[Zawgyi]

ယေန႔ေခတ္ထိေတာင္ အသံုးဝင္တဲ့ ေရွးေခတ္က အလွလွ်ဳိ႕ဝွက္နည္းမ်ား

အမ်ဳိးသမီးေတြဟာ ေရွးယခင္ကတည္းက လွပဖို႔အတြက္ နည္းအမ်ဳိးမ်ဳိးနဲ႔ ႀကိဳးစားခဲ႔ၾကပါတယ္။ ေရွးေခတ္ကတည္းက လွပဖို႔အတြက္ ႀကိဳးစားခဲ့တဲ႔ ေရွးက်တဲ့ အလွအပလွ်ဳိ႕ဝွက္နည္းလမ္းေလးေတြဟာ ယေန႔ေခတ္မွာလည္း အသံုးဝင္ေနဆဲ၊ အသံုးျပဳေနဆဲ ျဖစ္တာကို ေတြ႔ရပါတယ္။ ေရွးက်တဲ့ အသံုးဝင္ေနဆဲ အလွအပလွ်ဳိ႕ဝွက္နည္းလမ္းေလးေတြက ဘာေတြလဲဆိုတာကို ေလ့လာၾကည္႔ၾကရေအာင္။

(၁) Olive Oil

Oilve Oil ကို အမ်ဳိးသမီးေတာ္ေတာ္မ်ားမ်ားဟာ ေရွးယခင္တုန္းက ေရႊလို သေဘာထားၿပီး တယုတယအသံုးျပဳၾကပါတယ္။ ေရွးေခတ္ကတည္းက အသံုးျပဳခဲ့တဲ႔ Oilve Oil ဟာ ယခုခ်ိန္ထိ အမ်ဳိးသမီးေတြ လက္မလြတ္ဘဲ သံုးစဲြရတဲ႔ အလွကုန္ပစၥည္းတစ္ခုအေနနဲ႔လည္း ရပ္္တည္ေနပါေသးတယ္။ ယေန႔ေခတ္မွာေတာ့ Oilve Oil ကို အသားအေရအတြက္အမ်ဳိးမ်ဳိးသံုးစဲြၾကသလို ဆံေကသာေစာင္႔ေရွာက္ဖို႔အတြက္လည္း အသံုးျပဳေနၾကပါတယ္။

Olive Oil

Olive Oil

(၂) Aromatherapy Massage

လွပတဲ႔အမ်ဳိးသမီးတုိင္းဟာ Message လုပ္ရတာကို ႏွစ္သက္ၾကတာေတြ႔ရပါတယ္။ အဲဒါေၾကာင့္မို႔ ေရွးေခတ္က အမ်ဳိးသမီးေတြဟာ Message လုပ္ျခင္းျဖင္႔ စိတ္ဖိစီးမႈေတြ ေျပေပ်ာက္ေအာင္ ျပဳလုပ္ကာ အရြယ္တင္ႏုပ်ဳိေအာင္ ျပဳလုပ္ၾကပါတယ္။ အဲဒီလို Message ေတြ ျပဳလုပ္တဲ႔အခါမွာ အနံ႔ေမႊးေသာအေမႊးဆီေတြကို အသံုးျပဳၾကပါတယ္။

Aromatherapy Message

Aromatherapy Message

(၃) Scrub ေတြအစားမ်က္ႏွာသုတ္ပဝါအသံုးျပဳျခင္း

ေရွးေခတ္ Scrub ေတြ မထြက္ေပၚေသးခင္တုန္းက ဆဲလ္ေသေတြကို ဖယ္ရွားဖို႔အတြက္ မ်က္ႏွာသုတ္ပဝါက္ို အသံုးျပဳခဲ႔ၾကပါတယ္။ ခုေခတ္ အိမ္မွာ Scrub ကုန္ေနရင္ ဒီနည္းလမ္းေလးကို အစားထိုးၿပီး လုပ္ၾကည္႔လို႔ ရပါတယ္။ မ်က္ႏွာသုတ္ပဝါနဲ႔ အသားအေရကို ပြတ္တိုက္တဲ့အခါမွာ အရမ္းအၾကမ္းႀကီး မပြတ္တိုက္မီဖို႔ေတာ့ သတိထားသင္႔ပါတယ္။

