Google ရဲ့ Pixel Launcher ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေ ဒါမှမဟုတ် Google Pixel ဖုန်းတွေဟာ အခုအချိန်အထိ Theme ကို ကိုယ်တိုင် ပြောင်းလဲလို့ မရသေးပဲ အသုံးပြုထားတဲ့ Wallpaper ပေါ်မှုတည်ပြီး Light Theme နဲ့ Dark Theme ကို အလိုအလျောက်ပြောင်းလဲသွားတာဖြစ်ပါတယ်။

Google Pixel


Google Pixel Theme



Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ရဲ့ Pixel Launcher ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေ ဒါမှမဟုတ် Google Pixel ဖုန်းတွေဟာ အခုအချိန်အချိန်အထိ Theme ကို ကိုယ်တိုင် ပြောင်းလဲလို့ မရသေးပဲ အသုံးပြုထားတဲ့ Wallpaper ပေါ်မှုတည်ပြီး Light Theme နဲ့ Dark Theme ကို အလိုအလျောက်ပြောင်းလဲသွားတာဖြစ်ပါတယ်။

Google Pixel

အဲ့ဒီအတွက် တကယ်လို့ ကိုယ်နှစ်သက်တဲ့ Wallpaper လည်း ထားချင်တယ်၊ Dark Theme ကိုလည်းအသုံးပြုချင်တယ်ဆိုရင်တော့ အဆင်မပြေခဲ့ပဲ အနက်ရောင်များပြားတဲ့ Wallpaper ကို ထားထားမှသာ Theme ကလည်း Dark Theme ဖြစ်နေတာဖြစ်ပါတယ်။

Google Pixel Theme

Google ကနေ အခုအချိန်မှာတော့ အဆိုပါအချက်ကို ပြောင်းလဲတော့မှာဖြစ်ပြီးတော့ Android P ရဲ့ နောက် Version မှာ Pixel Launcher ကို Dark Theme နဲ့ Light Theme ကို အသုံးပြုသူကိုယ်တိုင် ရွေးချယ်နိုင်မှာဖြစ်ပြီးတော့ ယခင်ကလို Wallpaper ပေါ်မှုတည်ပြီးတော့ ပြောင်းလဲတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

Google ရဲ့ Android P Developer Preview ဟာ အခုအချိန်မှာ Beta 2 Version 3 အထိ ရောက်ရှိနေပြီးဖြစ်ပြီး Developer Preview 4 ကို ယခုလအတွင်းမှာ ထပ်မံထုတ်ပေးသွားမှာဖြစ်ပြီး အဲ့ဒီအချိန်ကြရင် အခု Feature လည်း ပါဝင်လာမယ်လို့ ယူဆရပါတယ်။ အခု Feature ဟာ ဖုန်းရဲ့ Settings – Display – Device Theme ကနေ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com