[Zawgyi]

ပထမဆုံးေဂ်လိဂ္ပဲြမွာ ႐ႈံးပဲြႀကံဳေတြ႕ခဲ့တဲ့ အင္နီေယစတာ Iniesta နဲ႔ ေတာရက္စ္ Torres

စပိန္၀ါရင့္ကစားသမား(၂)ဦးျဖစ္တဲ့ အင္နီေယစတာ Iniesta နဲ႔ ေတာရက္စ္ Torres တို႔ရဲ႕ ေဂ်လိဂ္အဖြင့္ပဲြက မလွပခဲ့ဘူး။ သူတို႔ေတြပါ၀င္ကစားတဲ့ ကလပ္(၂)သင္းစလုံး ဒီတစ္ပတ္ကစားခဲ့ပဲြမွာ ႐ႈံးပဲြနဲ႔ရင္ဆုိင္ခဲ့ရတယ္။ ကမၻာ႔ဖလားခ်န္ပီယံ စပိန္ကစားသမားေဟာင္းေတြျဖစ္တဲ့ အင္နီေယစတာ၊ ေတာရက္စ္တို႔ဟာ ၿပီးခဲ့တဲ့ရာသီကုန္တုန္းက ဘာစီလုိနာ၊ အက္သလက္တီကုိအသင္းေတြနဲ႔ လမ္းခဲြခဲ့ၾကၿပီး ႏွစ္ေယာက္စလုံး ဂ်ပန္ေျမမွာ ေဘာလုံးသမားဘ၀ကုိ ဆက္လက္ျဖတ္သန္းဖုိ႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ အင္နီေယစတာဟာ ေဂ်လိဂ္ကလပ္ ဗစ္ဆဲလ္ကုိေဘး Vissel Kobe ကုိ ေျပာင္းေရႊ႕ခဲ့ၿပီး ေတာရက္စ္ကေတာ့ Sagan Tosu အသင္းကုိ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

Iniesta

Iniesta

အင္နီေယစတာဟာ Shonan Bellmare အသင္းနဲ႔ကစားခဲ့တဲပဲြမွာ ဒုတိယပုိင္းက်မွ လူစား၀င္အျဖစ္ ပါ၀င္ကစားခ့ဲၿပီး သူတို႔အသင္းဟာ အိမ္ကြင္းမွာကစားရေပမယ့္လည္း (၃)ဂုိးျပတ္နဲ႔႐ႈံးနိမ့္ခဲ့တယ္။ ဗစ္ဆဲလ္ကုိေဘးအသင္းဟာ ေဂ်လိဂ္ပဲြစဥ္(၁၇)ပဲြကစားၿပီးခ်ိန္မွာ ရမွတ္(၂၅)မွတ္နဲ႔ အဆင့္(၆)ေနရာရပ္တည္ေနၿပီး ထိပ္ဆုံးက Sanfrecce Hiroshima အသင္းနဲ႔ (၁၆)မွတ္အထိကြာဟေနပါၿပီ။

Fernando-Torres

Fernando-Torres

ေတာရက္စ္ရဲ႕ Sagan Tosu အသင္းကလည္း အိမ္ကြင္းမွာပဲ Vegalta Sendai အသင္းကုိ (၀-၁)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တယ္။ ေတာရက္စ္ကလည္း ဒုတိယပုိင္းမွ ၀င္ကစားခဲ့တာျဖစ္ၿပီး ေျခစြမ္းျပကစားႏုိင္ျခင္းမရွိခဲ့ပါဘူး။ Sagan Tosu အသင္းက ဒီရာသီ ေဂ်လိဂ္ၿပိဳင္ပဲြမွာ ရလဒ္ေတြဆုိးရြားေနၿပီး တန္းဆင္းဇုန္ထဲေရာက္ေနတာေၾကာင့္ ေတာရက္စ္အေနနဲ႔ သူ႔အသင္းသစ္ကုိ တန္းမဆင္းရေအာင္ စြမ္းေဆာင္ႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမွာပါ။

REF:The Sun
Photo:Cadena SER,Marca,EPA
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပထမဆုံးဂျေလိဂ်ပွဲမှာ ရှုံးပွဲကြုံတွေ့ခဲ့တဲ့ အင်နီယေစတာ Iniesta နဲ့ တောရက်စ် Torres

စပိန်ဝါရင့်ကစားသမား(၂)ဦးဖြစ်တဲ့ အင်နီယေစတာ Iniesta နဲ့ တောရက်စ် Torres တို့ရဲ့ ဂျေလိဂ်အဖွင့်ပွဲက မလှပခဲ့ဘူး။ သူတို့တွေပါဝင်ကစားတဲ့ ကလပ်(၂)သင်းစလုံး ဒီတစ်ပတ်ကစားခဲ့ပွဲမှာ ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတယ်။ ကမ္ဘာ့ဖလားချန်ပီယံ စပိန်ကစားသမားဟောင်းတွေဖြစ်တဲ့ အင်နီယေစတာ၊ တောရက်စ်တို့ဟာ ပြီးခဲ့တဲ့ရာသီကုန်တုန်းက ဘာစီလိုနာ၊ အက်သလက်တီကိုအသင်းတွေနဲ့ လမ်းခွဲခဲ့ကြပြီး နှစ်ယောက်စလုံး ဂျပန်မြေမှာ ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အင်နီယေစတာဟာ ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘေး Vissel Kobe ကို ပြောင်းရွှေ့ခဲ့ပြီး တောရက်စ်ကတော့ Sagan Tosu အသင်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Iniesta

Iniesta

အင်နီယေစတာဟာ Shonan Bellmare အသင်းနဲ့ကစားခဲ့တဲပွဲမှာ ဒုတိယပိုင်းကျမှ လူစားဝင်အဖြစ် ပါဝင်ကစားခဲ့ပြီး သူတို့အသင်းဟာ အိမ်ကွင်းမှာကစားရပေမယ့်လည်း (၃)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တယ်။ ဗစ်ဆဲလ်ကိုဘေးအသင်းဟာ ဂျေလိဂ်ပွဲစဉ်(၁၇)ပွဲကစားပြီးချိန်မှာ ရမှတ်(၂၅)မှတ်နဲ့ အဆင့်(၆)နေရာရပ်တည်နေပြီး ထိပ်ဆုံးက Sanfrecce Hiroshima အသင်းနဲ့ (၁၆)မှတ်အထိကွာဟနေပါပြီ။

Fernando-Torres

Fernando-Torres

တောရက်စ်ရဲ့ Sagan Tosu အသင်းကလည်း အိမ်ကွင်းမှာပဲ Vegalta Sendai အသင်းကို (ဝ-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ တောရက်စ်ကလည်း ဒုတိယပိုင်းမှ ဝင်ကစားခဲ့တာဖြစ်ပြီး ခြေစွမ်းပြကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ Sagan Tosu အသင်းက ဒီရာသီ ဂျေလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားနေပြီး တန်းဆင်းဇုန်ထဲရောက်နေတာကြောင့် တောရက်စ်အနေနဲ့ သူ့အသင်းသစ်ကို တန်းမဆင်းရအောင် စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

REF:The Sun
Photo:Cadena SER,Marca,EPA
Naing Linn(Akhayar)
www.akhayar.com