ကင္ဂ်ံဳအန္း ထုတ္ထုတ္ႂကြားေနတဲ့ ေျမာက္ကုိရီးယား ဒံုးပ်ံေတြအေၾကာင္း

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္းက တစ္ခုခုျဖစ္တာနဲ႔ သူရဲ႕ ဒံုးပ်ံေတြ ပစ္ထည့္လိုက္ရမလားဆိုၿပီးမၾကာခဏ ၿခိမ္းေျခာက္ေလ့ရွိသည္။ ႏိုင္ငံတကာက ပိတ္ဆို႔မႈေတြဘယ္ေလာက္ပဲလုပ္လုပ္ သူရဲ႕နယူးကလိယားအစီအစဥ္ကိုသည္းႀကီးမည္းႀကီး ဆက္လုပ္သည္။ ဒံုးပ်ံေတြကိုလည္း တစ္ခုၿပီးတစ္ခုစမ္းသပ္သည္။ ဒံုးပ်ံေတြကိုလည္း မစမ္းသပ္လို႔မရ။ ဒံုးပ်ံေတြက နယူးကလိယားေတြကို အဓိကသယ္ေဆာင္ရမည့္အရာျဖစ္သည္။ နယူးကလိယားဗံုးဆိုတာက လက္ပစ္ဗံုးနဲ႔မတူ။ လက္နဲ႔ကိုင္ၿပီးပစ္လို႔မရသလို။ အေျမာက္ထဲထည့္ၿပီး ပစ္လို႔လည္း မရ။ ေလယာဥ္နဲ႔သယ္ၿပီး သြားႀကဲမယ္ဆိုလည္း သူရဲ႕ေလယာဥ္ေတြ လမ္းမွာတင္ကိစၥေခ်ာသြားႏိုင္သည္။ အဲ့ဒီေတာ့ ဒံုးပ်ံေတြက အဓိကလက္နက္သဖြယ္ျဖစ္လာသည္။ ဒံုးပ်ံေတြမွာသာ နယူးကလိယားထိပ္ဖူးတပ္ၿပီး ပစ္ႏိုင္ၿပီဆိုရင္ အားလံုးအဆင္ေျပသြားၿပီ။ လမ္းမွာ ဒံုးခြင္းဒံုးေတြနဲ႔ျဖတ္တားခဲ့ရင္ေတာင္မွ ေပါက္ကြဲဖို႔က လံုးဝေသခ်ာသြားၿပီ။ ဒါေၾကာင့္မို႔ ဒံုးပ်ံစြမ္းအား ျမင့္တင္ႏိုင္ဖို႔က ေျမာက္ကိုရီးယားအတြက္ အေရးအႀကီးဆံုးလိုျဖစ္လာသည္။

တာေဝးပစ္ႏိုင္ပါမွ လူရိုေသမည္

ေျမာက္ကိုရီးယား အဓိကဦးတည္ႏိုင္တာက အေမရိကအထိ ပစ္ႏိုင္သည္အထိ ဒံုးပ်ံအင္အားကို ျမွင့္တင္ႏိုင္ဖို႔ ျဖစ္သည္။၂၀၁၂ ခုႏွစ္ကစၿပီး ေျမာက္ကိုရီးယားရဲ႕ စစ္ေရးျပအခမ္းအနားေတြမွာ တိုက္တစ္တိုက္ကေနတစ္တိုက္ ပစ္ခတ္ႏိုင္တဲ့ Intercontinental Ballistic Missile (ICBM) အမ်ိဳးအစားဒံုးပ်ံေတြကို မၾကာခဏေတြ႔ရ သည္။ သူတို႔ရဲ႕အမည္ကေတာ့ KN-08 နဲ႔ KN-14 ။ အဆင့္ျမင့္ထရပ္ကားႀကီးေတြေပၚမွာ တင္ေဆာင္လာတဲ့ KN-08 အမ်ိဳးအစားကေတာ့ အဆင့္သံုးဆင့္ ပါဝင္ၿပီး အကြာအေဝး ၁၁၅၀၀ ကီလိုမီတာအထိ ေရာက္ႏိုင္မည္ဟု ကၽြမ္းက်င္သူေတြက ခန္႔မွန္းၾကသ သည္။ KN-14 ကေတာ့ အဆင့္ႏွစ္ဆင့္သာပါဝင္ၿပီး ကီလိုမီတာ ၁၀၀၀၀ ေလာက္ေရာက္ႏိုင္သည္။ ဘယ္ဒံုးပ်ံကိုမွေတာ့ ေသေသခ်ာခ်ာပစ္လႊတ္စမ္းသပ္တာမ်ိဳး မေတြ႔ရ။ ပစ္လႊတ္ႏိုင္ခဲ့ရင္ေတာင္မွ ကိုယ္ပစ္ခ်င္တဲ့ပစ္မွတ္ကို တိတိက်က်ေရာက္ဖို႔က ပဲ့ထိန္းစနစ္ေကာင္းေကာင္း လိုအပ္ေနဦးမည္။

