Google ကေန Android P ဒါမွမဟုတ္ Android Version 9.0 ကို စမ္းသပ္ေနတာ အခုဆိုရင္လနဲ႔ခ်ီျပီၾကာသြားခဲ့ျပီျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေမလတုန္းက ျပဳလုပ္ခဲ့တဲ့ Google I/O 2018 မွာ Google ကေန Android P Beta ကို Public ကို Update ျပဳလုပ္ခြင့္ေပးခဲ့ျပီး Google Pixel ဖုန္းေတြအျပင္ တခ်ိဳ႕ေသာ စမတ္ဖုန္းေတြပါ စမ္းသပ္သံုးစြဲခြင့္ရခဲ့ပါတယ္။

Android P on Beta 4

အခုအခ်ိန္မွာေတာ့ Android P Beta ဟာ ေနာက္ဆံုးေသာ Beta 4 (Developer Preview 5) ကို ေရာက္ရွိေနျပီျဖစ္ျပီး Stable Version Update ထြက္ရွိမယ့္အခ်ိန္ကို ေစာင့္ဆိုင္းေနတယ္လုိ႔ ေျပာလုိ႔ရပါတယ္။ စမတ္ဖုန္းနဲ႔ ပတ္သတ္တဲ့ Leak ေတြကို ထုတ္ေနၾက Evan Blass ရဲ႕ အဆိုအရေတာ့ အဆိုပါ Android P ထြက္ရွိလာမယ့္အခ်ိန္ကလည္း နီးစပ္ေနျပီပဲျဖစ္ပါတယ္။

Evan Blass ရဲ႕ သူရဲ႕ Twitter Account မွာ တင္ထားတဲ့ ဓါတ္ပံုအရေတာ့ Google ကေန Android P Stable Version ကို လာမယ့္ ၾသဂုတ္လ ၂၀ ရက္ေန႔မွာ ထြက္ရွိလာမယ္လုိ႔ ေျပာၾကားထားတာျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါေန႔ဟာ Google ကေန Android P ကို Stable အေနနဲ႔ တရားဝင္ထုတ္ေပးတာျဖစ္ျပီး Android P ရဲ႕ နာမည္ကဘာလဲဆုိတာကို ေျပာၾကားသြားမွာျဖစ္ေပမယ့္ လက္ရွိ Android ဖုန္းတုိင္း Android P ကို Update ျပဳလုပ္ႏုိင္ဦးမွာေတာ့ မဟုတ္ပါဘူး။

Android P on Pixel 2 XL

Android P ကို အရင္ဆံုး Update ျပဳလုပ္ႏုိင္မယ့္ Devices ေတြကေတာ့ Google ကကိုယ္တုိင္ထုတ္လုပ္ထားတဲ့ Pixel ဖုန္းေတြပဲျဖစ္ျပီး တျခား Devices ေတြကေတာ့ လက္ရွိ Android P ကို Beta အေနနဲ႔ အသံုးျပဳေနႏုိင္တဲ့ Nokia ၊ OnePlus ဖုန္းေတြက Pixel ေနာက္ပိုင္း Update ရလာဖုိ႔ရွိပါတယ္။

အခု Android P ဟာဆိုရင္ ၾကီးမားတဲ့ေျပာင္းလဲမႈေတြအေနနဲ႔ Gesture Navigation စနစ္အသစ္ကို အသံုးျပဳလာသလုိ တျခားေသာ Feature Update ေတြလည္း အမ်ားအျပားပါဝင္ေနတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Android Oreo ကေနဆိုရင္လည္း ေျပာင္းလဲမႈကအမ်ားအျပားရွိေနမွာပါ။

