


Android P Media Volume


Android P


Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ကနေ Android P Developer Preview 2 (ပထမဆုံး Beta Version) ကို ပြီးခဲ့တဲ့ မေလတုန်းကပြုလုပ်ခဲ့တဲ့ Google I/O 2018 မှာ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ Android P ဟာ လက်ရှိအချိန်မှာအကောင်းဆုံးသော Android OS တစ်ခုဖြစ်နေတာပြီးတော့ မနေ့တုန်းက Google ကနေ Android P အတွက် Developer Preview 4 (Beta 3) ကို Update ထပ်မံထုတ်ပေးခဲ့ပါတယ်။

Android P Developer Preview 4 Update

Google ရဲ့ ပြောကြားချက်အရတော့ ပြီးခဲ့တဲ့ Developer Preview 3 က Android P ရဲ့ Final API Level တွေပါဝင်တဲ့အတွက် Android P Stable Version နဲ့ နီးစပ်နေပြီဖြစ်ပြီးတော့ အခုနောက်ဆုံးထွက်လာတဲ့ Developer Preview 4 ကတော့ လုံးဝကို Stable Android P နဲ့ တူညီအောင် Bug Fixes တွေအများအပြား ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခင် Developer Preview တွေလိုမဟုတ်ဘဲ စမ်းသပ်အသုံးပြုချင်တယ်ဆိုရင် အခု Developer Preview 4 က အသင့်တော်ဆုံးဖြစ်လာပါပြီ။

Android P Media Volume

Google ဟာ Android P ရဲ့ နာမည်ကို တရားဝင်ပြောကြားထားသေးပေမယ့် Android P က Android 9 ဖြစ်လာမယ်ဆိုတာကို Developer Preview 3 မှာ အတည်ပြုသွားခဲ့ပါတယ်။ အခု Developer Preview 4 ထွက်ရှိပြီး နောက်ထပ် Developer Preview 5 ထွက်ရှိဖို့ပဲ ကျန်တော့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ လာမယ့် သြဂုတ်လမှာ Android P ကို Stable Version အနေနဲ့ အသုံးပြုလို့ရနိုင်တော့မှာပါ။

Android P

Google က အခု Android P မှာ ယခင်ကလိုမျိုး Wallpaper ပေါ်မူတည်ပြီး Dark Theme နဲ့ Light Theme ကို အလိုအလျောက်ပြောင်းလဲပေးတဲ့အစား ကိုယ့်စိတ်ကြိုက် Theme ကို ရွေးချယ်နိုင်တဲ့ Option ကို ယခု Developer Preview 4 မှာ ထည့်သွင်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ Google Android P Developer Version 4 မှာ Google ကနေ ကြေညာထားခဲ့တဲ့ Google Dashboard ၊ Wind Down လိုမျိုး Service တွေပါဝင်ခြင်းမရှိသေးတဲ့အတွက် Android P Stable Version ကြမှပဲ ပါဝင်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com