ဘာလို႔ ICBMs ေတြကို တည္ေဆာက္ခ်င္ရတာလဲ။

တိုက္တစ္တိုက္ကေန တစ္တိုက္အထိအလွမ္းပစ္လို႔ရတဲ့ ICBMs ေတြဆိုတာက ကိုယ့္ရဲ႕စြမ္းအားကို ေဖာ္ျပႏိုင္တဲ့ အဆံုးစြန္ဆံုးအမွတ္အသားျဖစ္သည္။ အခုကင္ဂ်ံဳအန္းထုတ္ထုတ္ႂကြားေနတဲ့ ဒံုးပ်ံေတြက ပတ္ကားအဆင့္ေတာ့ မေရာက္ေသး။ ICBMs ေတြလံုးဝေအာင္ျမင္သြားခဲ့ရင္ေတာ့ ႏိုင္ငံႀကီးေတြနည္းနည္းမ်က္ခံုးလႈပ္ရမည္။ အခုေတာင္ပစ္ထည့္လိုက္မယ္ဆိုၿပီး တကဲကဲလုပ္ေနတာ။ ေနာက္ဆိုရင္ေတာ့ ပိုဆိုးမည္။ ဒုတိယကမၻာစစ္အလြန္ စစ္ေအးတိုက္ပြဲအတြင္းမွာေတာ့ အေမရိကန္နဲ႔ ရုရွားတို႔က သူတို႔ဒံုးပ်ံစြမ္းအားကိုအမ်ိဳးမ်ိဳးၿပိဳင္ၾကသည္။ ဒံုးပ်ံေတြကို ႏွစ္ႏွစ္ႏိုင္ငံအၿပိဳင္ ေျမေအာက္ထဲမွာဝွက္လိုက္၊ ကားေတြေပၚတင္လိုက္၊ေရငုပ္သေဘာၤေတြေပၚမွာတင္ေပးလုိက္နဲ႔ မရိုးရေအာက္ၿပိဳင္ၾကသည္။ ေနာက္ေတာ့ မိမိရဲ႕မဟာမိတ္ႏို္င္ငံေတြမွာ ဒံုးပ်ံေတြလုိက္ထားရာကေန က်ဴဘားအေရးအခင္းျဖစ္ရသည္။ ေနာက္ေတာ့မွ ညွိညွိႏႈိင္းႏႈိုင္းႏွင့္ၿပီးသြားသည္။ ဒီလိုအစြမ္းႀကီးတဲ့အတြက္ေၾကာင့္ ေျမာက္ကိုရီးယားကလည္း ICBMs ေတြကို ပိုင္ဆိုင္လိုျခင္းျဖစ္သည္။

ICBMs ေတြဘယ္လိုအလုပ္လုပ္သလဲ

ICBMs ေတြက တြန္းအားအဆင့္သံုးဆင့္ကိုအသံုးျပဳသည္။ ပထမအဆင့္က ေလာင္စာေတြကိုသံုးၿပီးအကြာအေဝးတစ္ခုေရာက္ေအာင္သြားသည္။ ၿပီးေတာ့ထိပ္ကအကာကို ျဖဳတ္ခ်လိုက္သည္။ ၿပီးေတာ့မွဒုတိယအဆင့္နဲ႔ တတိယအဆင့္ေလာင္စာေတြကို အဆင့္အဆင့္သံုးသြားသည္။ ေနာက္ဆံုးပစ္မွတ္ရဲ႕အထက္ မုိင္ ၅၀၀၊ ၁၀၀၀ ေလာက္ကေနမွ သယ္ေဆာင္လာတဲ့ထိပ္ဖူးကိုလႊတ္ခ်လိုက္သည္။ ေအာက္ကပံုကိုၾကည့္လိုက္ရင္ အျမင္ရွင္းသြားမည္။