(၄) သၾကားကုိအသံုးျပဳၿပီးအေမြးအမွ်င္မ်ားဖယ္ရွားျခင္း

သၾကားကုိအသံုးျပဳၿပီး အေမြးအမွ်င္မ်ားဖယ္ရွားတာက ခုေခတ္မွ ျပဳလုပ္လာတာမဟုတ္ပါဘူး။ လြန္ခဲ႔တဲ႔ ႏွစ္ေထာင္ေပါင္းမ်ားစြာကတည္းက ျပဳလုပ္ခဲ႔တဲ႔ နည္းလမ္းျဖစ္ပါတယ္။ ဒီနည္းလမ္းကို အမ်ဳိးသမီးေတာ္ေတာ္မ်ားမ်ားက ၾကာရွည္ခံတဲ႔ အက်ဳိးသက္္ေရာက္မႈရရွိတဲ႔အတြက္ ႀကိဳက္ႏွစ္သက္ၾကၿပီး အမ်ားဆံုးျပဳလုပ္ၾကတဲ႔ နည္းလမ္းလည္း ျဖစ္ပါတယ္။

Sugaring

Sugaring

(၅) ပ်ားရည္ Mask

လြန္ခဲ႔တဲ႔ ေထာင္စုနစ္ကတည္းက ပ်ားရည္ကို အလွအပအတြက္ နည္းလမ္းမ်ဳိးစံုနဲ႔ အသံုးျပဳၾကပါတယ္။ ပ်ားရည္ဟာ အသားအေရအတြက္ အသံုးျပဳလို႔ရသလိုလ Cellulite ေတြ ေလ်ာ့ၾကေစဖို႔အတြက္လည္း အသံုးျပဳၾကပါတယ္။ Cellulite ေတြေလ်ာ့က်ေစဖို႔အတြက္ျပဳလုပ္တဲ႔အခါမွာ Cellulite ျဖစ္တဲ့ေနရာေတြမွာ ပ်ားရည္သုတ္လိမ္းၿပီး လက္ဖဝါးနဲ႔ ႏွိ္ပ္ေပးတာမ်ဳိး ျပဳလုပ္ေပးလို႔ ရပါတယ္။

Honey Mask

Honey Mask

(၆) ဒန္းဆိုးေဆးနဲ႔မဲနယ္ဆိုးေဆး

ေရွးေခတ္အမ်ဳိးသမီးေတြက ဆံပင္ေတြ က်န္းမာၿပီး ရွည္လ်ားသန္စြမ္းေစဖို႔အတြက္ ဒန္းဆိုးေဆးနဲ႔မဲနယ္ဆိုးေဆးေတြကို အသံုးျပဳၾကသလို လိုခ်င္တဲ့ ဆံပင္အေရာင္ရရွိဖို႔အတြက္လည္း ၎တို႔ကုိအသံုးျပဳၾကပါတယ္။ အခုခ်ိန္ထိလည္း ဆံပင္ေတြကို အေရာင္ဆိုးဖို႔အတြက္နဲ႔ ရွည္လ်ားသန္စြမ္းဖို႔အတြက္ ဒန္းဆိုးေဆးေတြကို အသံုးျပဳေနၾကတုန္းပါ။

Henna and basma

Henna and basma

(၇) ၾကက္ဥ Mask

ၾကက္ဥကို ေရွးယခင္ကတည္းက နည္းလမ္းမ်ဳိးစံုနဲ႔ အမ်ဳိးသမီးေတြ အသံုးျပဳခဲ႔ၾကပါတယ္။ ေရွးအမ်ဳိးသမီးေတြက ၾကက္ဥကိုမ်က္ႏွာေပါင္းတင္ဖို႔ အသံုးျပဳၾကသလို ဆံေကသာေတြ ရွည္လ်ားသန္စြမ္းၿပီး ေတာက္ေျပာက္ေစဖို႔အတြက္လည္း အသံုးျပဳခဲ႔ၾကပါတယ္။

