[Zawgyi]

လြန္ခဲ့တဲ့ ေလးငါးႏွစ္ေလာက္က Tablet တစ္လံုးဝယ္ဖို႔ေရြးစရာေတြအမ်ားႀကီးရွိခဲ့ပါတယ္။ Tablet ေတြကိုလည္းေတာ္ေတာ္မ်ားမ်ား လူသိမ်ားခဲ့ၾကပါတယ္။ 2014 ေလာက္ကစလို႔ Screen အက်ယ္ ၅ လက္မအထက္ရွိတဲ့ဖုန္းေတြထြက္လာခဲ့ပါတယ္။ Screen ႀကီးတဲ့ဖုန္းေတြဟာ ၆ လက္မ ၇ လက္မေလာက္ရွိတဲ့ Tablet ေတြေနရာကို အခ်ိန္တိုအေတာအတြင္းမွာအစားထိုးႏို္င္ခဲ့ပါတယ္။ Android Tablet ေတြမ်ားထုတ္ခဲ့ၾကတဲ့ ကုမၸဏီေတြလည္း Tablet ေတြအစား Phablet ေတြဖက္ကို ပိုဦးစားေပးထုတ္လုပ္လာၾကပါတယ္။

Phablets

လူေတာ္ေတာ္မ်ားမ်ား Tablet ေတြအေပၚအျမင္ေျပာင္းေစခဲ့တာလည္း Screen ႀကီးႀကီးနဲ႔ထြက္လာတဲ့ဖုန္း (Phablet) ေတြေၾကာင့္ပါ။ Phablet ေတြမေရာက္လာခင္အခ်ိန္က Tablet ဆိုတာ လိုခ်င္စရာထုတ္ကုန္ေတြပါ။ Tablet ေတြက Screen ပိုႀကီးတယ္၊ ဖုန္းေတြနဲ႔ ေစ်းသိပ္မကြာဘူး၊ ေတာ္ေတာ္မ်ားမ်ား Battery ပိုခံတယ္၊ ဖုန္းေတြလိုေသးေသးေလးေတြမဟုတ္ေတာ့ လက္ထဲကိုင္ရတာၿမဲတယ္ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေစ်းအရမ္းမမ်ားတဲ့ Android Tablet ေတြေရာင္းအားေကာင္းခဲ့ပါတယ္။

Samsung Galaxy Tab S3

Bigger Tablets 

ေနာက္ပိုင္း စမတ္ဖုန္းေတြ ၄ လက္မေလာက္ကေန ၅ လက္မေက်ာ္အထိ Screen ဆိုဒ္ေတြေျပာင္းထုတ္လာၾကတာေၾကာင့္ Tablet ေတြလည္း ၉ လက္မကေန ၁၁ လက္မေလာက္ထိ အ႐ြယ္အမ်ိဳးမ်ိဳး ေျပာင္းလဲထုတ္လုပ္လာခဲ့ၾကပါတယ္။ ဒါေပမယ့္ Samsung Galaxy Note လိုဖုန္းေတြထြက္လာကတည္းက Android Tablet ေရာင္းအားေတြ ေတာ္ေတာ္က်သြားခဲ့ပါတယ္။ Screen ႀကီးေပမယ့္ ဖုန္းေတြကိုသံုးရတာနဲ႔ ဘာမွသိပ္မကြာေတာ့ သြားေလရာသယ္သြားရပိုလြယ္တဲ့ Phablet ေတြကအဓိက ေ႐ြးခ်ယ္စရာျဖစ္လာတာပါ။ ေနာက္ပိုင္းမွာ Android Tablet ေတြအတြက္ App ေတြေကာင္းေကာင္းမရွိတာမ်ိဳးေတြေၾကာင့္ Tablet ေတြက ဘာေၾကာင့္ဝယ္သံုးရမလဲဆိုတာမ်ိဳး ေတြစဥ္းစားလာရပါတယ္။ ေနာက္တစ္ခုက Android Tablet ေတာ္ေတာ္မ်ားမ်ားက အခုလက္ရွိ Android Phablet ေတြေလာက္ Performance မေကာင္းတာေၾကာင့္ ဖုန္းေတြကိုပဲေရြးဝယ္လာၾကတာပါ။ Samsung Tab S3 တို႔ Nvidia Shield တို႔လို Tablet ေတြေတာင္ လူေတြသိပ္စိတ္မဝင္စားၾကေတာ့ပါဘူး။ စာဖတ္တဲ့ပရိတ္သတ္အခ်ိဳ႕နဲ႔ Tablet မွသံုးခ်င္တဲ့ဆိုတဲ့ ပရိတ္သတ္ေတြေလာက္သာ Amazon Kindle Fire လို Tablet ေတြကိုပဲအသံုးျပဳၾကေတာ့တာပါ။

