Android ဖန်တီးသူ Andy Rubin ဟာစမတ်ဖုန်းအသစ်တစ်ခု ပြုလုပ်နေတယ်လို့၂၀၁၇ အစပိုင်းမှာ သတင်းထွက်ပေါ်ပြီးနောက် အခုချိန်မှာ သူတီထွင်တဲ့ စမတ်ဖုန်းရဲ့ ပထမဆုံးပုံရိပ်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့ Hardware တွေနဲ့ အတူ အမြည်းချပြလိုက်ပါပြီ။ ဒါပေမယ့် စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်ကို တော့ အသေးစိတ် သိရခြင်းမရှိသေးပါဘူး။
Rubin ဟာ ” ကျွန်တော့်အနေနဲ့ ဒီစမတ်ဖုန်းရဲ့ ပုံရိပ်နဲ့ ပတ်သတ်ပြီး အရမ်းစိတ်လှုပ်ရှားနေပါတယ်။ အနှေးနဲ့အမြန်လူတွေရဲ့လက်ထဲကို ရောက်အောင်ပြုလုပ်ပေးသွားမှာပါ” ဆိုတဲ့ Caption နဲ့အတူ စမတ်ဖုန်းရဲ့ ပထမဆုံးပုံရိပ်ကို Twitter မှာ တနလာင်္နေ့က တင်ခဲ့ပါတယ်။

ပုံအရကတော့ ဘေးဘက်မှာပါတဲ့ Button ဟာ ပါဝါ Button ဖြစ်နိုင်ချေရှိပေမယ့် ပုံကိုသေချာပြထားတာမျိုးမရှိတော့ ပြောဖို့ ခက်ခဲပါတယ်။ ပုံမှာ ပါးလွှာတဲ့ ဘေးဘောင် ရှိတဲ့ Screen ကိုမြင်တွေ့ရမှာဖြစ်တဲ့အပြင် Battery နဲ့ နာရီ Icon ကိုပါမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အမြည်းချပြတဲ့ ပုံရိပ်မှာလည်း စမတ်ဖုန်းတစ်ခုလုံးကို မြင်ရတာမဟုတ်ပါဘူး။
ကောလဟလ သတင်းတွေ အရကတော့ ဒီစမတ်ဖုန်းဟာ Apple iPhone 7Plus ထက်ကြီးမယ်ဆိုထားပါတယ်။ ဒါ့အပြင် iPhone မှာပါတဲ့ 3D Touch Displey ကိုလည်းတွေ့မြင်နိုင်ဖွယ်ရှိပါတယ်။
ဒီစမတ်ဖုန်းအသစ်ကို ၂၀၁၇ နှစ်လည်ပိုင်းမှာ ဖြန့်ချီသွားမှာဖြစ်ပြီး ဈေးနှုန်းကတော့ Apple iPhone နဲ့ Google Pixel တို့နီးပါး ရှိတယ်လို့သိရပါတယ်။

Jan ( Akhayar)

Ref : mashable