Egg Mask

Egg Mask

(၈)ေဂၚဖီရြက္

ဒီလွည္႔ကြက္ကို လြန္ခဲ႔တဲ႔ႏွစ္ေပါင္းရာခ်ီတုန္းက ႏို႔တိုက္မိခင္ေတြ အသံုးျပဳခဲ႔ၾကတာ ျဖစ္ပါတယ္။ ေဂၚဖီရြက္က နာက်င္မႈနဲ႔ ေရာင္ရမ္းမႈေတြက ေလ်ာ့က်သက္သာေစၿပီး ႏူးညံေခ်ာေမြ႕ေစတဲ႔ ဂုဏ္သတိၱရွိတဲ႔အတြက္ ရင္သားမွာကပ္ၿပီး အသံုးျပဳၾကပါတယ္။

Cabbage Leave.

Cabbage Leave.

(၉) ဟင္းခ်က္ရာတြင္သံုးေသာဒိန္ခ်ဥ္

ေရွးေခတ္တုန္းက ဒိန္ခ်ဥ္ကိုအသံုးျပဳၿပီး ပန္းကန္ေတြကို ေဆးရာကေန လက္ေတြ စိုေျပေခ်ာေမြ႔ၿပီး ႏူးညံေပ်ာ့ေပ်ာင္းတာကို ေတြ႔ရွိခဲ႔ပါတယ္။ အကယ္၍ ဟင္းခ်က္ရာမွာ သံုးတဲ႔ဒိန္ခ်ဥ္ရွိခဲ႔ရင္ လက္ကေလးေတြ ႏူးညံံ့ေပ်ာ့ေပ်ာင္းဖို႔အတြက္ သံုးေပးဖို႔ မႏွေျမာပါနဲ႔။

Sour cream

Sour cream

(၁၀) ရႊံ႕ေစး

ရႊံ႕ေစးကိုလည္း ေရွးအမ်ဳိးသမီးေတြဟာ အလွအပေရးရာအတြက္ မရွိမျဖစ္အသံုးျပဳခဲ႔ၾကပါတယ္။ ေတာက္ပတဲ႔ အသားအေရ၊ က်န္းမာသန္စြမ္းတဲ႔ ဆံပင္၊ အသားအေရ အထစ္ထစ္ေတြျဖစ္တာကို ေခ်ာေမြ႕လာေစဖို႔အတြက္ ရႊံ႕ေစးကို အသံုးျပဳခဲ႔ၾကပါတယ္။

Clay

Clay

ေရွးေခတ္က အလွအပအတြက္ အသံုးျပဳခဲ႔တဲ႔ နည္းလမ္းေလးေတြက ယေန႔ေခတ္မွာလည္း အလြယ္တကူ လိုက္ၿပီး လုပ္ေဆာင္ၾကည္႔လို႔ရတဲ့အတြက္ စမ္းလုပ္ၾကည့္ၿပီး အက်ဳိးမ်ားမမ်ား ျပန္လည္ေဝမွ်ေပးၾကပါဦး။

H.H(Akhayar)

www.akhayar.com

[Unicode]

ယနေ့ခေတ်ထိတောင် အသုံးဝင်တဲ့ ရှေးခေတ်က အလှလျှို့ဝှက်နည်းများ

အမျိုးသမီးတွေဟာ ရှေးယခင်ကတည်းက လှပဖို့အတွက် နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြပါတယ်။ ရှေးခေတ်ကတည်းက လှပဖို့အတွက် ကြိုးစားခဲ့တဲ့ ရှေးကျတဲ့ အလှအပလျှို့ဝှက်နည်းလမ်းလေးတွေဟာ ယနေ့ခေတ်မှာလည်း အသုံးဝင်နေဆဲ၊ အသုံးပြုနေဆဲ ဖြစ်တာကို တွေ့ရပါတယ်။ ရှေးကျတဲ့ အသုံးဝင်နေဆဲ အလှအပလျှို့ဝှက်နည်းလမ်းလေးတွေက ဘာတွေလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