Google Health Features

ဒါေပမယ့္ Android P မွာ Google ရဲ႕ App အသံုးခဲ့တဲ့အခ်ိန္ေတြကို ျပန္လည္ၾကည့္ရႈႏုိင္တဲ့ Dashboard နဲ႔ App ေတြကို အသံုးျပဳလုိ႔မရေအာင္ ျပဳလုပ္လုိက္တဲ့ Wind Down Feature ေတြကေတာ့ ပါဝင္ဦးမွာမဟုတ္ပါဘူး။ အဆိုပါ Feature ေတြကေတာ့ လာမယ့္ေအာက္တိုဘာလၾကမွ Android 9.1 အေနနဲ႔ Pixel 3 ဖုန္းေတြနဲ႔အတူ ပါဝင္လာမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ကနေ Android P ဒါမှမဟုတ် Android Version 9.0 ကို စမ်းသပ်နေတာ အခုဆိုရင်လနဲ့ချီပြီကြာသွားခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O 2018 မှာ Google ကနေ Android P Beta ကို Public ကို Update ပြုလုပ်ခွင့်ပေးခဲ့ပြီး Google Pixel ဖုန်းတွေအပြင် တချို့သော စမတ်ဖုန်းတွေပါ စမ်းသပ်သုံးစွဲခွင့်ရခဲ့ပါတယ်။

Android P on Beta 4

အခုအချိန်မှာတော့ Android P Beta ဟာ နောက်ဆုံးသော Beta 4 (Developer Preview 5) ကို ရောက်ရှိနေပြီဖြစ်ပြီး Stable Version Update ထွက်ရှိမယ့်အချိန်ကို စောင့်ဆိုင်းနေတယ်လို့ ပြောလို့ရပါတယ်။ စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့ Leak တွေကို ထုတ်နေကြ Evan Blass ရဲ့ အဆိုအရတော့ အဆိုပါ Android P ထွက်ရှိလာမယ့်အချိန်ကလည်း နီးစပ်နေပြီပဲဖြစ်ပါတယ်။

Evan Blass ရဲ့ သူရဲ့ Twitter Account မှာ တင်ထားတဲ့ ဓါတ်ပုံအရတော့ Google ကနေ Android P Stable Version ကို လာမယ့် သြဂုတ်လ ၂၀ ရက်နေ့မှာ ထွက်ရှိလာမယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါနေ့ဟာ Google ကနေ Android P ကို Stable အနေနဲ့ တရားဝင်ထုတ်ပေးတာဖြစ်ပြီး Android P ရဲ့ နာမည်ကဘာလဲဆိုတာကို ပြောကြားသွားမှာဖြစ်ပေမယ့် လက်ရှိ Android ဖုန်းတိုင်း Android P ကို Update ပြုလုပ်နိုင်ဦးမှာတော့ မဟုတ်ပါဘူး။

Android P on Pixel 2 XL

Android P ကို အရင်ဆုံး Update ပြုလုပ်နိုင်မယ့် Devices တွေကတော့ Google ကကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Pixel ဖုန်းတွေပဲဖြစ်ပြီး တခြား Devices တွေကတော့ လက်ရှိ Android P ကို Beta အနေနဲ့ အသုံးပြုနေနိုင်တဲ့ Nokia ၊ OnePlus ဖုန်းတွေက Pixel နောက်ပိုင်း Update ရလာဖို့ရှိပါတယ်။

အခု Android P ဟာဆိုရင် ကြီးမားတဲ့ပြောင်းလဲမှုတွေအနေနဲ့ Gesture Navigation စနစ်အသစ်ကို အသုံးပြုလာသလို တခြားသော Feature Update တွေလည်း အများအပြားပါဝင်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Android Oreo ကနေဆိုရင်လည်း ပြောင်းလဲမှုကအများအပြားရှိနေမှာပါ။

Google Health Features

ဒါပေမယ့် Android P မှာ Google ရဲ့ App အသုံးခဲ့တဲ့အချိန်တွေကို ပြန်လည်ကြည့်ရှုနိုင်တဲ့ Dashboard နဲ့ App တွေကို အသုံးပြုလို့မရအောင် ပြုလုပ်လိုက်တဲ့ Wind Down Feature တွေကတော့ ပါဝင်ဦးမှာမဟုတ်ပါဘူး။ အဆိုပါ Feature တွေကတော့ လာမယ့်အောက်တိုဘာလကြမှ Android 9.1 အနေနဲ့ Pixel 3 ဖုန်းတွေနဲ့အတူ ပါဝင်လာမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com