[Zawgyi]

ဂႏၳ၀င္လိပ္ျပာတစ္ေကာင္ရဲ႕ ႏူးကမ့္ ေနာက္ဆုံးႏႈတ္ဆက္အလြမ္း

ဘာစီလုိနာရဲ႕ ႏူးကမ့္ကြင္းႀကီးထဲ ဘယ္သူမွ မရွိေတာ့တဲ့အခ်ိန္ ကြင္းလယ္စက္၀ုိင္းမွာ လူတစ္ေယာက္ဟာ တိတ္ဆိတ္ ၿငိမ္သက္စြာ ထုိင္ေနတယ္။ သူ႔ရင္ထဲကုိ ၀င္ၾကည့္မယ္ဆုိရင္ ေၾကကြဲ၀မ္းနည္းမႈေတြ၊ မ်က္ရည္ေတြနဲ႔ ျပည့္ႏွက္ေနပါလိမ့္မယ္။ ေနာက္ဆုိ ဒီကြင္းထဲကုိ သူ ေျချပန္ခ်ခြင့္ မရွိေတာ့ဘူး။ (၂၂)ႏွစ္ၾကာေအာင္ က်င္လည္ခဲ့ဖူးတဲ့ ပတ္၀န္းက်င္ကုိ သူ စြန္႔ခြာရေတာ့မယ္။ အခုေလာက္ဆုိရင္ ‘သူ’ဆုိတဲ့ နာမ္စားပုိင္ရွင္က ဘယ္သူလဲဆုိတာ ပရိသတ္ေတြ သိေလာက္ပါၿပီ။ ဟုတ္ပါတယ္။ ဘာစီလုိနာပရိသတ္ေတြသာမက ေဘာလုံးပရိသတ္ေတြရဲ႕ ရင္ထဲမွာ အၿမဲရွိေနမယ့္ “အင္နီေယစတာ Iniesta” ပါပဲ။

Spain-legend-sat-in-the-centre-circle-and-took-time-to-reflect-upon-his-career-

Spain-legend-sat-in-the-centre-circle-and-took-time-to-reflect-upon-his-career-

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က လာလီဂါရာသီပိတ္ပဲြအျဖစ္ ဘာစီလုိနာနဲ႔ ဆုိစီဒက္တို႔ ကစားခဲ့တဲ့ပြဲအၿပီး ဘာစီလုိနာအသင္းဟာ သူတို႔ရဲ႕ ဂႏၳ၀င္ အင္နီေယစတာကုိ ႏႈတ္ဆက္အခမ္းအနားတစ္ခုျပဳလုပ္ခဲ့တယ္။ အဲဒီအခမ္း အနားမွာ အင္နီေယစတာက မ်က္ရည္ေတြနဲ႔အတူ အခုလုိ ႏႈတ္ဆက္စကား ဆုိခဲ့ပါတယ္။ “ဘာစီလုိနာ ကစားသမားဘ၀ (၂၂)ႏွစ္တာကာလဟာ တကယ့္ကုိ မယုံႏုိင္ေလာက္ေအာင္ျဖစ္ခဲ့တဲ့ အခ်ိန္အေတြပါပဲ။ ကၽြန္ေတာ့္အတြက္ေတာ့ ဘာစီလုိနာအသင္းဟာ ကမၻာ႔အေကာင္းဆုံးအသင္းတစ္သင္းျဖစ္ၿပီး အဲဒီဂုဏ္ပုဒ္ ကုိ ဆက္လက္တည္ၿမဲေအာင္ တစ္ေထာင့္တစ္ေနရာက ပါ၀င္ကူညီခြင့္ရခဲ့လုိ႔ ဂုဏ္ယူမိပါတယ္။ အသင္းေဖာ္ေတြ တစ္ဦးခ်င္းသာမက အခုကြင္းထဲမွာ ရွိၾကတဲ့ ပရိသတ္ေတြ အကုန္လုံးကုိ ေက်းဇူးတင္ပါတယ္။ အသက္(၃၄)ႏွစ္အရြယ္မွာ ဘာစီလုိနာနဲ႔ ကၽြန္ေတာ္ လမ္းခဲြခဲ့ရပါၿပီ။ ကၽြန္ေတာ့္ရဲ႕ အသည္းႏွလုံးက ဒီအသင္းမွာပဲ ထာ၀ရ ရွိေနမယ္ဆုိတာ အေသအခ်ာပါပဲ”။

Following-the-tears-he-was-all-smiles-as-his-team-mates-threw-him-aloft-in-typical-fashion-

Following-the-tears-he-was-all-smiles-as-his-team-mates-threw-him-aloft-in-typical-fashion-

