[Zawgyi]

ေရေျမာင္းထဲျပဳတ္က်ေနတဲ့ ေခြးေလးကို Drone အသံုးျပဳၿပီးကယ္တင္ခဲ့

အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ရဲ႕ သာယာတဲ့ မနက္ခင္းတစ္ခုမွာ အင္ဂ်င္နီယာတစ္ဦးျဖစ္တဲ့ Milind Raj ဟာလမ္းေလ်ာက္ထြက္ေနရင္း ေခြးေလးတစ္ေကာင္ တအီအီ နဲ႔ေအာ္ညည္းေနတဲ့အသံ သဲ့သဲ့ကိုၾကားလိုက္ရပါတယ္၊ အသံၾကားတဲ့ေနာက္ကို လိုက္ရင္းလိုက္ရင္းနဲ႔ ေနာက္ဆံုးမွာေတာ့ လမ္းႏွစ္ခုအၾကားက ေျမာင္းနက္ႀကီးတစ္ခုထဲမွာ ေခြးေလးတစ္ေကာင္ ေသလုေျမာပါးျဖစ္ၿပီး အမႈိက္ေတြနဲ႔ၿငိေနတာကိုေတြ႔သြားပါတယ္။ ေရေျမာင္းရဲ႕ ေဘးႏွစ္ဖက္ေဘာင္ေတြဟာ အရမ္းကိုျမင့္လြန္းတာေၾကာင့္ လူတစ္ေယာက္အေနနဲ႕ဆိုရင္ေတာင္ျပဳတ္က်ရင္ျပန္တက္လို႔မရႏိုင္ပါဘူး။ ပတ္ဝန္းက်င္အကူအညီမပါပဲ ဆင္းကယ္ဖို႔အဆင္မေျပသလို ေျမာင္းရဲ႕ အနက္ဟာ ေပ ၂၀ ေလာက္ရွိတဲ့အတြက္ ဘယ္သူမွမစြန္႔စားရဲဘူးျဖစ္ေနပါတယ္။ ေျမာင္းထဲဆင္းကယ္ၿပီးအေပၚကို အႏၱရာယ္ကင္းကင္းနဲ႔ ျပန္ေရာက္လာဖို႔ဆိုတာ မေသခ်ာပါဘူး။

ပတ္ဝန္းက်င္က ေျပာပံုအရဆိုရင္ေတာ့ ေခြးေလး ေအာ္ငိုေနတဲ့အသံကိုၾကားရတာဟာ ၂ရက္ေလာက္ရွိေနၿပီလို႔ဆိုပါတယ္။ ဒါေပမယ့္ ဘယ္သူမွေတာ့ ဂရုစိုက္ၿပီး လိုက္မၾကည့္ခဲ့ပါဘူး။ Raj ဟာ ေခြးေလးရဲ႕ စိတ္မခ်မ္းေျမ့စရာျဖစ္ရပ္ကိုေတြ႕ျမင္သြားတဲ့အတြက္ တစ္နည္းမဟုတ္ တစ္နည္းနဲ႕ ကယ္တင္ႏိုင္ဖို႔ဆံုးျဖတ္လိုက္ပါတယ္။

