This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ႏိုင္ငံလက္ေရြးစင္အသင္းက အနားယူေၾကာင္းေၾကညာခဲ့တဲ့ အင္နီေယစတာ Iniesta

ရုရွားကို ပယ္နယ္တီအဆံုးအျဖတ္နဲ႔ ရံႈးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီး ႏိုင္ငံလက္ေရြးစင္အသင္းက အနားယူေၾကာင္း စပိန္ဝါရင့္ကြင္းလယ္လူ အင္နီေယစတာ Iniesta က တရားဝင္ေၾကညာခဲ့ပါတယ္။ အသက္ (၃၄)ႏွစ္အရြယ္ရွိ အင္နီေယစတာ Iniesta ဟာ ရုရွားအသင္းကို ပယ္နယ္တီအဆံုးအျဖတ္နဲ႔ ရံႈးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ လူစားဝင္ကစားသမားအျဖစ္သာ ပါဝင္ကစားခဲ့ၿပီး ပြဲအၿပီးမွာ ႏိုင္ငံလက္ေရြးစင္အသင္းက အနားယူေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။ အင္နီေယစတာ Iniesta အေနနဲ႔ ႏိုင္ငံလက္ေရြးစင္အသင္းအတြက္ (၁၃၁)ပြဲ ပါဝင္ကစားေပးခဲ့ၿပီး အသင္းရဲ႕ သမိုင္းဝင္ ေအာင္ျမင္မႈေတြကို အဓိကေနရာက ရယူေပးခဲ့တဲ့ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္ပါတယ္။ စပိန္အသင္းမွာ ၂၀၀၆ ခုႏွစ္က စတင္ေရြးခ်ယ္ခံခဲ့ရၿပီး ယူရို-၂၀၀၈၊ ယူရို-၂၀၁၂ နဲ႔ ၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ အသင္းကို ခ်န္ပီယံဆုရရွိေအာင္ အဓိက ေနရာကေန စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ နယ္သာလန္အသင္းနဲ႔ ကစားခဲ့တဲ့ ၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပြဲ ေနာက္ဆံုးဗိုလ္လုပြဲမွာ အသင္းအတြက္ တစ္လံုးတည္းေသာ အႏိုင္ဂိုး သြင္းယူေပးခဲ့ၿပီး စပိန္အသင္းကို ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ ခ်န္ပီယံျဖစ္ေစခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

Andres-Iniesta

Andres-Iniesta

အင္နီေယစတာ Iniesta က “ႏိုင္ငံအသင္းအတြက္ ေနာက္ဆံုးကစားေပးခဲ့တဲ့ ပြဲပါပဲ၊ ကၽြန္ေတာ့္ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္ ဝမ္းအနည္းဆံုး ေန႔တစ္ေန႔ပါ” လို႔ ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေမလက ကစားသမားဘဝ (၂၂)ႏွစ္ၾကာ ျဖတ္သန္းခဲ့ၿပီး ေအာင္ျမင္မႈမ်ားစြာ ရယူခဲ့တဲ့ ဘာစီလိုနာအသင္းကို စြန္႔ခြာခဲ့ၿပီး ဂ်ပန္ကလပ္ ဗစ္ဆဲလ္ကိုဘီအသင္းကို အင္နီေယစတာ Iniesta ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ စပိန္နည္းျပ ဟီယာရို Hierro က ႏိုင္ငံအသင္းကေန အင္နီေယစတာ Iniesta အနားယူခဲ့တဲ့အေပၚ “ေဘာလံုးေလာကရဲ႕ အႀကီးက်ယ္ အခမ္းနားဆံုး ကစားသမားေတြထဲက တစ္ဦးပါပဲ”လို႔ ခ်ီးက်ဴးစကားေျပာၾကားခဲ့ပါတယ္။

REF:BBC Sports
Photo:macmadison, 101greatgoals
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

နိုင်ငံလက်ရွေးစင်အသင်းက အနားယူကြောင်းကြေညာခဲ့တဲ့ အင်နီယေစတာ Iniesta

ရုရှားကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး နိုင်ငံလက်ရွေးစင်အသင်းက အနားယူကြောင်း စပိန်ဝါရင့်ကွင်းလယ်လူ အင်နီယေစတာ Iniesta က တရားဝင်ကြေညာခဲ့ပါတယ်။ အသက် (၃၄)နှစ်အရွယ်ရှိ အင်နီယေစတာ Iniesta ဟာ ရုရှားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခဲ့ပြီး ပွဲအပြီးမှာ နိုင်ငံလက်ရွေးစင်အသင်းက အနားယူကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ အင်နီယေစတာ Iniesta အနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက် (၁၃၁)ပွဲ ပါဝင်ကစားပေးခဲ့ပြီး အသင်းရဲ့ သမိုင်းဝင် အောင်မြင်မှုတွေကို အဓိကနေရာက ရယူပေးခဲ့တဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ စပိန်အသင်းမှာ ၂၀၀၆ ခုနှစ်က စတင်ရွေးချယ်ခံခဲ့ရပြီး ယူရို-၂၀၀၈၊ ယူရို-၂၀၁၂ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အသင်းကို ချန်ပီယံဆုရရှိအောင် အဓိက နေရာကနေ စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ နယ်သာလန်အသင်းနဲ့ ကစားခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး စပိန်အသင်းကို ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံဖြစ်စေခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

Andres-Iniesta

Andres-Iniesta

အင်နီယေစတာ Iniesta က “နိုင်ငံအသင်းအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ပွဲပါပဲ၊ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက် ဝမ်းအနည်းဆုံး နေ့တစ်နေ့ပါ” လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလက ကစားသမားဘဝ (၂၂)နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အောင်မြင်မှုများစွာ ရယူခဲ့တဲ့ ဘာစီလိုနာအသင်းကို စွန့်ခွာခဲ့ပြီး ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘီအသင်းကို အင်နီယေစတာ Iniesta ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ စပိန်နည်းပြ ဟီယာရို Hierro က နိုင်ငံအသင်းကနေ အင်နီယေစတာ Iniesta အနားယူခဲ့တဲ့အပေါ် “ဘောလုံးလောကရဲ့ အကြီးကျယ် အခမ်းနားဆုံး ကစားသမားတွေထဲက တစ်ဦးပါပဲ”လို့ ချီးကျူးစကားပြောကြားခဲ့ပါတယ်။

REF:BBC Sports
Photo:macmadison, 101greatgoals
Aung Kyaw Wai (Akhayar)
www.akhayar.com