Google Pixel 3 နဲ့ Pixel 3 XL ကို Review လုပ်တုန်းက Google ရဲ့ နောက်ဆုံးထွက် Devices တွေ ကို “Android iPhone”တွေလို့ အညွှန်းပြုခေါ်ဝေါ် ခဲ့ကြပါတယ်။
ဒီလိုခေါ်ရတဲ့အကြောင်းအရင်းကတော့ Android 9 Pie မှာ iOS နဲ့တူညီတဲ့ စွမ်းဆောင်ချက်တွေကို တွေ့ရှိခဲ့ရပြီး Android Q မှာလည်း တူညီတဲ့ Features တွေ ပိုမိုပါဝင်နေတာကြောင့်ပါပဲ။

စည်းခြားထားတဲ့ Android နဲ့ iOS ကို နီးကပ်လာအောင်လုပ်ပေးနိုင်တဲ့ Feature တစ်ခုကို 5to9Google ကသတိထားမိခဲ့ပါတယ်။

Photo Credit Android Authority

Documentation တွေအရ အနာဂတ်ကာလ မှာ Mobile Operation System မှာ “Deep Press”ပါဝင်လာတော့မှာဖြစ်ပြီး Deep Press ဆိုတာကတော့ အသုံးပြုသူက မျက်နှာပြင်ကို အားထည့်ပြီး ဖိချလိုက်မယ်ဆိုရင် ထူးခြားတဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်မယ့် စနစ်တစ်ခုပဲဖြစ်ပါတယ်။

ဒီလိုစနစ်မျိုးကိုတစ်နေရာရာမှာကြားဖူးပါသလား။ ဟုတ်ပါတယ်။
2014 ခုနှစ် တုန်းက Original Apple Watch မှာ စတင် ပါဝင်တဲ့ Force Touch(3D Touch) စနစ်ပါပဲ။ Android Q မှာ Deep Press စနစ်ပါတယ်ဆိုတာနဲ့တော့ iPhone နဲ့ညိနေတယ်လို့တော့ ဆိုလို့မရပါဘူး။ ဒီလို Deep Press စနစ်ကိုထည့်သွင်းနိုင်ဖို့အတွက် Specialized Hardware ကိုလိုအပ်တာကြောင့်ပါ။ October လမှာ ထွက်ရှိမယ် လို့မျှော်မှန်းထားတဲ့ Google Pixel 4 မှာတော့ Deep Press ပါဝင်လာဖို့ အလားအလာ ရှိနေပါတယ်။ နောက်လအနည်းငယ် အကြာမှာလည်း Android Q ထွက်ရှိလာမယ် လို့ မျှော်လင့်ရပါတယ်။

Ref; AndroidAuthority

SiD (Akhayar)

www.akhayar.com