Raj ဟာအခ်ိန္ဆိုင္းမေနေတာ့ပဲ ေခြးတစ္ေကာင္ရဲ႕ အေလးခ်ိန္ကို သယ္မႏိုင္မယ့္ Six-Rotor Drone တစ္စင္းကို ျပင္ဆင္ၿပီး Drone ရဲ႕ ေအာက္ပိုင္းမွာေတာ့ ေခြးေလးကို ေပြ႕ခ်ီႏိုင္မယ့္ စက္ရုပ္လက္တံတစ္စံု(လက္ေပြ႕) ကိုတပ္ဆင္လိုက္ပါတယ္။ အဆိုပါ လက္တံေတြကို Controller မွတဆင့္ ထိန္းခ်ဳပ္ႏိုင္ပါတယ္။ လက္တံေတြကို တည္ေဆာက္ရာမွာ ကယ္ဆယ္ေရးလုပ္ငန္းမွာ ထိထိေရာက္ေရာက္အသံုးခ်ႏိုင္ဖို႔အတြက္ သူကိုယ္တိုင္ ဖန္တီးထားတဲ့ AI Program ကိုပါထည့္သြင္းခဲ့ပါတယ္။ ၄င္း AI Program ဟာ ေခြးေလးရဲ႕ ႏွလံုးခုန္ႏႈန္းန႔ဲ အသက္ရႈႏႈန္း အစရွိတဲ့ က်န္းမာေရးဆိုင္ရာအေျခအေနေတြကို သိရွိႏုိင္ၿပီး ေကာင္းမြန္စြာ ဘယ္လို ကိုင္တြယ္ရမလဲဆိုတာ ကိုေဖာ္ျပေပးႏိုင္ပါတယ္။ စက္ရုပ္လက္တံကို AI နဲ႔ေပါင္းစပ္ထားတာေၾကာင့္ ေခြးေလးကို သက္ေတာင့္သက္သာနဲ႔ ခ်ီမေပးႏိုင္မွာျဖစ္ၿပီး အကယ္၍ စက္ရုပ္လက္တံရဲ႕ ညွစ္အားအရမ္းမ်ားခဲ့မယ္ဆိုရင္ ေခြးေလးဟာ မြန္းက်ပ္ၿပီး အသက္ဆံုးရႈံးသြားမွာပါ။

AI Robot Hand

Raj အေနနဲ႔ Drone ကိုေရာ AI နည္းပညာနဲ႕ စက္ရုပ္လက္တံကို Lucknow ျမိဳ႕မွာရွိတဲ့ သူ႔ရဲ႕ စမ္းသပ္ခန္းထဲမွာ လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္ကတည္းက ရည္ရြယ္ခ်က္ရွိရွိနဲ႔ ဖန္တီးထားခဲ့တာျဖစ္ၿပီး အခုလိုအေရးေပၚတဲ့အခ်ိန္မွာေတာ့ အဆင္သင့္ျပန္ဆင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ျပင္ဆင္မႈေတြၿပီးသြားတဲ့အခါမွာေတာ့ Raj ဟာ ေခြးေလးရွိတဲ့ေနရာကို အျမန္ျပန္သြားခဲ့ၿပီး ကယ္ဆယ္ေရးလုပ္ငန္းကို စတင္ခဲ့ပါတယ္။ ေခြးေလးဟာ အရမ္းပင္ပန္းႏြမ္းနယ္ေနတာေၾကာင့္ လႈပ္ရွားမႈေတာင္မရွိေတာ့သေလာက္ျဖစ္ေနပါၿပီ။ ဒါဟာလည္း အဆိုးထဲက အေကာင္းတစ္ခုလို႔ေျပာရမွာပါ၊ လႈပ္ရွားရုန္းကန္ျခင္းမရွိေတာ့တဲ့အတြက္ ေခြးေလးကို စက္ရုပ္လက္တံကိုအသံုးျပဳၿပီး ဂုတ္ကေနတဆင့္ မခ်ီကာ ေဘးလြတ္ရာကို ခ်ေပးႏိုင္ခဲ့ပါတယ္။ နည္းပညာကို ေကာင္းမြန္စြာအသံုးခ်ႏိုင္ခဲ့တဲ့ Raj ေၾကာင့္ ေခြးကေလးဟာ အိပ္မက္ဆိုးကေန လြတ္ေျမာက္ခဲ့ပါၿပီ။ Raj ကေတာ့ ေခြးေလးကို Lifted လို႔ အမည္ေပးလိုက္ပါတယ္။

