Google ကနေ အခုအချိန်မှာတော့ Android စမတ်ဖုန်းတွေအတွက် Major OS Update တစ်ခုဖြစ်တဲ့ Android 10 Update ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Update ဟာ လောလောဆယ်မှာတော့ Google ရဲ့ Pixel စမတ်ဖုန်းတွေအားလုံး Update ပြုလုပ်နိုင်ပြီဖြစ်ပြီးတော့ တခြားသော စမတ်ဖုန်းတွေအတွက်ကတော့ အနှေးနဲ့အမြန် Update လုပ်နိုင်မှာဖြစ်ပါတယ်။

Android 10 ဟာ အစောပိုင်းတုန်းက Android Q လို့ ခေါ်ဆိုနေတာဖြစ်ပြီးတော့ နောက်ပိုင်းမှာ Google ကနေ အချိုပွဲနာမည်တွေအစား Android 10 လို့ပဲ ပြောင်းလဲခေါ်ဆိုသွားမယ်ဆိုပြီး ကြေညာခဲ့သလို Android Logo Design ကိုပါ ပြောင်းလဲထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအပြင် အခု Android 10 Update မှာလည်း Feature ပိုင်းအရ ပြောင်းလဲမှုတွေသိသိသာသာကို များပြားခဲ့ပါတယ်။


Android 10 ရဲ့ Visual ပိုင်းအရပြောင်းလဲမှုတွေအသေးစိတ်ကိုတော့ ယခု Link မှာ ဖတ်ရှုနိုင်မှာဖြစ်ပြီးတော့ အဓိကအနေနဲ့ Android 10 ဟာ Dark Theme ၊ Smart Action & Replies ၊ Gesture Navigation အသစ်နဲ့အတူ Location & Privacy Improvement တွေပါဝင်လာမှာဖြစ်ပါတယ်။ ဒ့ါအပြင် နောက်ပိုင်းမှာ Security Update တွေကလည်း Project Mainline ကနေ တစ်ဆင့် Google Play ကနေပဲ Update လုပ်နိုင်တော့မှာပါ။ ဒါတင်မဟုတ်သေးဘဲ ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်တဲ့ App တွေကို Pause ပြုလုပ်ထားနိုင်တဲ့ Focus Mode လို Feature တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။

Android 10 ဟာ လက်ရှိ Google အတွက် အကောင်းဆုံး Android Update တစ်ခုဖြစ်သလို Google Pixel Series ဖုန်းတွေကပဲ အခု Android 10 ရဲ့ Feature တွေအကုန်လုံးနီးပါးသုံးနိုင်မှာဖြစ်သလို တခြား Third-party စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့လည်း Android 10 ကို ဘယ်အချိန်မှာ Update လုပ်နိုင်မလဲဆိုတာက သေချာမသိရှိရသေးပါဘူး။

Ref – The Verge