Ref : Android Community
Zawyè (Akhayar) 
www.akhayar.com
[UNICODE]
ပြီးခဲ့တဲ့ မေလတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O 2018 မှာ Google ကနေ Android 9 Pie မှာ ပါဝင်လာမယ့် Feature အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အခု Feature ကတော့ Digital Wellbeing Feature ပဲဖြစ်ပြီး ကိုယ့်ဖုန်းကို ဘယ်လောက်အသုံးပြုနေသလဲဆိုတာကို သိနိုင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။
Google Digital Wellbeing
ဒါပေမယ့် Google က အဆိုပါ Digital Wellbeing Feature ကို Android 9 Pie Update နဲ့အတူ Google Pixel စမတ်ဖုန်းတွေမှာပဲ Beta Version အနေနဲ့ ပေးစမ်းသုံးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိစျေးကွက်ထဲမှာရှိနေတဲ့ စမတ်ဖုန်းတွေအများအပြားက အသုံးပြုနိုင်ခြင်းမရှိခဲ့ပါဘူး။
Google Digital Wellbeing
အခုအချိန်မှာတော့ Google ကနေ Digital Wellbeing Feature ကို Android One ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေအားလုံးအတွက် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့်တစ်ခုရှိတာက အဆိုပါ Android One စမတ်ဖုန်းတွေက Android 9 Pie ကို အသုံးပြုထားဖို့ လိုအပ်မှာဖြစ်ပြီးတော့ Google ရဲ့ Digital Wellbeing Feature အတွက် Beta Tester Page မှာ သွားပြီး Register ပြုလုပ်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။
Google ရဲ့ Digital Wellbeing ဆိုတာကတော့ Application တွေရဲ့ အသုံးပြုမှုတစ်ခုချင်းစီရဲ့ အချိန်ကိုဖော်ပြပေးပြီးတော့ ကိုယ်သတ်မှတ်ချင်သလောက်အချိန်ကိုလည်း သတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Wind Down Feature ကလည်း ညအချိန်ရောက်ရင် Notification တွေနဲ့ Screen ကို Grayscale ပြောင်းလဲပေးသွားပြီး ညဘက်မှာ အနှောင့်အယှက်မဖြစ်စေဘဲ အသုံးပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
Google Digital Wellbeing
ဘာပဲဖြစ်ဖြစ် Google က မိတ်ဆက်ခဲ့တဲ့ Android Pie ရဲ့ အကောင်းဆုံး Feature တစ်ခုဖြစ်တဲ့ Digital Wellbeing ကို Pixel မဟုတ်တဲ့ Device တွေမှာလည်း စတင်အသုံးပြုနိုင်ပါပြီ။
Ref : Android Community
Zawyè (Akhayar) 
www.akhayar.com