Nexus 5X ၊ Nexus 6P နဲ႔ Pixel C Tablet ေတြေတာင္ Update ရရွိမွာမဟုတ္ေတာ့တဲ့ Android P

Google ရဲ႕ Android OS ဟာ Apple ရဲ႕ iOS နဲ႔ ယွဥ္ရင္ Update ရရွိမႈေႏွးေကြးတယ္လုိ႔ ေျပာလုိ႔ရတဲ့ Operating System တစ္ခုျဖစ္ပါတယ္။ Google ကိုယ္တိုင္ကေတာ့ သူရဲ႕ Android OS ကို အသံုးျပဳထားတဲ့ Devices ေတြဟာ ၂ ႏွစ္ဆက္တိုက္ Software Update ေတြရရွိသင့္တယ္လုိ႔ ဆိုထားေပမယ့္ အမ်ားစုကေတာ့ Flagship စမတ္ဖုန္းေတြကလြဲရင္ Update ျပဳလုပ္ေလ့မရွိတတ္ပါဘူး။

အခုအခ်ိန္မွာ Google ကေန Android Version 9.0 သို႔ Android P ကို Developer Preview အေနနဲ႔ ထုတ္ေပးလုိက္ျပီးေတာ့ ျပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ထုတ္ခဲ့ထားခဲ့တဲ့ Google Pixel 2 ၊ 2 XL စမတ္ဖုန္းေတြနဲ႔ ၂၀၁၆ ခုႏွစ္ကထုတ္ထားတဲ့ Google Pixel ၊ Pixel XL ဖုန္းေတြက Download ျပဳလုပ္ႏိုင္ေနျပီျဖစ္ပါတယ္။ ဒါေပမယ့္ Google ရဲ႕ Pixel ဖုန္းေတြမတိုင္ခင္ အေရွ႕မွာ ထုတ္လုပ္ထားခဲ့တဲ့ Nexus 5X ၊ Nexus 6P နဲ႔ Pixel C Tablet ေတြကိုေတာ့ Google ရဲ႕ Android P Update ျပဳလုပ္ႏုိင္တဲ့ စာရင္းထဲကို ထည့္သြင္းထားခဲ့ျခင္းမရွိပါဘူး။

အဲ့ဒီအတြက္ Google ရဲ႕ ကိုယ္ပိုင္ Devices ေတြကေတာင္ ၂ ႏွစ္အထိပဲ Update ျပဳလုပ္ႏုိင္မယ္ဆိုတာကို သက္ေသခံသြားတာျဖစ္ျပီးေတာ့ လက္ရွိ Android 8.0 Oreo ကိုေတာင္ အျခား Android Devices ေတြအကုန္လံုး Update ျပဳလုပ္ႏုိင္ျခင္းမရွိေသးတဲ့အတြက္ အခု Android P ဟာ Google Pixel ဖုန္းေတြကလြဲျပီး အျခား Devices ေတြက Update လုပ္ႏုိင္ဖုိ႔ ခက္ခဲမွာပါ။

တဖက္မွာေတာ့ Apple ရဲ႕ iOS 11 OS ဟာ ျပီးခဲ့တဲ့ ၂၀၁၃ ခုႏွစ္ကထြက္ရွိထားတဲ့ iPhone 5S ၊ iPad Mini 2 လုိ iDevices ေတြအတြက္ပါ Support ျပဳလုပ္ေနတဲ့အတြက္ Apple ရဲ႕ Ecosystem ကေတာ့ ေရရွည္အသံုးျပဳမႈေတြအတြက္ အေကာင္းဆံုးေရြးခ်ယ္စရာျဖစ္ေနဆဲပါ။

Google ကေတာ့ အခုေနာက္ပိုင္းမွာ Pixel 2 ဖုန္းေတြကို Software Update ၂ ႏွစ္အစား ၃ ႏွစ္ေျပာင္းလဲေပးမယ္လုိ႔ ဆုိထားတဲ့အတြက္ Google Pixel ဖုန္းေတြရဲ႕ Software Update ရရွိႏိုင္မႈကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ရဲ့ Android OS ဟာ Apple ရဲ့ iOS နဲ့ ယှဉ်ရင် Update ရရှိမှုနှေးကွေးတယ်လို့ ပြောလို့ရတဲ့ Operating System တစ်ခုဖြစ်ပါတယ်။ Google ကိုယ်တိုင်ကတော့ သူရဲ့ Android OS ကို အသုံးပြုထားတဲ့ Devices တွေဟာ ၂ နှစ်ဆက်တိုက် Software Update တွေရရှိသင့်တယ်လို့ ဆိုထားပေမယ့် အများစုကတော့ Flagship စမတ်ဖုန်းတွေကလွဲရင် Update ပြုလုပ်လေ့မရှိတတ်ပါဘူး။

အခုအချိန်မှာ Google ကနေ Android Version 9.0 သို့ Android P ကို Developer Preview အနေနဲ့ ထုတ်ပေးလိုက်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ထုတ်ခဲ့ထားခဲ့တဲ့ Google Pixel 2 ၊ 2 XL စမတ်ဖုန်းတွေနဲ့ ၂၀၁၆ ခုနှစ်ကထုတ်ထားတဲ့ Google Pixel ၊ Pixel XL ဖုန်းတွေက Download ပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် Google ရဲ့ Pixel ဖုန်းတွေမတိုင်ခင် အရှေ့မှာ ထုတ်လုပ်ထားခဲ့တဲ့ Nexus 5X ၊ Nexus 6P နဲ့ Pixel C Tablet တွေကိုတော့ Google ရဲ့ Android P Update ပြုလုပ်နိုင်တဲ့ စာရင်းထဲကို ထည့်သွင်းထားခဲ့ခြင်းမရှိပါဘူး။

အဲ့ဒီအတွက် Google ရဲ့ ကိုယ်ပိုင် Devices တွေကတောင် ၂ နှစ်အထိပဲ Update ပြုလုပ်နိုင်မယ်ဆိုတာကို သက်သေခံသွားတာဖြစ်ပြီးတော့ လက်ရှိ Android 8.0 Oreo ကိုတောင် အခြား Android Devices တွေအကုန်လုံး Update ပြုလုပ်နိုင်ခြင်းမရှိသေးတဲ့အတွက် အခု Android P ဟာ Google Pixel ဖုန်းတွေကလွဲပြီး အခြား Devices တွေက Update လုပ်နိုင်ဖို့ ခက်ခဲမှာပါ။

တဖက်မှာတော့ Apple ရဲ့ iOS 11 OS ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကထွက်ရှိထားတဲ့ iPhone 5S ၊ iPad Mini 2 လို iDevices တွေအတွက်ပါ Support ပြုလုပ်နေတဲ့အတွက် Apple ရဲ့ Ecosystem ကတော့ ရေရှည်အသုံးပြုမှုတွေအတွက် အကောင်းဆုံးရွေးချယ်စရာဖြစ်နေဆဲပါ။

Google ကတော့ အခုနောက်ပိုင်းမှာ Pixel 2 ဖုန်းတွေကို Software Update ၂ နှစ်အစား ၃ နှစ်ပြောင်းလဲပေးမယ်လို့ ဆိုထားတဲ့အတွက် Google Pixel ဖုန်းတွေရဲ့ Software Update ရရှိနိုင်မှုကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com