Google Pixelbook

Google Chromebooks

Google ရဲ႕ Android Table အတြက္ ေနာက္တစ္ပိုင္းျဖစ္လာတဲ့ Chromebook ေတြကို Chrome OS နဲ႔အတူ ေစ်းကြက္တင္ေရာင္းခ်ခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ Chome OS ကိုပိုေကာင္းေအာင္လုပ္ေပးလာခဲ့ၿပီး Android App ေတြပါ Chromebook ေတြေပၚမွာ အသံုးျပဳႏိုင္လာပါတယ္။ Drawing အတြက္လည္း Stylus အသံုးျပဳႏိုင္တဲ့ Chromebook ေတြပိုမ်ားလာၿပီျဖစ္တာေၾကာင့္ ေစ်းကြက္ထဲမွာရွိေနတဲ့ Android Tablet ေတြအစား ေရြးခ်ယ္စရာျဖစ္လာပါတယ္။ Chromebook ထုတ္လုပ္တဲ့ကုမၸဏီေတာ္ေတာ္မ်ားမ်ားကလည္း အရင္က Android Tablet ထုတ္တဲ့ကုမၸဏီေတြပါေနေသးတာေၾကာင့္ သင့္အေနနဲ႔ေရြးခ်ယ္ရတာ ခက္ခဲ့မွာမဟုတ္ပါဘူး။

iPad Pro

iPad 

Tablet လို႔ေျပာလိုက္ရင္ iPad ေတြကိုအရင္စဥ္းစားမိလာတာ ဘယ္အခ်ိန္ကတည္းကလည္းဆိုတာ သင္မွတ္မိေသးရဲ႕လား။ Android Tablet ထုတ္လုပ္သူေတြျဖစ္တဲ့ Sony ၊ LG ၊ Lenovo တို႔ရဲ႕ Tablet ေတြကဖုန္းေတြေလာက္ Powerful သိပ္မျဖစ္ၾကေတာ့ iPad ေတြကိုပိုစိတ္ဝင္စားလားၾကတာမထူးဆန္းေတာ့ပါဘူး။ သင္ကအရင္က iOS Device မသံုးဖူးရင္ေတာင္ iPad ေတြကိုႏွစ္သက္မိမွာပါ။ iPad ေတြက သံုးစရာ App ေတြအမ်ားႀကီးရွိတာ၊ Game ေဆာ့ဖို႔နဲ႔ အေပ်ာ္တမ္း Video သမားေတြအတြက္ Shot & Edit အဆင့္ထိလုပ္လို႔ရေနတာေတြေၾကာင့္ Android Tablet ေတြကိုစိတ္ဝင္စားမႈနည္းသြားၾကတာပါ။ Android Tablet ေတြကိုတိုးတက္ေအာင္လုပ္လို႔ရေပမယ့္ Smartphone ေစ်းကြက္အတြက္ နည္းပညာယွည္ၿပိဳင္မႈေတြမ်ားေနတာေၾကာင့္ Tablet အသစ္ေတြထြက္ဖို႔အခြင့္အေရးက အလြန္နည္းသြားပါၿပီ။ Drawing သမားေတာ္ေတာ္မ်ားမ်ားကလည္း iPad Pro ေတြနဲ႔ Microsoft Surface ထုတ္ကုန္ေတြဖက္ကို ပိုစိတ္ဝင္စားမႈမ်ားလာခဲ့ပါတယ္။ High-end Android Tablet ေတြျဖည္းျဖည္းခ်င္းေပ်ာက္ကြယ္လာေနတာေၾကာင့္ Android Fan ေတြအတြက္ေတာ့ စိတ္မေကာင္းစရာပါ။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဈေးကွက်ထဲမှာ ပျောက်ကွယ်စပြုလာတဲ့ Android Tablet တွေ

လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က Tablet တစ်လုံးဝယ်ဖို့ရွေးစရာတွေအများကြီးရှိခဲ့ပါတယ်။ Tablet တွေကိုလည်းတော်တော်များများ လူသိများခဲ့ကြပါတယ်။ 2014 လောက်ကစလို့ Screen အကျယ် ၅ လက်မအထက်ရှိတဲ့ဖုန်းတွေထွက်လာခဲ့ပါတယ်။ Screen ကြီးတဲ့ဖုန်းတွေဟာ ၆ လက်မ ၇ လက်မလောက်ရှိတဲ့ Tablet တွေနေရာကို အချိန်တိုအတောအတွင်းမှာအစားထိုးနိုင်ခဲ့ပါတယ်။ Android Tablet တွေများထုတ်ခဲ့ကြတဲ့ ကုမ္ပဏီတွေလည်း Tablet တွေအစား Phablet တွေဖက်ကို ပိုဦးစားပေးထုတ်လုပ်လာကြပါတယ်။

Phablets

လူတော်တော်များများ Tablet တွေအပေါ်အမြင်ပြောင်းစေခဲ့တာလည်း Screen ကြီးကြီးနဲ့ထွက်လာတဲ့ဖုန်း (Phablet) တွေကြောင့်ပါ။ Phablet တွေမရောက်လာခင်အချိန်က Tablet ဆိုတာ လိုချင်စရာထုတ်ကုန်တွေပါ။ Tablet တွေက Screen ပိုကြီးတယ်၊ ဖုန်းတွေနဲ့ ဈေးသိပ်မကွာဘူး၊ တော်တော်များများ Battery ပိုခံတယ်၊ ဖုန်းတွေလိုသေးသေးလေးတွေမဟုတ်တော့ လက်ထဲကိုင်ရတာမြဲတယ် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဈေးအရမ်းမများတဲ့ Android Tablet တွေရောင်းအားကောင်းခဲ့ပါတယ်။

Samsung Galaxy Tab S3

Bigger Tablets 

နောက်ပိုင်း စမတ်ဖုန်းတွေ ၄ လက်မလောက်ကနေ ၅ လက်မကျော်အထိ Screen ဆိုဒ်တွေပြောင်းထုတ်လာကြတာကြောင့် Tablet တွေလည်း ၉ လက်မကနေ ၁၁ လက်မလောက်ထိ အရွယ်အမျိုးမျိုး ပြောင်းလဲထုတ်လုပ်လာခဲ့ကြပါတယ်။ ဒါပေမယ့် Samsung Galaxy Note လိုဖုန်းတွေထွက်လာကတည်းက Android Tablet ရောင်းအားတွေ တော်တော်ကျသွားခဲ့ပါတယ်။ Screen ကြီးပေမယ့် ဖုန်းတွေကိုသုံးရတာနဲ့ ဘာမှသိပ်မကွာတော့ သွားလေရာသယ်သွားရပိုလွယ်တဲ့ Phablet တွေကအဓိက ရွေးချယ်စရာဖြစ်လာတာပါ။ နောက်ပိုင်းမှာ Android Tablet တွေအတွက် App တွေကောင်းကောင်းမရှိတာမျိုးတွေကြောင့် Tablet တွေက ဘာကြောင့်ဝယ်သုံးရမလဲဆိုတာမျိုး တွေစဉ်းစားလာရပါတယ်။ နောက်တစ်ခုက Android Tablet တော်တော်များများက အခုလက်ရှိ Android Phablet တွေလောက် Performance မကောင်းတာကြောင့် ဖုန်းတွေကိုပဲရွေးဝယ်လာကြတာပါ။ Samsung Tab S3 တို့ Nvidia Shield တို့လို Tablet တွေတောင် လူတွေသိပ်စိတ်မဝင်စားကြတော့ပါဘူး။ စာဖတ်တဲ့ပရိတ်သတ်အချို့နဲ့ Tablet မှသုံးချင်တဲ့ဆိုတဲ့ ပရိတ်သတ်တွေလောက်သာ Amazon Kindle Fire လို Tablet တွေကိုပဲအသုံးပြုကြတော့တာပါ။