ေျမာက္ကိုရီးယားပိုင္ဆိုင္ထားသည့္ ဒံုးပ်ံမ်ား

ေျမာက္ကိုရီးယားရဲ႕ ဒံုးပ်ံေတြရဲ႕ အစက စကဒ္ (Scuds) ဒံုးပ်ံုေတြျဖစ္ၿပီး ပထမဆံုးမ်ိဳးဆက္လည္းျဖစ္သည္။၁၉၇၆ ဝန္းက်င္ေလာက္တုန္းက အီဂ်စ္မွတစ္ဆင့္ရရွိခဲ့ျခင္းျဖစ္သည္။ ၁၉၈၄ ခုႏွစ္ေရာက္ေတာ့ ႏိုင္ငံတြင္းမွာကိုယ္တိုင္ထုတ္လုပ္ၿပီး Hwasongs လို႔အမည္ေပးသည္။ သူတို႔ရဲ႕ပစ္ႏိုင္တဲ့အကြာအေဝးက ကီလိုမီတာ၁၀၀၀ ေလာက္ရွိၿပီး ပံုမွန္ထိပ္ဖူးတပ္ဆင္ႏိုင္သလို ဓါတုေဓဗနဲ႔ ဇီဝထိပ္ဖူးေတြတပ္ၿပီးလည္း ပစ္လႊတ္ႏိုင္သည္။ Hwasong ရဲ႕ေနာက္မ်ိဳးဆက္က Nodong ျဖစ္သည္။ သူတို႔က အရင္ Hwasong/ Scud ဒံုးပ်ံေတြကို အဆင့္ျမွင့္ထားျခင္းျဖစ္သည္။ သူတို႔ကေတာ့ အကြာအေဝး ၁၃၀၀ ကီလိုမီတာေလာက္အထိပစ္ႏိုင္သည္။သူတို႔ရဲ႕ေနာက္မ်ိဳးဆက္ကေတာ့ Musudan ျဖစ္သည္။

ႏိုင္ငံတကာနည္းဗ်ဴဟာေလ့လာေရးအဖြဲ႕ႀကီးကေတာ့ဒီဒံုးပ်ံရဲ႕ေတြဟာ ေတာင္ကိုရီးယားနဲ႔ဂ်ပန္ႏိုင္ငံႏွစ္ခုလံုးကို အျပည့္အဝၿခိမ္းေျခာက္ႏိုင္စြမ္းရွိတယ္လို႔ ဆိုထားသည့္ ဒံုးပ်ံေတြျဖစ္သည္။ ဒီဒံုးပ်ံေတြရဲ႕ပစ္လႊတ္ႏိုင္တဲ့အကြာအေဝးကို အစၥေရးေထာက္လွမ္းေရးအဖြဲ႕က ၂၅၀၀ ကီလိုမီတာလို႔ေျပာေပမယ့္ အေမရိကန္ကေတာ့ ၃၂၀၀ ကီလိုမီတာအထိေရာက္ႏိုင္သည္လုိ႔ ခန္႔မွန္းႏိုင္သည္။အျခားႏိုင္ငံေတြကေတာ့ ၄၀၀၀ ကီလိုမီတာအထိေရာက္ႏိုင္မည္ဟု ေျပာၾကသည္။ ၂၀၁၆ ခုႏွစ္အတြင္း ႀကိမ္ဖန္မ်ားစြာ စမ္းသပ္ခဲ့သည့္ဒံုးပ်ံလည္းျဖစ္သည္။ ၂၀၁၆ ခုနွစ္၊ ၾသဂုတ္လတုန္းကေတာ့ ေျမာက္ကိုရီးယားကေရငုပ္သေဘာၤေတြကေနတစ္ဆင့္ပစ္လႊတ္ႏိုင္သည့္ Pukguksong ဒံုးပ်ံေတြကို တရားဝင္ေၾကျငာခဲ့သည္။ ေအာက္ကပံုကေတာ့ https://missilethreat.csis.org ကထုတ္ျပန္ထားတဲ့ ေျမာက္ကိုရီးယားဒံုးပ်ံေတြနဲ႔ပစ္လႊတ္ႏို္င္မည့္ အကြာအေဝးျဖစ္သည္။