ေခြးေလးအား ကယ္တင္စဥ္

ကယ္ဆယ္ခဲ့တဲ့ Video ေလးကိုေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

Drone ဆိုတာ မွန္ကန္စြာအသံုးျပဳႏိုင္ရင္ ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ အရမ္းအသံုးဝင္တယ္ဆိုတာ Raj ကေဖာ္ျပလိုက္တာပါပဲ။ ျမန္မာႏိုင္ငံမွာလည္း Drone နဲ႔ပတ္သက္ၿပီး စနစ္တက် လြတ္လပ္ခြင့္ေလးေတြ အျမန္ဆံုးရရွိႏိုင္ပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္။

Ref; The Verg
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

ရေမြောင်းထဲပြုတ်ကျနေတဲ့ ခွေးလေးကို Drone အသုံးပြုပြီးကယ်တင်ခဲ့

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရဲ့ သာယာတဲ့ မနက်ခင်းတစ်ခုမှာ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Milind Raj ဟာလမ်းလျောက်ထွက်နေရင်း ခွေးလေးတစ်ကောင် တအီအီ နဲ့အော်ညည်းနေတဲ့အသံ သဲ့သဲ့ကိုကြားလိုက်ရပါတယ်၊ အသံကြားတဲ့နောက်ကို လိုက်ရင်းလိုက်ရင်းနဲ့ နောက်ဆုံးမှာတော့ လမ်းနှစ်ခုအကြားက မြောင်းနက်ကြီးတစ်ခုထဲမှာ ခွေးလေးတစ်ကောင် သေလုမြောပါးဖြစ်ပြီး အမှိုက်တွေနဲ့ငြိနေတာကိုတွေ့သွားပါတယ်။ ရေမြောင်းရဲ့ ဘေးနှစ်ဖက်ဘောင်တွေဟာ အရမ်းကိုမြင့်လွန်းတာကြောင့် လူတစ်ယောက်အနေနဲ့ဆိုရင်တောင်ပြုတ်ကျရင်ပြန်တက်လို့မရနိုင်ပါဘူး။ ပတ်ဝန်းကျင်အကူအညီမပါပဲ ဆင်းကယ်ဖို့အဆင်မပြေသလို မြောင်းရဲ့ အနက်ဟာ ပေ ၂၀ လောက်ရှိတဲ့အတွက် ဘယ်သူမှမစွန့်စားရဲဘူးဖြစ်နေပါတယ်။ မြောင်းထဲဆင်းကယ်ပြီးအပေါ်ကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာဖို့ဆိုတာ မသေချာပါဘူး။

ပတ်ဝန်းကျင်က ပြောပုံအရဆိုရင်တော့ ခွေးလေး အော်ငိုနေတဲ့အသံကိုကြားရတာဟာ ၂ရက်လောက်ရှိနေပြီလို့ဆိုပါတယ်။ ဒါပေမယ့် ဘယ်သူမှတော့ ဂရုစိုက်ပြီး လိုက်မကြည့်ခဲ့ပါဘူး။ Raj ဟာ ခွေးလေးရဲ့ စိတ်မချမ်းမြေ့စရာဖြစ်ရပ်ကိုတွေ့မြင်သွားတဲ့အတွက် တစ်နည်းမဟုတ် တစ်နည်းနဲ့ ကယ်တင်နိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

