[Zawgyi]

ညိဳမင္းလြင္ရိုက္ကူးတဲ့ ‘အနႏၱ-Ananda’ ရုပ္ရွင္ဇာတ္ကားရဲ့ Trailer ထြက္ေပၚလာပါျပီ

ညေက်ာင္းရုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္ျပီး ဒါရိုက္တာ ညိဳမင္းလြင္ရိုက္ကူးတဲ့ ‘အနႏၱ-Ananda’ ရုပ္ရွင္ဇာတ္ကားၾကီးရဲ့ Trailer ထြက္ေပၚလာျပီျဖစ္ပါတယ္။ ဒီကားမွာ သရုပ္ေဆာင္ေတြအေနနဲ႔  ဒီးတာ အျဖစ္ နန္းဆုဦး၊ ကပၸတိန္လာဂြန္းအျဖစ္ ျဖိဳးေငြစိုး၊ ေမဂ်ာအဂၢအျဖစ္ စိုင္းလႊမ္း၊ ကပၸတိန္ၾသရအျဖစ္ ေနဝင္း ၊ကပၸတိန္ခ်ားကိုးလ္အျဖစ္ ဧကရီမႈးပုိင္၊ အိုဗာအျဖစ္  စိုးရန္ေအာင္၊ အေမရိကန္သမၼတ Elveen C.Washington အျဖစ္ နန္းထိုက္ေအာင္၊ Notra အျဖစ္ သက္ထားေဝဇင္တို႔က သရုပ္ေဆာင္ထားၾကပါတယ္။

ဒီဇာတ္ကားရဲ့ Trailer ကုိ ညိဳမင္းလြင္က ဒီလို မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။

“ခ်စ္ခင္ေလးစားရပါေသာပရိသတ္မ်ားအားလံုးမဂၤလာပါ…

ကြ်န္ေတာ္ဒါ႐ိုက္တာအျဖစ္နဲ႔႐ိုက္ကူးခဲ့တဲ့ Ananda ႐ုပ္ရွင္ဇာတ္ကားဟာ ညေက်ာင္း႐ုပ္ရွင္ထုတ္လုပ္ေရးကေနထုတ္လုပ္႐ိုက္ကူးခဲ့တယ္ ဆိုေပမယ့္ အခုစာကိုဖတ္ေနတဲ့မိတ္ေဆြလည္း ပိုင္ပါတယ္…

ႏိုင္ငံတစ္ႏိုင္ငံ၊လူမ်ိဳးစုတစ္ခု ဒါမွမဟုတ္ လုပ္ငန္းနယ္ပယ္တစ္ခုမွာ အတူတကြေရးခဲ့ၾကတဲ့ သမိုင္း ဆိုတာကို လူတစ္ဦးတစ္ေယာက္တည္းက ပိုင္ဆိုင္ခြင့္မရွိသလိုပါပဲ…
Ananda ႐ုပ္ရွင္ဇာတ္ကားကို ျမန္မာ႐ုပ္ရွင္ကိုခ်စ္ျမတ္ႏိုးေသာ မည္သူမဆိုပိုင္ဆိုင္ခြင့္ရွိပါတယ္…

ကြ်န္ေတာ္တို႔ျမန္မာ့႐ုပ္ရွင္မွာ ရွိသင့္တယ္ထင္တဲ့ ဇာတ္ကားအမ်ိဳးအစားတစ္ခုကို ေပၚေပါက္လာေစခ်င္တဲ့ရည္ရြယ္ခ်က္နဲ႔ က်န္တာဘာမွမစဥ္းစားပဲ ႐ိုက္ရက္ေပါင္း ဂ်ဴတီခုနစ္ဆယ္အထိ႐ိုက္ကူးခဲ့ၿပီး CGI အထူးျပဳလုပ္ခ်က္ေတြကိုအခ်ိန္ႏွစ္ႏွစ္ေက်ာ္ဖန္တီးခဲ့တဲ့ဇာတ္ကားတစ္ခုျဖစ္ပါတယ္…

ေနာင္အနာဂါတ္မွာ ျမန္မာလူငယ္ေတြ႐ိုက္ကူးတဲ့ သိပၸံဇာတ္ကားေတြ၊ VFX အသားေပးဇာတ္ကားေတြဖြံ႔ၿဖိဳးလာဖို႔အတြက္ အားလံုးက မျဖစ္ႏိုင္ပါဘူး လို႔ေစာင့္ၾကည့္ေနတဲ့ၾကားက မရ ရေအာင္ႀကိဳးစားယူခဲ့ရတဲ့ ဇာတ္ကားတစ္ခုလည္းျဖစ္ပါတယ္၊

မခက္ဘူးလား ဆိုရင္ေတာ့ ခက္ပါတယ္…
မရဘူးလား ဆိုရင္ေတာ့ ရတာပါပဲ……

ျမန္မာ့႐ုပ္ရွင္အနာဂါတ္ကို ကြ်န္ေတာ္တို႔အားလံုးအတူတကြေျပာင္းလဲၾကရေအာင္ လို႔ ခ်စ္ခင္ေလးစားစြာဖိတ္ေခၚလိုက္ပါတယ္…

