Google ရဲ႕ Android Version 9.0 တျဖစ္လဲ Android P က အခုအခ်ိန္မွာေတာ့ တရားဝင္ Stable ထြက္ရွိဖုိ႔ တာစူေနပါျပီ။ Google ဟာ ပထမဆံုးေသာ Beta Version (Developer Preview 2) ကို ျပီးခဲ့တဲ့ ေမလမွာျပဳလုပ္ခဲ့တဲ့ Google I/O 2018 အျပီးမွာ ထုတ္ေပးခဲ့တာျဖစ္ျပီး အခုအခ်ိန္မွာေတာ့ Android P ဟာ ေနာက္ဆံုး Final Beta Preview (Developer Preview 5) ကို ေရာက္ရွိလာျပီပဲျဖစ္ပါတယ္။

Android P Final Beta

Google ဟာ ယခု Final Beta 4 ကို ယေန႔မွာ Google Pixel ဖုန္းေတြအတြက္ တရားဝင္ထုတ္ေပးလုိက္ျပီးေတာ့ ဒါက ယခင္က သတ္မွတ္ထားတဲ့ Timeline ျဖစ္တဲ့ ၾသဂုတ္လအတြင္းနဲ႔ ယွဥ္ရင္ပိုျပီး ျမန္ဆန္စြာ Update ျပဳလုပ္ေပးလုိက္တာပဲျဖစ္ပါတယ္။ Google ရဲ႕ ျပီးခဲ့တဲ့ Beta 3 ဟာ Final API ေတြနဲ႔ Software ပိုင္းအမ်ားစု Stable ျဖစ္သြားျပီျဖစ္တဲ့အတြက္ Daily Usage အတြက္မွာပါ အသံုးျပဳႏုိင္ခဲ့တာျဖစ္ျပီးေတာ့ အခု Final Beta 4 မွာေတာ့ အခ်ိဳ႕ေသာ Bug Fix ေတြကိုပဲ ျပဳလုပ္ျပီး ပိုျပီး Smooth ျဖစ္ေအာင္ မြမ္းမံျပီး ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။

Android P

အခု Android P Beta 4 ဟာ Google ကေန မိတ္ဆက္ခဲ့တဲ့ Gesture-based Navigation စနစ္ကို အတည္ျပဳလုိက္ျပီျဖစ္သလုိ အျခားေသာ Feature ေတြကလည္း လံုးဝ Stable ျဖစ္ေနျပီလုိ႔ ေျပာလုိ႔ရမွာပါ။ အမ်ားစုကေတာ့ ယခင္ Beta 3 ကေန ေျပာင္းလဲသြားတဲ့အရာ၊ ထပ္တိုးလာတဲ့ Feature ေတြမရွိခဲ့ေပမယ့္ Home Screen က Google Search Bar မွာ Microphone ပံုေပ်ာက္သြားတာကပဲ ေျပာင္းလဲမႈတစ္ခုလုိ႔ ေျပာရမွာပါ။

Android P ဟာ Google ကေန ထုတ္လုပ္သမွ် Android Version ေတြထဲမွာ အၾကီးမားဆံုးအေျပာင္းအလဲေတြရွိခဲ့တဲ့ Android Version တစ္ခုျဖစ္ျပီးေတာ့ Gesture-based Navigation စနစ္ကို လံုးဝ ဝင္ေရာက္လာခဲ့တဲ့အျပင္ User Interface ပိုင္းေတြ၊ OS အတြင္းပိုင္းမွာလည္း Adaptive Battery ၊ Adaptive Brightness စတဲ့ AI Feature ေတြကိုပါ မိတ္ဆက္လာခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Android P ဟာ လက္ရွိ Android 8.1 Oreo နဲ႔ ယွဥ္ရင္ေတာင္ သိသိသာသာကို ေျပာင္းလဲသြားမွာပါ။

Android P on Pixel 2

အခုလုိမ်ိဳး ေျပာင္းလဲမႈေတြမ်ားျပားေနေပမယ့္လည္း Google ကေန Google I/O 2018 မွာ ေျပာၾကားသြားခဲ့တဲ့ Digital Wellness Feature ေတြျဖစ္တဲ့ App Timer ၊ Dashboard Feature ေတြကေတာ့ ယခု Beta 4 မွာလည္း ပါဝင္ဦးမွာမဟုတ္ပါဘူး။ Google ရဲ႕ ေျပာၾကားခ်က္အရေတာ့ အဆိုပါ Feature ေတြဟာ ယခုႏွစ္ကုန္ပိုင္းမွ ပါဝင္လာမွာျဖစ္တဲ့အတြက္ လာမယ့္ ေအာက္တိုဘာလ Google Pixel 3 ဖုန္းေတြထြက္မွပဲ Android 9.1 နဲ႔အတူ ပါဝင္လာမယ့္ပံုပါပဲ။