Google Pixelbook

Google Chromebooks

Google ရဲ့ Android Table အတွက် နောက်တစ်ပိုင်းဖြစ်လာတဲ့ Chromebook တွေကို Chrome OS နဲ့အတူ ဈေးကွက်တင်ရောင်းချခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Chome OS ကိုပိုကောင်းအောင်လုပ်ပေးလာခဲ့ပြီး Android App တွေပါ Chromebook တွေပေါ်မှာ အသုံးပြုနိုင်လာပါတယ်။ Drawing အတွက်လည်း Stylus အသုံးပြုနိုင်တဲ့ Chromebook တွေပိုများလာပြီဖြစ်တာကြောင့် ဈေးကွက်ထဲမှာရှိနေတဲ့ Android Tablet တွေအစား ရွေးချယ်စရာဖြစ်လာပါတယ်။ Chromebook ထုတ်လုပ်တဲ့ကုမ္ပဏီတော်တော်များများကလည်း အရင်က Android Tablet ထုတ်တဲ့ကုမ္ပဏီတွေပါနေသေးတာကြောင့် သင့်အနေနဲ့ရွေးချယ်ရတာ ခက်ခဲ့မှာမဟုတ်ပါဘူး။

iPad Pro

iPad 

Tablet လို့ပြောလိုက်ရင် iPad တွေကိုအရင်စဉ်းစားမိလာတာ ဘယ်အချိန်ကတည်းကလည်းဆိုတာ သင်မှတ်မိသေးရဲ့လား။ Android Tablet ထုတ်လုပ်သူတွေဖြစ်တဲ့ Sony ၊ LG ၊ Lenovo တို့ရဲ့ Tablet တွေကဖုန်းတွေလောက် Powerful သိပ်မဖြစ်ကြတော့ iPad တွေကိုပိုစိတ်ဝင်စားလားကြတာမထူးဆန်းတော့ပါဘူး။ သင်ကအရင်က iOS Device မသုံးဖူးရင်တောင် iPad တွေကိုနှစ်သက်မိမှာပါ။ iPad တွေက သုံးစရာ App တွေအများကြီးရှိတာ၊ Game ဆော့ဖို့နဲ့ အပျော်တမ်း Video သမားတွေအတွက် Shot & Edit အဆင့်ထိလုပ်လို့ရနေတာတွေကြောင့် Android Tablet တွေကိုစိတ်ဝင်စားမှုနည်းသွားကြတာပါ။ Android Tablet တွေကိုတိုးတက်အောင်လုပ်လို့ရပေမယ့် Smartphone ဈေးကွက်အတွက် နည်းပညာယှည်ပြိုင်မှုတွေများနေတာကြောင့် Tablet အသစ်တွေထွက်ဖို့အခွင့်အရေးက အလွန်နည်းသွားပါပြီ။ Drawing သမားတော်တော်များများကလည်း iPad Pro တွေနဲ့ Microsoft Surface ထုတ်ကုန်တွေဖက်ကို ပိုစိတ်ဝင်စားမှုများလာခဲ့ပါတယ်။ High-end Android Tablet တွေဖြည်းဖြည်းချင်းပျောက်ကွယ်လာနေတာကြောင့် Android Fan တွေအတွက်တော့ စိတ်မကောင်းစရာပါ။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။