[Zawgyi]

တစ္အိုးလံုးမွ ၈၀၀၀ ပဲက်တဲ့ ၂ေယာက္ဗိုက္ကားမယ့္ ကိုရီးယား Hot Pot

မိုးက သည္းသည္းသိမ့္သိမ့္ေလး မိုးစက္ေတြက တေျဖာက္ေျဖာက္ရြာေနတုန္းေလး ဒီလိုရက္မ်ိဳးေတြ Hot Pot ပူပူေလးေသာက္ခ်င္တဲ့သူေတြအတြက္ဆို လကလည္း မကုန္ေသးေတာ့ ပိုက္ဆံခ်ိန္ေနရၿပီေလ။ လခထုတ္ၿပီးကာစရက္ေတြ ဘာစားစား ပိုက္ဆံမ်က္ႏွာၾကည့္စရာမလိုေပမယ့္ ဒီလို ျပတ္တုန္းလပ္တုန္း ၂၃ ေတြက် သူ႕ကို ႐ို႐ိုေသေသ လက္ထဲကေနလြတ္ထြက္မသြားရေအာင္ ဆုပ္ကိုင္ထားရတဲ့ကာလေတြဆိုေတာ့ အစားအစာေကာင္းေကာင္း အရသာရွိရွိေလးေတြကို ေစ်းတန္တန္နဲ႔စားဖို႔ လမ္းၫႊန္ေပးခ်င္တာက် အခရာရဲ႕ ေစတနာပါ။ ဒါဆိုရင္ေတာ့ ေစ်းစြတ္တန္၊ ပြဲႀကီးႀကီး၊ အရသာရင္ထဲထိတဲ့ ကိုရီးယားေဟာ့ေပါ့ တနည္းဆိုရင္ ဘူဒဲဂ်ီဂဲ ေကာင္းေကာင္းေသာက္လို႔ရတဲ့ ဆိုင္ေလးတစ္ဆိုင္ ေတြ႕ထားတုန္းေလး လာသတင္းေပးဦးမွပါ။

ဆိုင္နာမည္ေလးက Omuk တဲ့။ ဒီဆိုင္ေလးက ကိုရီးယားရဲ႕ ၿမိဳ႕တိုင္းမွာေရာ၊ ဗီယက္နမ္မွာပါ ရွိတဲ့အျပင္ ရန္ကုန္က Shopping Center ေတြမွာ ေတာ္ေတာ္မ်ားမ်ားဖြင့္ထားတယ္။ Myanmar Plaza၊ City Mall၊ Ocean Tarmwe၊ Hledan Center ၊ Capital Hypermarket ၊ Thamine City Mart ၊ Golden Valley City Mart ဆိုင္ခြဲေတာ္ေတာ္မ်ားမ်ားဖြင့္ထားေတာ့ ဘယ္ေနရာနဲ႔နီးနီးစားလို႔အဆင္ေျပတယ္။

အခရာက သြားစားခဲ့တဲ့ ဆိုင္ေလးကေတာ့ တာေမြ Ocean ထဲကဆိုင္ေလးပါ။ ေနရာကေတာ့ က်ဥ္းက်ဥ္းေလးမွ က်ဥ္းက်ဥ္းေလးရယ္။ ၿပီးေတာ့ ၂ေယာက္တြဲ မ်က္ႏွာခ်င္းဆိုင္ ခံုေလးေတြ။ ေဘးခံုနဲ႔ အကန္႔ႀကီးျခားထားတယ္။ ေနရာက ၄ေယာက္ဆိုေျပေသးတယ္။ မဂဏန္းလူဦးေရလာရင္ အေတာ္ဂြက်မယ့္ဆိုင္မ်ိဳး။

ေနရာက်ဥ္းေပမယ့္ အရသာေလးရယ္၊ ေစ်းေလးေတြရယ္ကေတာ့ အဟုတ္တကယ္ မဆိုးဘူးေျပာရမယ္။ သူ႔ဆီမွာ ငါးအူေခ်ာင္း၊ ငါးဖယ္ျပား အစံုအလင္ရတယ္။ ကိုယ္တိုင္လုပ္ အတုတ္ႀကီးေတြ တစ္ေထာင္ ၂ေထာင္ေလာက္ပဲ။ အရသာေလး မွန္တယ္။ အႀက္ဳက္ေတြ႕တယ္။ သူခ်ေပးတဲ့ မုန္လာဥ ဟင္းခ်ိဳေလးဆို ေတာ္ေတာ္ေသာက္ေကာင္းတယ္။

