
Microsoft XBox





Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Android OS ဟာ လက်ရှိအချိန်မှာ Fortnite ၊ PUBG လိုမျိုး ဂိမ်းအကောင်းတွေ အများအပြားရှိနေပြီဖြစ်ပြီးတော့ ဆော့ကစားသူတွေလည်း များပြားနေပြီဖြစ်ပါတယ်။ အခုလိုမျိုး Mobile Games တွေကို Controller နဲ့ ဆော့ကစားချင်တဲ့သူတွေအတွက် Google ကနေ သတင်းကောင်းတစ်ခုကို ယူဆောင်လာပြီပဲဖြစ်ပါတယ်။

Microsoft XBox

အခုသတင်းကတော့ Google ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Android 9.0 Pie မှာ Microsoft ရဲ့ Xbox One Controller တွေကို အသုံးပြုနိုင်အောင် Support ပြုလုပ်လိုက်ပြီလို့သိရပါတယ်။ Google ရဲ့ Engineer တွေဟာ အခုလိုမျိုး Xbox Controller တွေက Android မှာ Mapping Issues တွေရှိနေတာကို Android Pie ကြမှ ပြင်ဆင်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Android Pie ကို Update ပြုလုပ်နိုင်တဲ့ Android စမတ်ဖုန်းတွေအနေနဲ့ Xbox One Controller နဲ့ Bluetooth ကနေ တစ်ဆင့် ချိတ်ဆက်ပြီး ဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ Controller ကို Support ပေးတဲ့ Games တွေမှပဲ အဆင်ပြေပြေဆော့ကစားနိုင်မှာပါ။

Microsoft XBox Controller

အခုနောက်ဆုံး Android အတွက် ထွက်ရှိထားတဲ့ Fortnite လိုမျိုး ဂိမ်းဆိုရင်တော့ လောလောဆယ်မှာ Controller Support ကို မရရှိသေးဘဲ မကြာခင်မှပဲ ရရှိမယ်လို့ ပြောကြားထားပါတယ်။ ဒါပေမယ့် Asphalt 9 နဲ့ တခြားသော ဂိမ်းတွေကတော့ Support ပြုလုပ်နေပြီဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com