
Android Messages





Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ရဲ့ ကိုယ်ပိုင် Google Assistant ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော AI Assistant တစ်ခုဖြစ်နေပြီးတော့ လူသုံးအများဆုံးဖြစ်နေတယ်ဆိုရင်လည်း မမှားပါဘူး။ အခုအချိန်မှာလည်း Google ကနေ အဆိုပါ Google Assistant ကို Android Messages မှာပါ ရရှိအောင် ဆောင်ရွက်ပေးတော့မှာပဲဖြစ်ပါတယ်။

Android Messages

Google က ယခင်တုန်းကလည်း Android Messages တွေမှာ Smart Replies တွေကို ထည့်သွင်းပေးခဲ့ပြီးတော့ အခုအချိန်မှာတော့ Google က ယခင်က Messaging Application တစ်ခုဖြစ်တဲ့ Allo မှာ အသုံးပြုခဲ့သလိုမျိုး Google Assistant ကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Google Assistant in Android Messages

အခုလိုမျိုး Google ရဲ့ Messages မှာ Google Assistant ကို ရရှိလာမှာဖြစ်တဲ့အတွက် တကယ်လို့ ဘယ်မှာ ထမင်းစားကြမလဲလို့ ပြောလိုက်တာနဲ့တင် Google Assistant က အနီးအနားမှာရှိတဲ့ Restaurant တွေကို ဖော်ပြသွားတော့မှာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးပဲ ရာသီဥတုအကြောင်းပြောနေပြီဆိုရင်လည်း Google Assistant က ကိုယ့်အနီးတဝိုက်မှာရှိတဲ့ ရာသီဥတုကို ဖော်ပြသွားမှာဖြစ်ပါတယ်။

အခုလိုမျိုး Google Assistant က ကိုယ့်ရဲ့ Messages တွေကို အခုလိုမျိုး လိုက်ပြီးဖတ်ကြည့်နေပြီးတော့ လိုက်ပြီး Action ပြုလုပ်ပေးနေတာက တချို့သူတွေအတွက်ကတော့ အကြိုက်တွေ့မှာမဟုတ်ပေမယ့်လည်း နည်းပညာပိုင်းအရတော်တော်လေးကို အဆင့်မြင့်လာပြီလို့ ပြောလို့ရပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com