(၁) Olive Oil

Oilve Oil ကို အမျိုးသမီးတော်တော်များများဟာ ရှေးယခင်တုန်းက ရွှေလို သဘောထားပြီး တယုတယအသုံးပြုကြပါတယ်။ ရှေးခေတ်ကတည်းက အသုံးပြုခဲ့တဲ့ Oilve Oil ဟာ ယခုချိန်ထိ အမျိုးသမီးတွေ လက်မလွတ်ဘဲ သုံးစွဲရတဲ့ အလှကုန်ပစ္စည်းတစ်ခုအနေနဲ့လည်း ရပ်တည်နေပါသေးတယ်။ ယနေ့ခေတ်မှာတော့ Oilve Oil ကို အသားအရေအတွက်အမျိုးမျိုးသုံးစွဲကြသလို ဆံကေသာစောင့်ရှောက်ဖို့အတွက်လည်း အသုံးပြုနေကြပါတယ်။

Olive Oil

Olive Oil

(၂) Aromatherapy Message

လှပတဲ့အမျိုးသမီးတိုင်းဟာ Message လုပ်ရတာကို နှစ်သက်ကြတာတွေ့ရပါတယ်။ အဲဒါကြောင့်မို့ ရှေးခေတ်က အမျိုးသမီးတွေဟာ Message လုပ်ခြင်းဖြင့် စိတ်ဖိစီးမှုတွေ ပြေပျောက်အောင် ပြုလုပ်ကာ အရွယ်တင်နုပျိုအောင် ပြုလုပ်ကြပါတယ်။ အဲဒီလို Message တွေ ပြုလုပ်တဲ့အခါမှာအနံ႔ေမႊးေသာအေမႊးဆီေတြကို အသုံးပြုကြပါတယ်။

Aromatherapy Message

Aromatherapy Message

(၃) Scrub တွေအစားမျက်နှာသုတ်ပဝါအသုံးပြုခြင်း

ရှေးခေတ် Scrub တွေ မထွက်ပေါ်သေးခင်တုန်းက ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် မျက်နှာသုတ်ပဝါကို အသုံးပြုခဲ့ကြပါတယ်။ ခုခေတ် အိမ်မှာ Scrub ကုန်နေရင် ဒီနည်းလမ်းလေးကို အစားထိုးပြီး လုပ်ကြည့်လို့ ရပါတယ်။ မျက်နှာသုတ်ပဝါနဲ့ အသားအရေကို ပွတ်တိုက်တဲ့အခါမှာ အရမ်းအကြမ်းကြီး မပွတ်တိုက်မီဖို့တော့ သတိထားသင့်ပါတယ်။

(၄) သကြားကိုအသုံးပြုပြီးအမွေးအမျှင်များဖယ်ရှားခြင်း

သကြားကိုအသုံးပြုပြီး အမွေးအမျှင်များဖယ်ရှားတာက ခုခေတ်မှ ပြုလုပ်လာတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ပြုလုပ်ခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို အမျိုးသမီးတော်တော်များများက ကြာရှည်ခံတဲ့ အကျိုးသက်ရောက်မှုရရှိတဲ့အတွက် ကြိုက်နှစ်သက်ကြပြီး အများဆုံးပြုလုပ်ကြတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

Sugaring

Sugaring

(၅) ပျားရည် Mask

လွန်ခဲ့တဲ့ ထောင်စုနစ်ကတည်းက ပျားရည်ကို အလှအပအတွက် နည်းလမ်းမျိုးစုံနဲ့ အသုံးပြုကြပါတယ်။ ပျားရည်ဟာ အသားအရေအတွက် အသုံးပြုလို့ရသလိုလ Cellulite တွေ လျော့ကြစေဖို့အတွက်လည်း အသုံးပြုကြပါတယ်။ Cellulite တွေလျော့ကျစေဖို့အတွက်ပြုလုပ်တဲ့အခါမှာ Cellulite ဖြစ်တဲ့နေရာတွေမှာ ပျားရည်သုတ်လိမ်းပြီး လက်ဖဝါးနဲ့ နှိပ်ပေးတာမျိုး ပြုလုပ်ပေးလို့ ရပါတယ်။

