္ဆက္ေပးခဲ့တာျဖစ္ျပီးေတာ့ အခု API အသစ္ေၾကာင့္ Android Application ေတြက Update ျပဳလုပ္ေနတုန္းမွာလည္း ဆက္လက္အသံုးျပဳႏုိင္ေတာ့မွာပဲျဖစ္ပါတယ္။ Google က ယခုသတင္းကို ျပီးခဲ့တဲ့ရက္ပုိင္းက ျပဳလုပ္ခဲ့တဲ့ Annual Android Dev Summit မွာ ေၾကညာခဲ့တာပါ။

အခု API အသစ္ဟာ အသံုးျပဳသူေတြကို ပံုမွန္ Security Patch ေတြ၊ Bug Fix ေတြနဲ႔ တျခားေသာ Feature Update ေတြေလာက္ပဲျပဳလုပ္တဲ့အခ်ိန္မွာ ပိုျပီး အဆင္ေျပလာမွာျဖစ္ျပီးေတာ့ ေနာက္ကြယ္ကေနပဲ အလုိအေလ်ာက္ Update သြားမွာပဲျဖစ္ပါတယ္။ Google ကေတာ့ အခု နည္းပညာကို Flexible Update လုိ႔ နာမည္ေပးထားပါတယ္။

Android Apps

ေလာေလာဆယ္မွာေတာ့ အခု Android API အသစ္ကို Early Access ရရွိထားတဲ့ Developer ေတြပဲ အသံုးျပဳႏုိင္ဦးမွာျဖစ္ျပီးေတာ့ Google ကေတာ့ အခ်ိန္တစ္ခုၾကာေတာ့မွ Developer ေတြအကုန္လံုးကို အသံုးျပဳႏုိင္မယ္လုိ႔ သိရပါတယ္။ အဲ့ဒီအတြက္ Application ေတြက အခု Feature ကို ရရွိလာဖုိ႔ကေတာ့ အခ်ိန္ေစာင့္ရဦးမွာပါ။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Android OS ဟာ လက်ရှိအချိန်မှာ အသုံးပြုသူအများဆုံးသော Mobile OS လည်းဖြစ်ပါတယ်။ ဒါပေမယ့် Android Application Update တွေဟာ အသုံးပြုနေတဲ့သူတွေအတွက် အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတစ်ခုဆိုရင်လည်း မမှားပါဘူး။ တစ်ခါတလေ Application တစ်ခုကို အသုံးပြုနေတုန်း Update လုပ်ထားလို့ သုံးလို့မရတာမျိုးက အမြဲကြုံနေရတာပါ။

Android Apps

ဒါပေမယ့် အခုအချိန်မှာတော့ Google က Application တွေ Update ပြုလုပ်တဲ့နေရာမှာ လွယ်ကူအောင် ဆောင်ရွက်လိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကတော့ API အသစ်ကို မိတ်ဆက်ပေးခဲ့တာဖြစ်ပြီးတော့ အခု API အသစ်ကြောင့် Android Application တွေက Update ပြုလုပ်နေတုန်းမှာလည်း ဆက်လက်အသုံးပြုနိုင်တော့မှာပဲဖြစ်ပါတယ်။ Google က ယခုသတင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Annual Android Dev Summit မှာ ကြေညာခဲ့တာပါ။

အခု API အသစ်ဟာ အသုံးပြုသူတွေကို ပုံမှန် Security Patch တွေ၊ Bug Fix တွေနဲ့ တခြားသော Feature Update တွေလောက်ပဲပြုလုပ်တဲ့အချိန်မှာ ပိုပြီး အဆင်ပြေလာမှာဖြစ်ပြီးတော့ နောက်ကွယ်ကနေပဲ အလိုအလျောက် Update သွားမှာပဲဖြစ်ပါတယ်။ Google ကတော့ အခု နည်းပညာကို Flexible Update လို့ နာမည်ပေးထားပါတယ်။

Android Apps

လောလောဆယ်မှာတော့ အခု Android API အသစ်ကို Early Access ရရှိထားတဲ့ Developer တွေပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပြီးတော့ Google ကတော့ အချိန်တစ်ခုကြာတော့မှ Developer တွေအကုန်လုံးကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Application တွေက အခု Feature ကို ရရှိလာဖို့ကတော့ အချိန်စောင့်ရဦးမှာပါ။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com