ဒီဆိုင္ရဲ႕ နာမည္ႀကီးကေတာ့ ဘူဒဲဂ်ီဂဲပဲ။ အိုးေသး၊ အလတ္၊ အႀကီး ၃မ်ိဳးရွိတယ္။ ေစ်းႏႈန္းကေတာ့ ၈၀၀၀၊ ၁၆၀၀၀၊ ၂၀၀၀၀ အစားစားပဲ။ အမဲသားေဟာ့ေပါ့အိုးနဲ႔ ၾကက္အူေခ်ာင္းေဟာ့ေပါ့အိုးေတြ နာမည္ႀကီးတယ္။ အဲ့ဒီအိုးက ပြဲေသးကို ၂ေယာက္ေလာက္ အဝစားလို႔ရေတာ့ ေတာ္ေတာ္တန္တယ္ေျပာရမယ္။

တစ္အိုးကို င႐ုတ္သီးႀကိတ္ထားတာရယ္၊ ကင္မ္ခ်ီရယ္၊ ထမင္းတစ္လံုးရယ္ပါ ခ်ေပးတယ္။ အိုးထဲမွာက အပ္မိႈေတြ၊ ငါးအူေခ်ာင္းေတြ၊ ေတာ့ပူကီဆန္မုန္႔ေတြ၊ တ႐ုတ္မုန္ညင္းရြက္နဲ႔ အမဲသားႀကိတ္ထားတဲ့အသားႏိုင္းခ်င္းပါတယ္။ အရည္က မုန္လာဥဟင္းခ်ိဳေလး။ အခ်ိဳေသာက္လဲရတယ္။ အစပ္ဆိုလည္း င႐ုတ္သီးဖတ္ေလးထည့္ ပူစပ္စပ္ေလးနဲ႔ ရႈးရွဲခံတြင္းေတြ႔တယ္။ အဲ့ဒီပံုထဲက တစ္အိုးကို ၈၀၀၀ ပဲဆိုေတာ့ တန္သလိုပဲ။

တစ္ခုခ်င္းစီအရသာကို သေဘာက်ရေပမယ့္ ဘူဒဲဂ်ီဂဲကေတာ့ အသားအရသာေရာ၊ အရည္အရသာေရာ ခ်ိဳခ်ိဳေလးနဲ႔ ႏူးအိေမႊးေနတာမို႔ ေတာ္ေတာ္ေလးေသာက္လို႔ အရသာရွိပါတယ္။ အမဲသားကလည္း မီးအားျပင္းျပင္းေအာက္မွာ ေတာ္ေတာ္ေမႊးၿပီး အသားထဲထိ အရည္အရသာခ်ိဳခ်ိဳေလးပါ စိမ့္ဝင္ေနေတာ့ ဘာေျပာေကာင္းမလဲ။

ထမင္းလိပ္ေလးေတြလဲ တစ္လိပ္ကို ၁၃၀၀ပဲက်တယ္။ အရသာေလး ေကာင္းတယ္။

ေတာ့ပူကီေတာ့ ေတာ္ေတာ္ေကာင္းတယ္။ အရသာ၊ ဆန္မုန္႔သားအပိုအလိုမရွိ။ တစ္ပြဲမွ ၂၀၀၀ လားပဲ။

ဝက္သားဆလတ္ကေတာ့ အခ်ိဳဓါတ္ကဲတယ္။ ကိုရီးယားအႏွစ္မ်ားသလိုပဲ။ ထမင္းေလးနဲ႔ေတာ့ ၿမိန္ပါတယ္။ တစ္ပြဲ ၆၀၀၀ က်တယ္။

တျခားကိုရီးယားစာေကာင္းေကာင္းေလးေတြ၊ ေမႊးေမႊးေလးေတြကို ေစ်းမႀကီးဘဲစားလို႔ရတာနဲ႔တင္ ဒီဆိုင္ေလးကို အမွတ္ေပးခဲ့တာပဲ။ ဝန္ထမ္းေလးေတြလည္း ျပံဳးျပံဳးနဲ႔လိုတာအကုန္လာခ်ေပးတာပဲ။

