Google ကနေ Android Q ကို အခုအချိန်မှာ Pixel စမတ်ဖုန်းတွေအတွက် Beta အနေနဲ့ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီ Android Q Update က Beta Version ပဲရှိနေသေးပေမယ့် အမြင်ပိုင်းအရပြောင်းလဲမှုတွေကို အခု Article မှာ ဖော်ပြသွားမှာပါ။

Power Menu မှာ Emergency Shortcut ပါဝင်လာပြီ

Android Q Beta 1

Android Q မှာ Power Button ကို ဖိထားတဲ့အချိန်မှာ ပုံမှန်မြင်နေကြ Power Off ၊ Restart ၊ Lockdown နဲ့ Screenshot တွေအပြင် Emergency ဆိုပြီး Shortcut တစ်ခုထပ်မံပါဝင်လာပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် အရေးပေါ် Contact တယောက်ယောက်ကို ဆက်သွယ်ဖို့လိုအပ်လာပြီဆိုရင် Power Button ကို ဖိထားတာနဲ့တင်အသုံးပြုနိုင်မှာပါ။

Charging နဲ့ Text Selection မှာ Haptic Feedback ရရှိပြီ

Android Q Beta 1

Android Q မှာ Haptic Feedback ပြန်ရတဲ့နေရာတွေကို ထပ်မံတိုးချဲ့ထားပြီးတော့ စာရွေးချယ်တဲ့နေရာနဲ့ Charging ပြုလုပ်တဲ့အချိန်တိုင်းမှာ Haptic Feedback ကို ရရှိတော့မှာပါ။

Screen Recorder ပါဝင်လာပြီ

Android Q Beta 1

Android OS မှာ ဒီတကြိမ် Android Q Update မှာတော့ တခြားသော Android ဖုန်းတော်တော်များများရရှိပေးနေပြီဖြစ်တဲ့ Screen Recording Feature ကို Native အနေနဲ့ App ထပ်သွင်းစရာမလိုဘဲ ရရှိနေပြီဖြစ်ပါတယ်။

Always-on Display မှာ ဖွင့်ထားတဲ့သီချင်းနာမည်ကို မြင်ရပြီ

Android Q Beta 1

ယခင်တုန်းက Android Pie မှာ Always-on Display မှာ သီချင်းဖွင့်ထားရင် Music Icon လေးပဲမြင်ရခဲ့ပေမယ့် အခုအချိန်မှာတော့ ဖွင့်ထားတဲ့သီချင်းနာမည်ကို မြင်ရပြီဖြစ်ပါတယ်။

App Info Page ဒီဇိုင်းပြောင်းသွားပြီ

Android Q Beta 1

Android Q မှာ Application တွေရဲ့ Info Page ကို ဝင်ရောက်တဲ့အချိန်မှာ ယခင်ကထက်ပိုမိုလှပပြီး ပိုပြီးအသေးစိတ်ချတဲ့ Material Design နဲ့ ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Application တွေရဲ့ တပတ်မှာ ဘယ်နှကြိမ် Update ရတာတွေ၊ Notification ဝင်ရောက်မှုတွေကအစ App Info Page မှာ မြင်ရတော့မှာပါ။

“Time to Read” Setting အသစ်ပါဝင်လာပြီ

Android Q Beta 1

တခါတလေမှာ ဝင်ဝင်လာပြီး သေချာမဖတ်ရသေးခင် ပျောက်သွားတဲ့ Pop-up Message တွေကို ကြုံဖူးကြမှာပါ။ အခုလိုမျိုး ဖတ်လို့မပြီးခင်မှာ ပျောက်သွားတာမျိုးမကြုံရတော့အောင် Android Q မှာ “Time to Read” Setting အသစ်ကို ထည့်သွင်းပေးခဲ့ပြီး Pop-up Message ကို အချိန်ဘယ်လောက်ထားမလဲဆိုတာကို ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။