Honey Mask

Honey Mask

(၆) ဒန်းဆိုးဆေးနဲ့မဲနယ်ဆိုးဆေး

ရှေးခေတ်အမျိုးသမီးတွေက ဆံပင်တွေ ကျန်းမာပြီး ရှည်လျားသန်စွမ်းစေဖို့အတွက် ဒန်းဆိုးဆေးနဲ့မဲနယ်ဆိုးဆေးတွေကို အသုံးပြုကြသလို လိုချင်တဲ့ ဆံပင်အရောင်ရရှိဖို့အတွက်လည်း ၎င်းတို့ကိုအသုံးပြုကြပါတယ်။ အခုချိန်ထိလည်း ဆံပင်တွေကို အရောင်ဆိုးဖို့အတွက်နဲ့ ရှည်လျားသန်စွမ်းဖို့အတွက် ဒန်းဆိုးဆေးတွေကို အသုံးပြုနေကြတုန်းပါ။

Henna and basma

Henna and basma

(၇) ကြက်ဥ Mask

ကြက်ဥကို ရှေးယခင်ကတည်းက နည်းလမ်းမျိုးစုံနဲ့ အမျိုးသမီးတွေ အသုံးပြုခဲ့ကြပါတယ်။ ရှေးအမျိုးသမီးတွေက ကြက်ဥကိုမျက်နှာပေါင်းတင်ဖို့ အသုံးပြုကြသလို ဆံကေသာတွေ ရှည်လျားသန်စွမ်းပြီး တောက်ပြောက်စေဖို့အတွက်လည်း အသုံးပြုခဲ့ကြပါတယ်။

Egg Mask

Egg Mask

(၈)ဂေါ်ဖီရွက်

ဒီလှည့်ကွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းရာချီတုန်းက နို့တိုက်မိခင်တွေ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဂေါ်ဖီရွက်က နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေက လျော့ကျသက်သာစေပြီး နူးညံချောမွေ့စေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ရင်သားမှာကပ်ပြီး အသုံးပြုကြပါတယ်။

Cabbage Leave.

Cabbage Leave.

(၉) ဟင်းချက်ရာတွင်သုံးသောဒိန်ချဉ်

ရှေးခေတ်တုန်းက ဒိန်ချဉ်ကိုအသုံးပြုပြီး ပန်းကန်တွေကို ဆေးရာကနေ လက်တွေ စိုပြေချောမွေ့ပြီး နူးညံပျော့ပျောင်းတာကို တွေ့ရှိခဲ့ပါတယ်။ အကယ်၍ ဟင်းချက်ရာမှာ သုံးတဲ့ဒိန်ချဉ်ရှိခဲ့ရင် လက်ကလေးတွေ နူးညံံ့ပျော့ပျောင်းဖို့အတွက် သုံးပေးဖို့ မနှမြောပါနဲ့။

Sour cream

Sour cream

(၁၀) ရွှံ့စေး

ရွှံ့စေးကိုလည်း ရှေးအမျိုးသမီးတွေဟာ အလှအပရေးရာအတွက် မရှိမဖြစ်အသုံးပြုခဲ့ကြပါတယ်။ တောက်ပတဲ့ အသားအရေ၊ ကျန်းမာသန်စွမ်းတဲ့ ဆံပင်၊ အသားအရေ အထစ်ထစ်တွေဖြစ်တာကို ချောမွေ့လာစေဖို့အတွက် ရွှံ့စေးကို အသုံးပြုခဲ့ကြပါတယ်။

Clay

Clay

ရှေးခေတ်က အလှအပအတွက် အသုံးပြုခဲ့တဲ့ နည်းလမ်းလေးတွေက ယနေ့ခေတ်မှာလည်း အလွယ်တကူ လိုက်ပြီး လုပ်ဆောင်ကြည့်လို့ရတဲ့အတွက် စမ်းလုပ်ကြည့်ပြီး အကျိုးများမများ ပြန်လည်ဝေမျှပေးကြပါဦး။

H.H(Akhayar)

www.akhayar.com