With love,
ညိဳမင္းလြင္”

‘အနႏၱ- Ananda’ ရဲ့ Trailer ကို ဒီေနရာမွာ ၾကည့္ရႈလို႔ ရပါတယ္။ ၾကည့္ရႈျပီးရင္ေတာ့ ဘယ္လို သေဘာရလဲ ေျပာေပးၾကပါဦး။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

ညိုမင်းလွင်ရိုက်ကူးတဲ့ ‘အနန္တ-Ananda’ ရုပ်ရှင်ဇာတ်ကားရဲ့ Trailer ထွက်ပေါ်လာပါပြီ

ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်ပြီး ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ ‘အနန္တ-Ananda’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Trailer ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီကားမှာ သရုပ်ဆောင်တွေအနေနဲ့  ဒီးတာ အဖြစ် နန်းဆုဦး၊ ကပ္ပတိန်လာဂွန်းအဖြစ် ဖြိုးငွေစိုး၊ မေဂျာအဂ္ဂအဖြစ် စိုင်းလွှမ်း၊ ကပ္ပတိန်သြရအဖြစ် နေဝင်း ၊ကပ္ပတိန်ချားကိုးလ်အဖြစ် ဧကရီမှုးပိုင်၊ အိုဗာအဖြစ်  စိုးရန်အောင်၊ အမေရိကန်သမ္မတ Elveen C.Washington အဖြစ် နန်းထိုက်အောင်၊ Notra အဖြစ် သက်ထားဝေဇင်တို့က သရုပ်ဆောင်ထားကြပါတယ်။

ဒီဇာတ်ကားရဲ့ Trailer ကို ညိုမင်းလွင်က ဒီလို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

“ချစ်ခင်လေးစားရပါသောပရိသတ်များအားလုံးမင်္ဂလာပါ…

ကျွန်တော်ဒါရိုက်တာအဖြစ်နဲ့ရိုက်ကူးခဲ့တဲ့ Ananda ရုပ်ရှင်ဇာတ်ကားဟာ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးကနေထုတ်လုပ်ရိုက်ကူးခဲ့တယ် ဆိုပေမယ့် အခုစာကိုဖတ်နေတဲ့မိတ်ဆွေလည်း ပိုင်ပါတယ်…

နိုင်ငံတစ်နိုင်ငံ၊လူမျိုးစုတစ်ခု ဒါမှမဟုတ် လုပ်ငန်းနယ်ပယ်တစ်ခုမှာ အတူတကွရေးခဲ့ကြတဲ့ သမိုင်း ဆိုတာကို လူတစ်ဦးတစ်ယောက်တည်းက ပိုင်ဆိုင်ခွင့်မရှိသလိုပါပဲ…
Ananda ရုပ်ရှင်ဇာတ်ကားကို မြန်မာရုပ်ရှင်ကိုချစ်မြတ်နိုးသော မည်သူမဆိုပိုင်ဆိုင်ခွင့်ရှိပါတယ်…

ကျွန်တော်တို့မြန်မာ့ရုပ်ရှင်မှာ ရှိသင့်တယ်ထင်တဲ့ ဇာတ်ကားအမျိုးအစားတစ်ခုကို ပေါ်ပေါက်လာစေချင်တဲ့ရည်ရွယ်ချက်နဲ့ ကျန်တာဘာမှမစဉ်းစားပဲ ရိုက်ရက်ပေါင်း ဂျူတီခုနစ်ဆယ်အထိရိုက်ကူးခဲ့ပြီး CGI အထူးပြုလုပ်ချက်တွေကိုအချိန်နှစ်နှစ်ကျော်ဖန်တီးခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်…

နောင်အနာဂါတ်မှာ မြန်မာလူငယ်တွေရိုက်ကူးတဲ့ သိပ္ပံဇာတ်ကားတွေ၊ VFX အသားပေးဇာတ်ကားတွေဖွံ့ဖြိုးလာဖို့အတွက် အားလုံးက မဖြစ်နိုင်ပါဘူး လို့စောင့်ကြည့်နေတဲ့ကြားက မရ ရအောင်ကြိုးစားယူခဲ့ရတဲ့ ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်၊

မခက်ဘူးလား ဆိုရင်တော့ ခက်ပါတယ်…
မရဘူးလား ဆိုရင်တော့ ရတာပါပဲ……

မြန်မာ့ရုပ်ရှင်အနာဂါတ်ကို ကျွန်တော်တို့အားလုံးအတူတကွပြောင်းလဲကြရအောင် လို့ ချစ်ခင်လေးစားစွာဖိတ်ခေါ်လိုက်ပါတယ်…

With love,
ညိုမင်းလွင်”

‘အနန္တ- Ananda’ ရဲ့ Trailer ကို ဒီနေရာမှာ ကြည့်ရှုလို့ ရပါတယ်။ ကြည့်ရှုပြီးရင်တော့ ဘယ်လို သဘောရလဲ ပြောပေးကြပါဦး။

Yoe Lu (Akhayar)

www.akhayar.com