အင္နီေယစတာရဲ႕ ႏႈတ္ဆက္ဂုဏ္ျပဳပဲြၿပီးဆုံးသြားေပမယ့္ အင္နီေယစတာရဲ႕ ရင္ထဲမွာေတာ့ မီးမေသေသးပါဘူး။ စပိန္စံေတာ္ခ်ိန္ မနက္(၁)နာရီေလာက္မွာ အင္နီေယစတာဟာ ဘယ္သူမွမရွိေတာ့တဲ့ ႏူးကမ့္ကြင္းထဲကုိ ေနာက္ဆုံးေျခခ်တဲ့အေနနဲ႔ တစ္ေယာက္တည္း ျပန္လာခဲ့ၿပီး တိတ္ဆိတ္ၿငိမ္သက္စြာနဲ႔ ႏႈတ္ဆက္ခဲ့ပါတယ္။ ႏႈးကမ့္ကြင္္းႀကီးသာ အသက္ရွိမယ္ဆုိရင္ အင္နီေယစတာနဲ႔ ထပ္တူ ေၾကကြဲ ၀မ္းနည္းေနမွာ အမွန္ပါပဲ။

Iniesta-Sit-Alone-on-Nou-Camp

Iniesta-Sit-Alone-on-Nou-Camp

အသက္(၁၂)ႏွစ္အရြယ္မွာ ဘာစီလုိနာလူငယ္အကယ္ဒမီ လာမာစီယာကုိ ပထမဆုံးအႀကိမ္ ေရာက္ရွိခ့ဲသူ၊ ဘာစီလုိနာနဲ႔အတူ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀ (၁၆)ရာသီၾကာ က်င္လည္ခဲ့သူ၊ ဆုဖလားေပါင္းမ်ားစြာရယူခဲ့သူ၊ ဘာစီလုိနာအသင္းရဲ႕ ေရႊေခတ္ကုိ ခ်ယ္မႈန္းခဲ့တဲ့ ကစားသမားတစ္ဦး စတဲ့ ဂုဏ္ပုဒ္ေတြနဲ႔အတူ အင္နီေယစတာဟာ ဘာစီလုိနာကစားသမားဘ၀ကုိ ကန္႔လန္႔ကာ ခ်ခဲ့ပါၿပီ။ ေရွ႕ဆက္မယ့္ ခရီး လမ္းမွာလည္း အင္နီေယစတာတစ္ေယာက္ အခုလုိပဲ ေအာင္ျမင္မႈေတြ ဆက္ယူႏုိင္ပါေစလုိ႔ ဆုေတာင္းေပးရင္း . . . .

အင္နီေယစတာရဲ႕ ကစားသမားဘ၀တစ္ေလွ်ာက္ ရရွိခဲ့တဲ့ ဆုဖလားမ်ား

Barcelona

La Liga: 2004–05, 2005–06, 2008–09, 2009–10, 2010–11, 2012–13, 2014–15, 2015–16, 2017–18

Copa del Rey: 2008–09, 2011–12, 2014–15, 2015–16, 2016–17, 2017–18

Supercopa de España: 2005, 2006, 2009, 2010, 2011, 2013, 2016

UEFA Champions League: 2005–06, 2008–09, 2010–11, 2014–15

UEFA Super Cup: 2009, 2011, 2015

FIFA Club World Cup: 2009, 2011, 2015

Spain

FIFA World Cup: 2010

UEFA European Championship: 2008, 2012

Photo: Twitter,Barca Blaugranes,
Naing Linn(Akhayar)
www.akhayar.com


[Unicode]

ဂန္ထဝင်လိပ်ပြာတစ်ကောင်ရဲ့ နူးကမ့် နောက်ဆုံးနှုတ်ဆက်အလွမ်း

ဘာစီလိုနာရဲ့ နူးကမ့်ကွင်းကြီးထဲ ဘယ်သူမှ မရှိတော့တဲ့အချိန် ကွင်းလယ်စက်ဝိုင်းမှာ လူတစ်ယောက်ဟာ တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်နေတယ်။ သူ့ရင်ထဲကို ဝင်ကြည့်မယ်ဆိုရင် ကြေကွဲဝမ်းနည်းမှုတွေ၊ မျက်ရည်တွေနဲ့ ပြည့်နှက်နေပါလိမ့်မယ်။ နောက်ဆို ဒီကွင်းထဲကို သူ ခြေပြန်ချခွင့် မရှိတော့ဘူး။ (၂၂)နှစ်ကြာအောင် ကျင်လည်ခဲ့ဖူးတဲ့ ပတ်ဝန်းကျင်ကို သူ စွန့်ခွာရတော့မယ်။ အခုလောက်ဆိုရင် ‘သူ’ဆိုတဲ့ နာမ်စားပိုင်ရှင်က ဘယ်သူလဲဆိုတာ ပရိသတ်တွေ သိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘာစီလိုနာပရိသတ်တွေသာမက ဘောလုံးပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိနေမယ့် “အင်နီယေစတာ Iniesta” ပါပဲ။