Google ရဲ႕ Android P က Stable ထြက္ရွိဖုိ႔ တစ္ဆင့္ပဲ လုိေတာ့တာျဖစ္ေပမယ့္လည္း အခုအခ်ိန္အထိ Android P ရဲ႕ P က ဘာကို ကိုယ္စားျပဳမလဲဆိုတာကေတာ့ မသိရေသးပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ရဲ့ Android Version 9.0 တဖြစ်လဲ Android P က အခုအချိန်မှာတော့ တရားဝင် Stable ထွက်ရှိဖို့ တာစူနေပါပြီ။ Google ဟာ ပထမဆုံးသော Beta Version (Developer Preview 2) ကို ပြီးခဲ့တဲ့ မေလမှာပြုလုပ်ခဲ့တဲ့ Google I/O 2018 အပြီးမှာ ထုတ်ပေးခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Android P ဟာ နောက်ဆုံး Final Beta Preview (Developer Preview 5) ကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။

Android P Final Beta

Google ဟာ ယခု Final Beta 4 ကို ယနေ့မှာ Google Pixel ဖုန်းတွေအတွက် တရားဝင်ထုတ်ပေးလိုက်ပြီးတော့ ဒါက ယခင်က သတ်မှတ်ထားတဲ့ Timeline ဖြစ်တဲ့ သြဂုတ်လအတွင်းနဲ့ ယှဉ်ရင်ပိုပြီး မြန်ဆန်စွာ Update ပြုလုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။ Google ရဲ့ ပြီးခဲ့တဲ့ Beta 3 ဟာ Final API တွေနဲ့ Software ပိုင်းအများစု Stable ဖြစ်သွားပြီဖြစ်တဲ့အတွက် Daily Usage အတွက်မှာပါ အသုံးပြုနိုင်ခဲ့တာဖြစ်ပြီးတော့ အခု Final Beta 4 မှာတော့ အချို့သော Bug Fix တွေကိုပဲ ပြုလုပ်ပြီး ပိုပြီး Smooth ဖြစ်အောင် မွမ်းမံပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Android P

အခု Android P Beta 4 ဟာ Google ကနေ မိတ်ဆက်ခဲ့တဲ့ Gesture-based Navigation စနစ်ကို အတည်ပြုလိုက်ပြီဖြစ်သလို အခြားသော Feature တွေကလည်း လုံးဝ Stable ဖြစ်နေပြီလို့ ပြောလို့ရမှာပါ။ အများစုကတော့ ယခင် Beta 3 ကနေ ပြောင်းလဲသွားတဲ့အရာ၊ ထပ်တိုးလာတဲ့ Feature တွေမရှိခဲ့ပေမယ့် Home Screen က Google Search Bar မှာ Microphone ပုံပျောက်သွားတာကပဲ ပြောင်းလဲမှုတစ်ခုလို့ ပြောရမှာပါ။

Android P ဟာ Google ကနေ ထုတ်လုပ်သမျှ Android Version တွေထဲမှာ အကြီးမားဆုံးအပြောင်းအလဲတွေရှိခဲ့တဲ့ Android Version တစ်ခုဖြစ်ပြီးတော့ Gesture-based Navigation စနစ်ကို လုံးဝ ဝင်ရောက်လာခဲ့တဲ့အပြင် User Interface ပိုင်းတွေ၊ OS အတွင်းပိုင်းမှာလည်း Adaptive Battery ၊ Adaptive Brightness စတဲ့ AI Feature တွေကိုပါ မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Android P ဟာ လက်ရှိ Android 8.1 Oreo နဲ့ ယှဉ်ရင်တောင် သိသိသာသာကို ပြောင်းလဲသွားမှာပါ။

Android P on Pixel 2

အခုလိုမျိုး ပြောင်းလဲမှုတွေများပြားနေပေမယ့်လည်း Google ကနေ Google I/O 2018 မှာ ပြောကြားသွားခဲ့တဲ့ Digital Wellness Feature တွေဖြစ်တဲ့ App Timer ၊ Dashboard Feature တွေကတော့ ယခု Beta 4 မှာလည်း ပါဝင်ဦးမှာမဟုတ်ပါဘူး။ Google ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Feature တွေဟာ ယခုနှစ်ကုန်ပိုင်းမှ ပါဝင်လာမှာဖြစ်တဲ့အတွက် လာမယ့် အောက်တိုဘာလ Google Pixel 3 ဖုန်းတွေထွက်မှပဲ Android 9.1 နဲ့အတူ ပါဝင်လာမယ့်ပုံပါပဲ။

Google ရဲ့ Android P က Stable ထွက်ရှိဖို့ တစ်ဆင့်ပဲ လိုတော့တာဖြစ်ပေမယ့်လည်း အခုအချိန်အထိ Android P ရဲ့ P က ဘာကို ကိုယ်စားပြုမလဲဆိုတာကတော့ မသိရသေးပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com