ေျမာက္ကိုရီးယား၏ စစ္အေျခခုိက္စခန္းနဲ႔ ဒံုးပ်ံစခန္းမ်ား

မင္းသုခ (အခရာ)

(www.akhayar.com)

(Unicode)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တစ်ခုခုဖြစ်တာနဲ့ သူရဲ့ ဒုံးပျံတွေ ပစ်ထည့်လိုက်ရမလားဆိုပြီးမကြာခဏ ခြိမ်းခြောက်လေ့ရှိသည်။ နိုင်ငံတကာက ပိတ်ဆို့မှုတွေဘယ်လောက်ပဲလုပ်လုပ် သူရဲ့နယူးကလိ ယားအစီအစဉ်ကိုသည်းကြီးမည်းကြီး ဆက်လုပ်သည်။ ဒုံးပျံတွေကိုလည်း တစ်ခုပြီးတစ်ခုစမ်းသပ်သည်။ ဒုံးပျံတွေကိုလည်း မစမ်းသပ်လို့မရ။ ဒုံးပျံတွေက နယူးကလိယားတွေကို အဓိကသယ်ဆောင်ရမည့်အရာဖြစ်သည်။ နယူးကလိယားဗုံးဆိုတာက လက်ပစ်ဗုံးနဲ့မတူ။ လက်နဲ့ကိုင်ပြီးပစ်လို့မရသလို။ အမြောက်ထဲထည့်ပြီး ပစ်လို့လည်း မရ။ လေယာဉ်နဲ့သယ်ပြီး သွားကြဲမယ်ဆိုလည်း သူရဲ့လေယာဉ်တွေ လမ်းမှာတင်ကိစ္စချောသွားနိုင်သည်။ အဲ့ဒီတော့ ဒုံးပျံတွေက အဓိကလက်နက်သဖွယ်ဖြစ်လာသည်။ ဒုံးပျံတွေမှာသာ နယူးကလိယားထိပ်ဖူးတပ်ပြီး ပစ်နိုင်ပြီဆိုရင် အားလုံးအဆင်ပြေသွားပြီ။ လမ်းမှာ ဒုံးခွင်းဒုံးတွေနဲ့ဖြတ်တားခဲ့ရင်တောင်မှ ပေါက်ကွဲဖို့က လုံးဝသေချာသွားပြီ။ ဒါကြောင့်မို့ ဒုံးပျံစွမ်းအား မြင့်တင်နိုင်ဖို့က မြောက်ကိုရီးယားအတွက် အရေးအကြီးဆုံးလိုဖြစ်လာသည်။

တာဝေးပစ်နိုင်ပါမှ လူရိုသေမည်

မြောက်ကိုရီးယား အဓိကဦးတည်နိုင်တာက အမေရိကအထိ ပစ်နိုင်သည်အထိ ဒုံးပျံအင်အားကို မြှင့်တင်နိုင်ဖို့ ဖြစ်သည်။၂၀၁၂ ခုနှစ်ကစပြီး မြောက်ကိုရီးယားရဲ့ စစ်ရေးပြအခမ်းအနားတွေမှာ တိုက်တစ်တိုက်ကနေတစ်တိုက် ပစ်ခတ်နိုင်တဲ့ Intercontinental Ballistic Missile (ICBM) အမျိုးအစားဒုံးပျံတွေကို မကြာခဏတွေ့ရ သည်။ သူတို့ရဲ့အမည်ကတော့ KN-08 နဲ့ KN-14 ။ အဆင့်မြင့်ထရပ်ကားကြီးတွေပေါ်မှာ တင်ဆောင်လာတဲ့ KN-08 အမျိုးအစားကတော့ အဆင့်သုံးဆင့် ပါဝင်ပြီး အကွာအဝေး ၁၁၅၀၀ ကီလိုမီတာအထိ ရောက်နိုင်မည်ဟု ကျွမ်းကျင်သူတွေက ခန့်မှန်းကြသ သည်။ KN-14 ကတော့ အဆင့်နှစ်ဆင့်သာပါဝင်ပြီး ကီလိုမီတာ ၁၀၀၀၀ လောက်ရောက်နိုင်သည်။ ဘယ်ဒုံးပျံကိုမှတော့ သေသေချာချာပစ်လွှတ်စမ်းသပ်တာမျိုး မတွေ့ရ။ ပစ်လွှတ်နိုင်ခဲ့ရင်တောင်မှ ကိုယ်ပစ်ချင်တဲ့ပစ်မှတ်ကို တိတိကျကျရောက်ဖို့က ပဲ့ထိန်းစနစ်ကောင်းကောင်း လိုအပ်နေဦးမည်။