Spain-legend-sat-in-the-centre-circle-and-took-time-to-reflect-upon-his-career-

Spain-legend-sat-in-the-centre-circle-and-took-time-to-reflect-upon-his-career-

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါရာသီပိတ်ပွဲအဖြစ် ဘာစီလိုနာနဲ့ ဆိုစီဒက်တို့ ကစားခဲ့တဲ့ပွဲအပြီး ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ဂန္ထဝင် အင်နီယေစတာကို နှုတ်ဆက်အခမ်းအနားတစ်ခုပြုလုပ်ခဲ့တယ်။ အဲဒီအခမ်း အနားမှာ အင်နီယေစတာက မျက်ရည်တွေနဲ့အတူ အခုလို နှုတ်ဆက်စကား ဆိုခဲ့ပါတယ်။ “ဘာစီလိုနာ ကစားသမားဘ၀ (၂၂)နှစ်တာကာလဟာ တကယ့်ကို မယုံနိုင်လောက်အောင်ဖြစ်ခဲ့တဲ့ အချိန်အတွေပါပဲ။ ကျွန်တော့်အတွက်တော့ ဘာစီလိုနာအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပြီး အဲဒီဂုဏ်ပုဒ် ကို ဆက်လက်တည်မြဲအောင် တစ်ထောင့်တစ်နေရာက ပါဝင်ကူညီခွင့်ရခဲ့လို့ ဂုဏ်ယူမိပါတယ်။ အသင်းဖော်တွေ တစ်ဦးချင်းသာမက အခုကွင်းထဲမှာ ရှိကြတဲ့ ပရိသတ်တွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အသက်(၃၄)နှစ်အရွယ်မှာ ဘာစီလိုနာနဲ့ ကျွန်တော် လမ်းခွဲခဲ့ရပါပြီ။ ကျွန်တော့်ရဲ့ အသည်းနှလုံးက ဒီအသင်းမှာပဲ ထာဝရ ရှိနေမယ်ဆိုတာ အသေအချာပါပဲ”။

Following-the-tears-he-was-all-smiles-as-his-team-mates-threw-him-aloft-in-typical-fashion-

Following-the-tears-he-was-all-smiles-as-his-team-mates-threw-him-aloft-in-typical-fashion-

အင်နီယေစတာရဲ့ နှုတ်ဆက်ဂုဏ်ပြုပွဲပြီးဆုံးသွားပေမယ့် အင်နီယေစတာရဲ့ ရင်ထဲမှာတော့ မီးမသေသေးပါဘူး။ စပိန်စံတော်ချိန် မနက်(၁)နာရီလောက်မှာ အင်နီယေစတာဟာ ဘယ်သူမှမရှိတော့တဲ့ နူးကမ့်ကွင်းထဲကို နောက်ဆုံးခြေချတဲ့အနေနဲ့ တစ်ယောက်တည်း ပြန်လာခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်စွာနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ နှုးကမ့်ကွင်းကြီးသာ အသက်ရှိမယ်ဆိုရင် အင်နီယေစတာနဲ့ ထပ်တူ ကြေကွဲ ဝမ်းနည်းနေမှာ အမှန်ပါပဲ။

Iniesta-Sit-Alone-on-Nou-Camp

Iniesta-Sit-Alone-on-Nou-Camp

အသက်(၁၂)နှစ်အရွယ်မှာ ဘာစီလိုနာလူငယ်အကယ်ဒမီ လာမာစီယာကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့သူ၊ ဘာစီလိုနာနဲ့အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ (၁၆)ရာသီကြာ ကျင်လည်ခဲ့သူ၊ ဆုဖလားပေါင်းများစွာရယူခဲ့သူ၊ ဘာစီလိုနာအသင်းရဲ့ ရွှေခေတ်ကို ချယ်မှုန်းခဲ့တဲ့ ကစားသမားတစ်ဦး စတဲ့ ဂုဏ်ပုဒ်တွေနဲ့အတူ အင်နီယေစတာဟာ ဘာစီလိုနာကစားသမားဘဝကို ကန့်လန့်ကာ ချခဲ့ပါပြီ။ ရှေ့ဆက်မယ့် ခရီး လမ်းမှာလည်း အင်နီယေစတာတစ်ယောက် အခုလိုပဲ အောင်မြင်မှုတွေ ဆက်ယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း . . . .

အင်နီယေစတာရဲ့ ကစားသမားဘဝတစ်လျှောက် ရရှိခဲ့တဲ့ ဆုဖလားများ

Barcelona

La Liga: 2004–05, 2005–06, 2008–09, 2009–10, 2010–11, 2012–13, 2014–15, 2015–16, 2017–18

Copa del Rey: 2008–09, 2011–12, 2014–15, 2015–16, 2016–17, 2017–18

Supercopa de España: 2005, 2006, 2009, 2010, 2011, 2013, 2016

UEFA Champions League: 2005–06, 2008–09, 2010–11, 2014–15

UEFA Super Cup: 2009, 2011, 2015

FIFA Club World Cup: 2009, 2011, 2015

Spain

FIFA World Cup: 2010

UEFA European Championship: 2008, 2012

Photo: Twitter,Barca Blaugranes,
Naing Linn(Akhayar)
www.akhayar.com