Apk Installer UI အသစ်ပြောင်းသွားပြီ

Android Q Beta 1

Android Update အသစ်ပြောင်းသွားတိုင်း ပြောင်းလဲနေကြဖြစ်တဲ့ Apk Installer UI ကလည်း ယခု Android Q မှာ နောက်ထပ်ပုံစံအသစ်ဖြစ်သွားပြန်ပါပြီ။

Wi-Fi ကို QR Code နဲ့ ပြန် Share ပေးနိုင်ပြီ

Android Q Beta 1

Android Q မှာ လက်ရှိတချို့သော Android စမတ်ဖုန်းတွေလိုမျိုး Wi-Fi Password ကို QR Code ကနေတစ်ဆင့် ပြန်လည်ဝေမျှပေးနိုင်ပြီဖြစ်ပါတယ်။

Dark Theme

Android Q Beta 1

Android Q မှာ နောက်ဆုံးသော System-wide Dark Theme ကို ရရှိလာပြီဖြစ်ပြီး ပုံမှန် White Theme ကိုလည်း ပြန်လည်ပြောင်းလဲအသုံးပြုနိုင်မှာပါ။

Files App မှာ Material Theme ရရှိပြီ

Android Q Beta 1

Android Q မှာ Files Explorer App က လုံးဝပြောင်းလဲသွားပြီး Material Design အသစ်ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။ ဒီ Files App အသစ်က တကယ်ကိုတော်တော်လေးကိုလှနေမှာပါ။

Share Menu အသစ်ဖြစ်သွားပြီ

Android Q Beta 1

Android Q မှာတော့ ဓါတ်ပုံ၊ Files တွေနဲ့ Link တွေကို Share ပြုလုပ်တဲ့နေရာမှာ ပေါ်လာတဲ့ Share Menu ကို ပြောင်းလဲခဲ့ပြီး App အတွင်းကို Share ပေးဖို့ ပိုမိုလွယ်ကူလာသလို Speed ကလည်း ပိုပြီးမြန်ဆန်လာပါပြီ။

Notification တွေကို Swipe ပြုလုပ်တဲ့ပုံစံပြောင်းလဲသွားပြီ

Android Q Beta 1

Android Q မှာ Notification ဝင်ရောက်ပြီဆိုရင် ယခင်ကလိုမျိုး ဘယ်ဘက်ရော၊ ညာဘက်ရော Swipe ပြုလုပ်ပြီး ဖယ်ရှားနိုင်မှာမဟုတ်တော့ဘဲ ညာဘက်ကနေ ဘယ်ဘက်ကို Swipe ပြုလုပ်ရင် Notification တွေကို Block ၊ Silent ပြုလုပ်နိုင်တဲ့ Option ကိုပဲ မြင်ရတော့မှာပါ။

Battery Time ခန့်မှန်းခြေကို အချိန်နဲ့ Notification မှာ မြင်ရပြီ

Android Q Beta 1

Android Pie မှာတုန်းက Battery Percentage ပေါ်မှုတည်ပြီးတော့ ဘယ်အချိန်မှာ Battery ကုန်လောက်တယ်ဆိုတာကို Notification နဲ့ ဖော်ပြတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Notification Bar ကို ဆွဲချလိုက်တာနဲ့ ဘယ်လောက်ထပ်ပြီး သုံးနိုင်မလဲဆိုတာကိုပါ ဖော်ပြပေးသွားတော့မှာပါ။

ဒီ Feature တွေကတော့ အမြင်ပိုင်းအရ Android Q ရဲ့ ပြောင်းလဲမှုအချို့ဖြစ်ပြီးတော့ နောက်ထပ် Beta Update တွေမှာ Feature အသစ်တွေကို ထပ်မံမြင်တွေ့ရဖွယ်ရှိနေပါသေးတယ်။ လောလောဆယ်မှာတော့ Android Q Beta ကို အသုံးပြုဖို့အတွက် Google Pixel ဖုန်းရှိနေဖို့လိုအပ်မှာဖြစ်ပြီးတော့ Beta Version ဖြစ်တဲ့အတွက် Stable တော့ လုံးဝဖြစ်ဦးမှာမဟုတ်ပါဘူး။

Ref : 9to5Google