ဘာလို့ ICBMs တွေကို တည်ဆောက်ချင်ရတာလဲ။

တိုက်တစ်တိုက်ကနေ တစ်တိုက်အထိအလှမ်းပစ်လို့ရတဲ့ ICBMs တွေဆိုတာက ကိုယ့်ရဲ့စွမ်းအားကို ဖော်ပြနိုင်တဲ့ အဆုံးစွန်ဆုံးအမှတ်အသားဖြစ်သည်။ အခုကင်ဂျုံအန်းထုတ်ထုတ်ကြွားနေတဲ့ ဒုံးပျံတွေက ပတ်ကားအဆင့်တော့ မရောက်သေး။ ICBMs တွေလုံးဝအောင်မြင်သွားခဲ့ရင်တော့ နိုင်ငံကြီးတွေနည်းနည်းမျက်ခုံးလှုပ်ရမည်။ အခုတောင်ပစ်ထည့်လိုက်မယ်ဆိုပြီး တကဲကဲလုပ်နေတာ။ နောက်ဆိုရင်တော့ ပိုဆိုးမည်။ ဒုတိယကမ္ဘာစစ်အလွန် စစ်အေးတိုက်ပွဲအတွင်းမှာတော့ အမေရိကန်နဲ့ ရုရှားတို့က သူတို့ဒုံးပျံစွမ်းအားကိုအမျိုးမျိုးပြိုင်ကြသည်။ ဒုံးပျံတွေကို နှစ်နှစ်နိုင်ငံအပြိုင် မြေအောက်ထဲမှာဝှက်လိုက်၊ ကားတွေပေါ်တင်လိုက်၊ရေငုပ်သဘောၤတွေပေါ်မှာတင်ပေးလိုက်နဲ့ မရိုးရအောက်ပြိုင်ကြသည်။ နောက်တော့ မိမိရဲ့မဟာမိတ်နိုင်ငံတွေမှာ ဒုံးပျံတွေလိုက်ထားရာကနေ ကျူဘားအရေးအခင်းဖြစ်ရသည်။ နောက်တော့မှ ညှိညှိနှိုင်းနှိုင်းနှင့်ပြီးသွားသည်။ ဒီလိုအစွမ်းကြီးတဲ့အတွက်ကြောင့် မြောက်ကိုရီးယားကလည်း ICBMs တွေကို ပိုင်ဆိုင်လိုခြင်းဖြစ်သည်။

ICBMs တွေဘယ်လိုအလုပ်လုပ်သလဲ

ICBMs တွေက တွန်းအားအဆင့်သုံးဆင့်ကိုအသုံးပြုသည်။ ပထမအဆင့်က လောင်စာတွေကိုသုံးပြီးအကွာအဝေးတစ်ခုရောက်အောင်သွားသည်။ ပြီးတော့ထိပ်ကအကာကို ဖြုတ်ချလိုက်သည်။ ပြီးတော့မှဒုတိယအဆင့်နဲ့ တတိယအဆင့်လောင်စာတွေကို အဆင့်အဆင့်သုံးသွားသည်။ နောက်ဆုံးပစ်မှတ်ရဲ့အထက် မိုင် ၅၀၀၊ ၁၀၀၀ လောက်ကနေမှ သယ်ဆောင်လာတဲ့ထိပ်ဖူးကိုလွှတ်ချလိုက်သည်။ အောက်ကပုံကိုကြည့်လိုက်ရင် အမြင်ရှင်းသွားမည်။

