Google ရဲ႕ ေနာက္ထပ္ အသစ္ထြက္မယ့္ Android P မွာေတာ့ Bluetooth နဲ႔ ပတ္သတ္ျပီး ေနာက္ထပ္အသံုးဝင္တဲ့ Feature တစ္ခုကို ထပ္မံထည့္သြင္းေပးေတာ့မွာပဲျဖစ္ပါတယ္။ အဲ့ဒါကေတာ့ ကိုယ္ Bluetooth ခ်ိတ္ဆက္ခဲ့တဲ့ Audio Devices ေတြ တစ္ခုခ်င္းစီမွာ ေနာက္ဆံုးနားေထာင္ခဲ့တဲ့ Volume Level ကို မွတ္သားထားႏုိင္ေတာ့မွာပါ။

Android Bluetooth Audio

အခု Feature ကို XDA Developer Forum မွာရွိတဲ့ AOSP ROM မွာ “Implement Bluetooth Device Volume Memory” လုိ႔ ေရးထားခဲ့တဲ့ Function တစ္ခုကို ေတြ႕ခဲ့ရတာေၾကာင့္ျဖစ္ပါတယ္။ အခု Function ဟာ ကိုယ္ Bluetooth ခ်ိတ္ဆက္ခဲ့တဲ့ Device ID နဲ႔ ေနာက္ဆံုးအၾကိမ္ ဖြင့္ခဲ့တဲ့ Volume Level ကို မွတ္သားထားမွာျဖစ္ျပီးေတာ့ ကိုယ္ခ်ိတ္ဆက္လုိက္တာနဲ႔ နားေထာင္ေနၾက Volume အတိုင္းပဲ ေျပာင္းလဲဖြင့္ေပးသြားမွာျဖစ္ပါတယ္။

အခုအခ်ိန္မွာ Google ကေန Pixel ဖုန္းေတြအတြက္ Android P Developer Preview ကို ထုတ္ေပးထားခဲ့ေပမယ့္ အခုအခ်ိန္အထိေတာ့ အဆိုပါ Feature ကို အသံုးျပဳႏုိင္ျခင္းမရွိေသးဘူးလုိ႔ သိရပါတယ္။ အခု Feature သာ တကယ္ စမတ္ဖုန္းေတြမွာ ပါဝင္လာခဲ့မယ္ဆုိရင္ Bluetooth Audio ဟာ သိသိသာသာကို တိုးတက္လာမွာျဖစ္ျပီးေတာ့ အခုထက္လည္း သံုးစြဲသူပိုမိုမ်ားျပားလာမွာပါ။

Android Oreo Bluetooth Settings

Google ဟာ Android Oreo မွာလည္း Bluetooth Audio Codec ေတြအကုန္လံုးကို ထည့္သြင္းေပးလာခဲ့တဲ့အျပင္ အခုလည္း ထပ္မံျပီး Bluetooth Feature ေတြကို တုိးခ်ဲ႕ေနတဲ့အတြက္ ေနာက္ပိုင္း စမတ္ဖုန္းေတြမွာ 3.5mm Audio Jack ကို ျဖဳတ္လုိက္ျပီး Bluetooth Audio ကိုပဲ သြားဖုိ႔ ေသခ်ာသြားပါျပီ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ရဲ့ နောက်ထပ် အသစ်ထွက်မယ့် Android P မှာတော့ Bluetooth နဲ့ ပတ်သတ်ပြီး နောက်ထပ်အသုံးဝင်တဲ့ Feature တစ်ခုကို ထပ်မံထည့်သွင်းပေးတော့မှာပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ ကိုယ် Bluetooth ချိတ်ဆက်ခဲ့တဲ့ Audio Devices တွေ တစ်ခုချင်းစီမှာ နောက်ဆုံးနားထောင်ခဲ့တဲ့ Volume Level ကို မှတ်သားထားနိုင်တော့မှာပါ။

Android Bluetooth Audio

အခု Feature ကို XDA Developer Forum မှာရှိတဲ့ AOSP ROM မှာ “Implement Bluetooth Device Volume Memory” လို့ ရေးထားခဲ့တဲ့ Function တစ်ခုကို တွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။ အခု Function ဟာ ကိုယ် Bluetooth ချိတ်ဆက်ခဲ့တဲ့ Device ID နဲ့ နောက်ဆုံးအကြိမ် ဖွင့်ခဲ့တဲ့ Volume Level ကို မှတ်သားထားမှာဖြစ်ပြီးတော့ ကိုယ်ချိတ်ဆက်လိုက်တာနဲ့ နားထောင်နေကြ Volume အတိုင်းပဲ ပြောင်းလဲဖွင့်ပေးသွားမှာဖြစ်ပါတယ်။

အခုအချိန်မှာ Google ကနေ Pixel ဖုန်းတွေအတွက် Android P Developer Preview ကို ထုတ်ပေးထားခဲ့ပေမယ့် အခုအချိန်အထိတော့ အဆိုပါ Feature ကို အသုံးပြုနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အခု Feature သာ တကယ် စမတ်ဖုန်းတွေမှာ ပါဝင်လာခဲ့မယ်ဆိုရင် Bluetooth Audio ဟာ သိသိသာသာကို တိုးတက်လာမှာဖြစ်ပြီးတော့ အခုထက်လည်း သုံးစွဲသူပိုမိုများပြားလာမှာပါ။

Android Oreo Bluetooth Settings

Google ဟာ Android Oreo မှာလည်း Bluetooth Audio Codec တွေအကုန်လုံးကို ထည့်သွင်းပေးလာခဲ့တဲ့အပြင် အခုလည်း ထပ်မံပြီး Bluetooth Feature တွေကို တိုးချဲ့နေတဲ့အတွက် နောက်ပိုင်း စမတ်ဖုန်းတွေမှာ 3.5mm Audio Jack ကို ဖြုတ်လိုက်ပြီး Bluetooth Audio ကိုပဲ သွားဖို့ သေချာသွားပါပြီ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com