[Zawgyi]
Ref;XDA
Phone Hay Ko (Akhayar)
www.akhayar.com
[Unicode]
Specification နိမ့်တဲ့ စမတ်ဖုန်းတွေအတွက်ထွက်ရှိလာတဲ့ Pixel Launcher
Launcher : ဒီနေ့ခေတ်မှာ Android စမတ်ဖုန်းအတွက် မရေတွက်နိုင်တဲ့ launcher တွေအများအပြားတွေ့မြင်နေရပါတယ်၊ Nova Launcher နဲ့ Action Launcher တို့ဟာလည်း အတော်ကို လူကြိုက်များတဲ့ Popular Launcher တွေလည်းဖြစ်ပါတယ်။
ဒါပေမယ့် 80% သော Launcher တွေဟာ UI ပိုင်းဦးစားပေးပြီး အလှအပတွေ Visual Effect တွေကိုသာ အဓိကထားကြပါတယ်။ UI ပိုင်းကိုဦးစားပေးထားတဲ့အတွက် Specification မြင့်တဲ့ဖုန်းတွေ မှာပြဿနာမရှိပေမယ့် Specification နိမ့်တဲ့ဖုန်းတွေမှာတော့ အဆိုပါ Launcher မျိုးကိုထည့်လိုက်တာနဲ့ ဖုန်းရဲ့ Performance ကိုအနှောင့်အယှက်ပေးတာမျိုးကြုံရပါတယ်။
Android Go-optimized Pixel Launcher ကတော့ Specification နိမ့်ပြီး RAM ပါဝင်မှုနည်းပါးတဲ့ စမတ်ဖုန်းတွေအတွက် အဆင်အပြေအောင် Google ကထုတ်ပေးလိုက်တာပါ။ ၎င်း Launcher ဟာ 4×4 Desktop Grid ပါဝင်မှာဖြစ်ပြီး Widget နဲ့ Notification Dots တွေကို Disable လုပ်ထားနိုင်တဲ့ Option လည်းပါဝင်မှာဖြစ်ပါတယ်။ စမ်းသပ်အသုံးပြုကြည့်တဲ့အခါမှာတော့ တစ်ကယ်ကိုသွက်လက်ပေါ့ပါးသလို ရိုးရှင်းလှပတဲ့ UI အသွင်အပြင်ကိုလည်းတွေ့မြင်ရပါတယ်။ File Size အနေနဲ့ 1.6MB တာရှိတာကြောင့် Memory နည်းတဲ့စမတ်ဖုန်းတွေအတွက်တော့ တစ်ကယ်ကိုအသုံးတည့်ကောင်းမွန်တဲ့ Launcher တစ်ခုဖြစ်မှာသေချာပါတယ်။
Download Pixel Launcher Go Edition
Ref;XDA
Phone Hay Ko (Akhayar)
www.akhayar.com