[Zawgyi]



De-Bruyne

De-Bruyne


Ref: BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လိဂ်ဖလားပြိုင်ပွဲမှာ ဒဏ်ရာပြန်လည်ရရှိခဲ့တဲ့ ဒီဘရိုင်းနား De Bruyne

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနား De Bruyne ဟာ ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တဲ့ လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒီဘရိုင်းနား ဟာ ဒဏ်ရာကနေ ကောင်းမွန်လာတာ မကြာသေးသူဖြစ်ပြီး လက်ရှိမှာတော့ ဒဏ်ရာပြဿနာနဲ့ ပြန်လည်ကြုံတွေခဲ့ရတာပဲဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်မှာတော့ ဒီဘရိုင်းနား ဟာ ပွဲချိန် (၈၆)မိနစ်မှာ Gomes နဲ့ လူစားလဲခံခဲ့ရပါတယ်။

De-Bruyne

De-Bruyne

ဒီနှစ်ဘောလုံးရာသီဟာ ဒီဘရိုင်းနားအတွက် ကံသိပ်မကောင်းဖူးလို့ပြောရမှာဖြစ်ပြီး ရာသီအစတုန်းက ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့်လည်း (၂)လခန့် အနားယူခဲ့ရပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာ Guardiola က ” သူ့ရဲ့ ဒဏ်ရာကို ဆရာဝန်တွေစစ်ဆေးနေကြပါတယ်။ ဒဏ်ရာဟာ ပြင်းထန်သလား ၊ မပြင်းထန်ဘူးလားဆိုတာကိုတော့ မသိသေးပါဘူး ” လို့ပြောကြားခဲ့ပါတယ်။

Ref: BBC Sport
Photo: Goal.com , EuropeUnion
Ko Kyue(Akhayar)
www.akhayar.com