ေျမာက္ကိုရီးယားပိုင္ဆိုင္ထားသည့္ ဒံုးပ်ံမ်ား

ေျမာက္ကိုရီးယားရဲ႕ ဒံုးပ်ံေတြရဲ႕ အစက စကဒ္ (Scuds) ဒံုးပ်ံုေတြျဖစ္ၿပီး ပထမဆံုးမ်ိဳးဆက္လည္းျဖစ္သည္။၁၉၇၆ ဝန္းက်င္ေလာက္တုန္းက အီဂ်စ္မွတစ္ဆင့္ရရွိခဲ့ျခင္းျဖစ္သည္။ ၁၉၈၄ ခုႏွစ္ေရာက္ေတာ့ ႏိုင္ငံတြင္းမွာကိုယ္တိုင္ထုတ္လုပ္ၿပီး Hwasongs လို႔အမည္ေပးသည္။ သူတို႔ရဲ႕ပစ္ႏိုင္တဲ့အကြာအေဝးက ကီလိုမီတာ၁၀၀၀ ေလာက္ရွိၿပီး ပံုမွန္ထိပ္ဖူးတပ္ဆင္ႏိုင္သလို ဓါတုေဓဗနဲ႔ ဇီဝထိပ္ဖူးေတြတပ္ၿပီးလည္း ပစ္လႊတ္ႏိုင္သည္။ Hwasong ရဲ႕ေနာက္မ်ိဳးဆက္က Nodong ျဖစ္သည္။ သူတို႔က အရင္ Hwasong/ Scud ဒံုးပ်ံေတြကို အဆင့္ျမွင့္ထားျခင္းျဖစ္သည္။ သူတို႔ကေတာ့ အကြာအေဝး ၁၃၀၀ ကီလိုမီတာေလာက္အထိပစ္ႏိုင္သည္။သူတို႔ရဲ႕ေနာက္မ်ိဳးဆက္ကေတာ့ Musudan ျဖစ္သည္။

နိုင်ငံတကာနည်းဗျူဟာလေ့လာရေးအဖွဲ့ကြီးကတော့ဒီဒုံးပျံရဲ့တွေဟာ တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံနှစ်ခုလုံးကို အပြည့်အဝခြိမ်းခြောက်နိုင်စွမ်းရှိတယ်လို့ ဆိုထားသည့် ဒုံးပျံတွေဖြစ်သည်။ ဒီဒုံးပျံတွေရဲ့ပစ်လွှတ်နိုင်တဲ့အကွာအဝေးကို အစ္စရေးထောက်လှမ်းရေးအဖွဲ့က ၂၅၀၀ ကီလိုမီတာလို့ပြောပေမယ့် အမေရိကန်ကတော့ ၃၂၀၀ ကီလိုမီတာအထိရောက်နိုင်သည်လို့ ခန့်မှန်းနိုင်သည်။အခြားနိုင်ငံတွေကတော့ ၄၀၀၀ ကီလိုမီတာအထိရောက်နိုင်မည်ဟု ပြောကြသည်။ ၂၀၁၆ ခုနှစ်အတွင်း ကြိမ်ဖန်များစွာ စမ်းသပ်ခဲ့သည့်ဒုံးပျံလည်းဖြစ်သည်။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လတုန်းကတော့ မြောက်ကိုရီးယားကရေငုပ်သဘောၤတွေကနေတစ်ဆင့်ပစ်လွှတ်နိုင်သည့် Pukguksong ဒုံးပျံတွေကို တရားဝင်ကြေငြာခဲ့သည်။ အောက်ကပုံကတော့ https://missilethreat.csis.org ကထုတ်ပြန်ထားတဲ့ မြောက်ကိုရီးယားဒုံးပျံတွေနဲ့ပစ်လွှတ်နိုင်မည့် အကွာအဝေးဖြစ်သည်။

မြောက်ကိုရီးယား၏ စစ်အခြေခိုက်စခန်းနဲ့ ဒုံးပျံစခန်းများ

မင်းသုခ (အခရာ)
(www.akhayar.com)