[Zawgyi]

Mi Box မ်ားအတြက္ Android Oreo Update ထုတ္ေပးလိုက္တဲ့ Xiaomi

Xiaomi ရဲ႕ Mi Box ဆိုတာကေတာ့ အိမ္သံုးရိုးရိုး TV ကို Android Smart TV အျဖစ္ေျပာင္းလဲေပးႏိုင္တဲ့ လက္တစ္ဝါးစာ ေသတၱာေလးတစ္လံုးပါ။ အဆိုပါ Mi Box ကို 2016 ခုႏွစ္မွာ ႏိုင္ငံတကာကိုတင္သြင္းျဖန္႔ခ်ိခဲ့ၿပီး ခုခ်ိန္ထိကို လူႀကိဳက္မ်ားေနတဲ့ Smart Device တစ္ခုျဖစ္ေနပါေသးတယ္။

Android 8.0 Oreo Rolling Xiaomi Mi Box Owners

ပိုၿပီးလူႀကိဳက္မ်ားေနေစမယ့္အေၾကာင္းအရင္းတစ္ခ်က္ကေတာ့ ၂ႏွစ္တာကာလအခ်ိန္ၾကာၿပီးတဲ့ေနာက္မွာ ယခုေနာက္ဆံုး Android OS ျဖစ္တဲ့ Android Oreo (8.0) ကို Upgrade ျပဳလုပ္ေပးခဲ့တာပဲျဖစ္ပါတယ္။ ဒါေပမယ့္ အခု Update ဟာ Beta Program ျဖစ္ေသးတာေၾကာင့္ Mi Box အားလံုးေတာ့ရရွိျခင္းမရွိေသးပါဘူး။ Beta Tester ေတြကိုေတာ့ အခု Update မတိုင္မီ ပထမအပတ္မွာကတည္းက စမ္းသပ္အသံုးျပဳဖို႕ ေပးတားတယ္လို႔ဆိုပါတယ္။

Android 8.0 Oreo Rolling Xiaomi Mi Box Owners

အခ်ိန္အားျဖင့္ ၂ႏွစ္တာနီးပါးၾကာျမင့္ေနတဲ့ Smart Device တစ္ခုကို လက္ရွိေနာက္ဆံုး OS Upgrade လုပ္ေပးတာဟာ အေတာ္ေလးေတာ့ထူးဆန္းေနပါတယ္။ Mi Box ေတြဟာ ဘယ္တုန္းကမွ Android Nougat ရဲ႕ Final Update ကုိေတာင္ရရွိခဲ့တာမဟုတ္ပဲ အခုမွသူ႔ထက္ပိုျမင့္တဲ့ Version ကို Update ေပးေနတဲ့အတြက္ပါ။ ဘာပဲေျပာေျပာ Mi Box အသံုးျပဳသူေတြရွိေသးရင္ေတာ့ ဒါဟာ အေတာ္ေလးဝမ္းသာစရာေကာင္းတဲ့သတင္းတစ္ခုျဖစ္မွာပါ။ ခုခ်ိန္ထိ Update မရေသးဘူးဆိုရင္ေတာင္ စိတ္မပ်က္ပဲ Stable Version ကို Update ခ်ေပးတဲ့အခ်ိန္ထိ ေစာင့္ၾကည့္ဖို႔အတြက္ တိုက္တြန္းလိုက္ပါတယ္။

Ref;AndroidPit
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

Mi Box များအတွက် Android Oreo Update ထုတ်ပေးလိုက်တဲ့ Xiaomi

Xiaomi ရဲ့ Mi Box ဆိုတာကတော့ အိမ်သုံးရိုးရိုး TV ကို Android Smart TV အဖြစ်ပြောင်းလဲပေးနိုင်တဲ့ လက်တစ်ဝါးစာ သေတ္တာလေးတစ်လုံးပါ။ အဆိုပါ Mi Box ကို 2016 ခုနှစ်မှာ နိုင်ငံတကာကိုတင်သွင်းဖြန့်ချိခဲ့ပြီး ခုချိန်ထိကို လူကြိုက်များနေတဲ့ Smart Device တစ်ခုဖြစ်နေပါသေးတယ်။

Android 8.0 Oreo Rolling Xiaomi Mi Box Owners

ပိုပြီးလူကြိုက်များနေစေမယ့်အကြောင်းအရင်းတစ်ချက်ကတော့ ၂နှစ်တာကာလအချိန်ကြာပြီးတဲ့နောက်မှာ ယခုနောက်ဆုံး Android OS ဖြစ်တဲ့ Android Oreo (8.0) ကို Upgrade ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခု Update ဟာ Beta Program ဖြစ်သေးတာကြောင့် Mi Box အားလုံးတော့ရရှိခြင်းမရှိသေးပါဘူး။ Beta Tester တွေကိုတော့ အခု Update မတိုင်မီ ပထမအပတ်မှာကတည်းက စမ်းသပ်အသုံးပြုဖို့ ပေးတားတယ်လို့ဆိုပါတယ်။

Android 8.0 Oreo Rolling Xiaomi Mi Box Owners

အချိန်အားဖြင့် ၂နှစ်တာနီးပါးကြာမြင့်နေတဲ့ Smart Device တစ်ခုကို လက်ရှိနောက်ဆုံး OS Upgrade လုပ်ပေးတာဟာ အတော်လေးတော့ထူးဆန်းနေပါတယ်။ Mi Box တွေဟာ ဘယ်တုန်းကမှ Android Nougat ရဲ့ Final Update ကိုတောင်ရရှိခဲ့တာမဟုတ်ပဲ အခုမှသူ့ထက်ပိုမြင့်တဲ့ Version ကို Update ပေးနေတဲ့အတွက်ပါ။ ဘာပဲပြောပြော Mi Box အသုံးပြုသူတွေရှိသေးရင်တော့ ဒါဟာ အတော်လေးဝမ်းသာစရာကောင်းတဲ့သတင်းတစ်ခုဖြစ်မှာပါ။ ခုချိန်ထိ Update မရသေးဘူးဆိုရင်တောင် စိတ်မပျက်ပဲ Stable Version ကို Update ချပေးတဲ့အချိန်ထိ စောင့်ကြည့်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။

Ref;AndroidPit
Phone Hay Ko (Akhayar)
www.akhayar.com