နောက်ဆုံးတော့ အသုံးပြုသူ ၁ ရာခိုင်နှုန်းကျော်သွားပြီဖြစ်တဲ့ Android Oreo






Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ကနေ Android 8.0 Oreo ကို မိတ်ဆက်ခဲ့တာဟာ အခုဆိုရင် လနဲ့ချီပြီး ကြာနေပြီဖြစ်ပါတယ်။ Google ကနောက်ထပ်လည်း Android 8.1 Oreo ကို မိတ်ဆက်ခဲ့သေးတဲ့အတွက် အခုအချိန်မှာ Android Oreo ကို အသုံးပြုနေတဲ့ စမတ်ဖုန်းတွေက များပြားလာသင့်ပြီလို့ ပြောရမှာပါ။

ဒါပေမယ့် Google ရဲ့ တရားဝင်ထုတ်ပြန်ချက်အရတော့ Android 8.0 Oreo ဟာ အခုအချိန်မှာ အသုံးပြုသူ ၁.၁ ရာခိုင်နှုန်းပဲရှိနေသေးတယ်လို့ သိရပါတယ်။ အခုလိုမျိုး နောက်ဆုံးထွက် Android Version ကို အသုံးပြုသူတွေက အလွန်နည်းပါးတယ်ဆိုပေမယ့် Android Oreo မထွက်ခင် အရှေ့က Version ဖြစ်တဲ့ Android 7.0 ၊ Android 7.1 Nougat Version တွေကတော့ အခုအချိန်မှာ ၂၈.၅ ရာခိုင်နှုန်းနဲ့ လူသုံးအများဆုံး Android Version ဖြစ်လာတယ်လို့ သိရပါတယ်။

Android 7 Nougat အနောက်မှာတော့ Android Version 6.0 Marshmallow က သုံးစွဲသူ ၂၈.၁ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာရှိနေတယ်လို့ သိရပါတယ်။

အခုလိုမျိုး Google ရဲ့ နောက်ဆုံးထွက် Android Version ကို သုံးစွဲမှုအလွန်နည်းပါးနေပြီး လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်လောက်တုန်းက Android Version တွေပဲ အသုံးပြုမှုများပြားနေတာဟာ စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ ထုတ်လုပ်ပြီးခဲ့တဲ့ စမတ်ဖုန်းတွေကို Software Update လုံလောက်အောင် မထုတ်ပေးနိုင်ပဲ စမတ်ဖုန်းအသစ်တွေကိုပဲ ထုတ်လုပ်ဖို့ အာရုံစိုက်နေတယ်ဆိုတာ သိသာနေပါတယ်။

အချို့သော စမတ်ဖုန်းထုတ်လုပ်သူတွေက သူတို့ရဲ့ Flagship ဖုန်းတွေကိုတော့ Android Oreo Update ထုတ်ပေးပြီးဖြစ်ပေမယ့် အဓိကစမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Samsung ကတော့ အခုအချိန်အထိ Samsung Galaxy S8 ရော ၊ Galaxy Note 8 ရောကို Android Oreo Update ထုတ်ပေးနိုင်ခြင်းမရှိသေးပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com