Raj ဟာအချိန်ဆိုင်းမနေတော့ပဲ ခွေးတစ်ကောင်ရဲ့ အလေးချိန်ကို သယ်မနိုင်မယ့် Six-Rotor Drone တစ်စင်းကို ပြင်ဆင်ပြီး Drone ရဲ့ အောက်ပိုင်းမှာတော့ ခွေးလေးကို ပွေ့ချီနိုင်မယ့် စက်ရုပ်လက်တံတစ်စုံ(လက်ပွေ့) ကိုတပ်ဆင်လိုက်ပါတယ်။ အဆိုပါ လက်တံတွေကို Controller မှတဆင့် ထိန်းချုပ်နိုင်ပါတယ်။ လက်တံတွေကို တည်ဆောက်ရာမှာ ကယ်ဆယ်ရေးလုပ်ငန်းမှာ ထိထိရောက်ရောက်အသုံးချနိုင်ဖို့အတွက် သူကိုယ်တိုင် ဖန်တီးထားတဲ့ AI Program ကိုပါထည့်သွင်းခဲ့ပါတယ်။ ၎င်း AI Program ဟာ ခွေးလေးရဲ့ နှလုံးခုန်နှုန်းနဲ့ အသက်ရှုနှုန်း အစရှိတဲ့ ကျန်းမာရေးဆိုင်ရာအခြေအနေတွေကို သိရှိနိုင်ပြီး ကောင်းမွန်စွာ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကိုဖော်ပြပေးနိုင်ပါတယ်။ စက်ရုပ်လက်တံကို AI နဲ့ပေါင်းစပ်ထားတာကြောင့် ခွေးလေးကို သက်တောင့်သက်သာနဲ့ ချီမပေးနိုင်မှာဖြစ်ပြီး အကယ်၍ စက်ရုပ်လက်တံရဲ့ ညှစ်အားအရမ်းများခဲ့မယ်ဆိုရင် ခွေးလေးဟာ မွန်းကျပ်ပြီး အသက်ဆုံးရှုံးသွားမှာပါ။

AI Robot Hand

Raj အနေနဲ့ Drone ကိုရော AI နည်းပညာနဲ့ စက်ရုပ်လက်တံကို Lucknow မြို့မှာရှိတဲ့ သူ့ရဲ့ စမ်းသပ်ခန်းထဲမှာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးထားခဲ့တာဖြစ်ပြီး အခုလိုအရေးပေါ်တဲ့အချိန်မှာတော့ အဆင်သင့်ပြန်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်ဆင်မှုတွေပြီးသွားတဲ့အခါမှာတော့ Raj ဟာ ခွေးလေးရှိတဲ့နေရာကို အမြန်ပြန်သွားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းကို စတင်ခဲ့ပါတယ်။ ခွေးလေးဟာ အရမ်းပင်ပန်းနွမ်းနယ်နေတာကြောင့် လှုပ်ရှားမှုတောင်မရှိတော့သလောက်ဖြစ်နေပါပြီ။ ဒါဟာလည်း အဆိုးထဲက အကောင်းတစ်ခုလို့ပြောရမှာပါ၊ လှုပ်ရှားရုန်းကန်ခြင်းမရှိတော့တဲ့အတွက် ခွေးလေးကို စက်ရုပ်လက်တံကိုအသုံးပြုပြီး ဂုတ်ကနေတဆင့် မချီကာ ဘေးလွတ်ရာကို ချပေးနိုင်ခဲ့ပါတယ်။ နည်းပညာကို ကောင်းမွန်စွာအသုံးချနိုင်ခဲ့တဲ့ Raj ကြောင့် ခွေးကလေးဟာ အိပ်မက်ဆိုးကနေ လွတ်မြောက်ခဲ့ပါပြီ။ Raj ကတော့ ခွေးလေးကို Lifted လို့ အမည်ပေးလိုက်ပါတယ်။

ခွေးလေးအား ကယ်တင်စဉ်

ကယ်ဆယ်ခဲ့တဲ့ Video လေးကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။

Drone ဆိုတာ မှန်ကန်စွာအသုံးပြုနိုင်ရင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အရမ်းအသုံးဝင်တယ်ဆိုတာ Raj ကဖော်ပြလိုက်တာပါပဲ။ မြန်မာနိုင်ငံမှာလည်း Drone နဲ့ပတ်သက်ပြီး စနစ်တကျ လွတ်လပ်ခွင့်လေးတွေ အမြန်ဆုံးရရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Ref; The Verg
Phone Hay Ko (Akhayar)
www.akhayar.com