[Zawgyi]

(၅)ဦးေျမာက္ ကစားသမားေခၚယူမႈအျဖစ္ ယာမိုလန္ကို,ကို ေခၚယူလိုက္တဲ့ ဝက္စ္ဟမ္း

ေဒါ့မြန္အသင္းရဲ႕ ယူကရိန္းေတာင္ပံတိုက္စစ္ကစားသမား ယာမိုလန္ကို Yarmolenko ကို ေပါင္ (၂၂)သန္းနဲ႔ ပရီးမီးယားလိဂ္ကလပ္ ဝက္စ္ဟမ္းအသင္းက ေခၚယူလိုက္ပါတယ္။ အခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ ေျခလွမ္းသြက္ေနတဲ့ ဝက္စ္ဟမ္းနည္းျပ ပယ္လီဂရီနီ Pellegrini ရဲ႕ (၅)ဦးေျမာက္ ကစားသမားေခၚယူမႈအျဖစ္ ယာမိုလန္ကို Yarmolenko ကို ေခၚယူလိုက္တာျဖစ္ပါတယ္။ အသက္ (၂၈)ႏွစ္အရြယ္ရွိ ယာမိုလန္ကို Yarmolenko ဟာ ဝက္စ္ဟမ္းအသင္းနဲ႔ (၂၀၂၂)ခုႏွစ္အထိ သက္တမ္းရွိတဲ့ စာခ်ဳပ္တစ္ရပ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

Yarmolenko

Yarmolenko

ဝက္စ္ဟမ္းကစားသမားသစ္ျဖစ္လာတဲ့ ယာမိုလန္ကို Yarmolenko က “ဝက္စ္ဟမ္းအသင္းကို ေျပာင္းေရႊ႕ျဖစ္ခဲ့တဲ့အေပၚ အလြန္ပဲဝမ္းေျမာက္မိပါတယ္၊ ဝက္စ္ဟမ္းအသင္းက ႀကီးက်ယ္ခမ္းနားတဲ့ အသင္းတစ္သင္းပါ၊ ပရီးမီးယားလိဂ္မွာ ကစားရမယ့္အေပၚ အလြန္ပဲ စိတ္လႈပ္ရွားမိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဝက္စ္ဟမ္းအသင္းဟာ အခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း ေျခလွမ္းသြက္သြက္နဲ႔ လႈပ္ရွားေနၿပီး ယာမိုလန္ကို Yarmolenko မတိုင္ခင္ ကစားသမား (၄)ဦးအထိ ေခၚယူထားခဲ့တာျဖစ္ပါတယ္။

REF:Mirror
Photo:Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

(၅)ဦးမြောက် ကစားသမားခေါ်ယူမှုအဖြစ် ယာမိုလန်ကို,ကို ခေါ်ယူလိုက်တဲ့ ဝက်စ်ဟမ်း

ဒေါ့မွန်အသင်းရဲ့ ယူကရိန်းတောင်ပံတိုက်စစ်ကစားသမား ယာမိုလန်ကို Yarmolenko ကို ပေါင် (၂၂)သန်းနဲ့ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းက ခေါ်ယူလိုက်ပါတယ်။ အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ခြေလှမ်းသွက်နေတဲ့ ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီ Pellegrini ရဲ့ (၅)ဦးမြောက် ကစားသမားခေါ်ယူမှုအဖြစ် ယာမိုလန်ကို Yarmolenko ကို ခေါ်ယူလိုက်တာဖြစ်ပါတယ်။ အသက် (၂၈)နှစ်အရွယ်ရှိ ယာမိုလန်ကို Yarmolenko ဟာ ဝက်စ်ဟမ်းအသင်းနဲ့ (၂၀၂၂)ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

Yarmolenko

Yarmolenko

ဝက်စ်ဟမ်းကစားသမားသစ်ဖြစ်လာတဲ့ ယာမိုလန်ကို Yarmolenko က “ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့အပေါ် အလွန်ပဲဝမ်းမြောက်မိပါတယ်၊ ဝက်စ်ဟမ်းအသင်းက ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပါ၊ ပရီးမီးယားလိဂ်မှာ ကစားရမယ့်အပေါ် အလွန်ပဲ စိတ်လှုပ်ရှားမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ခြေလှမ်းသွက်သွက်နဲ့ လှုပ်ရှားနေပြီး ယာမိုလန်ကို Yarmolenko မတိုင်ခင် ကစားသမား (၄)ဦးအထိ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

REF:Mirror
Photo:Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com