မနက္ ၉နာရီေလာက္ဆို စဖြင့္ေလာက္ပါၿပီ။ ကိုရီးယားကားထဲကလို အေငြ႕တေထာင္းေထာင္း ကိုရီးယားစာေကာင္းေကာင္းစားခ်င္သူေတြအတြက္ Omuk ဆိုင္ေလးကေတာ့ သြားသင့္တယ္လို႔ ၫႊန္းပါရေစ။

FoodieEi ( Akhayar)

[Unicode]

တစ်အိုးလုံးမှ ၈၀၀၀ ပဲကျတဲ့ ၂ယောက်ဗိုက်ကားမယ့် ကိုရီးယား Hot Pot

မိုးက သည်းသည်းသိမ့်သိမ့်လေး မိုးစက်တွေက တဖြောက်ဖြောက်ရွာနေတုန်းလေး ဒီလိုရက်မျိုးတွေ Hot Pot ပူပူလေးသောက်ချင်တဲ့သူတွေအတွက်ဆို လကလည်း မကုန်သေးတော့ ပိုက်ဆံချိန်နေရပြီလေ။ လခထုတ်ပြီးကာစရက်တွေ ဘာစားစား ပိုက်ဆံမျက်နှာကြည့်စရာမလိုပေမယ့် ဒီလို ပြတ်တုန်းလပ်တုန်း ၂၃ တွေကျ သူ့ကို ရိုရိုသေသေ လက်ထဲကနေလွတ်ထွက်မသွားရအောင် ဆုပ်ကိုင်ထားရတဲ့ကာလတွေဆိုတော့ အစားအစာကောင်းကောင်း အရသာရှိရှိလေးတွေကို ဈေးတန်တန်နဲ့စားဖို့ လမ်းညွှန်ပေးချင်တာကျ အခရာရဲ့ စေတနာပါ။ ဒါဆိုရင်တော့ ဈေးစွတ်တန်၊ ပွဲကြီးကြီး၊ အရသာရင်ထဲထိတဲ့ ကိုရီးယားဟော့ပေါ့ တနည်းဆိုရင် ဘူဒဲဂျီဂဲ ကောင်းကောင်းသောက်လို့ရတဲ့ ဆိုင်လေးတစ်ဆိုင် တွေ့ထားတုန်းလေး လာသတင်းပေးဦးမှပါ။

ဆိုင်နာမည်လေးက Omuk တဲ့။ ဒီဆိုင်လေးက ကိုရီးယားရဲ့ မြို့တိုင်းမှာရော၊ ဗီယက်နမ်မှာပါ ရှိတဲ့အပြင် ရန်ကုန်က Shopping Center တွေမှာ တော်တော်များများဖွင့်ထားတယ်။ Myanmar Plaza၊ City Mall၊ Ocean Tarmwe၊ Hledan Center ၊ Capital Hypermarket ၊ Thamine City Mart ၊ Golden Valley City Mart ဆိုင်ခွဲတော်တော်များများဖွင့်ထားတော့ ဘယ်နေရာနဲ့နီးနီးစားလို့အဆင်ပြေတယ်။

အခရာက သွားစားခဲ့တဲ့ ဆိုင်လေးကတော့ တာမွေ Ocean ထဲကဆိုင်လေးပါ။ နေရာကတော့ ကျဉ်းကျဉ်းလေးမှ ကျဉ်းကျဉ်းလေးရယ်။ ပြီးတော့ ၂ယောက်တွဲ မျက်နှာချင်းဆိုင် ခုံလေးတွေ။ ဘေးခုံနဲ့ အကန့်ကြီးခြားထားတယ်။ နေရာက ၄ယောက်ဆိုပြေသေးတယ်။ မဂဏန်းလူဦးရေလာရင် အတော်ဂွကျမယ့်ဆိုင်မျိုး။

နေရာကျဉ်းပေမယ့် အရသာလေးရယ်၊ ဈေးလေးတွေရယ်ကတော့ အဟုတ်တကယ် မဆိုးဘူးပြောရမယ်။ သူ့ဆီမှာ ငါးအူချောင်း၊ ငါးဖယ်ပြား အစုံအလင်ရတယ်။ ကိုယ်တိုင်လုပ် အတုတ်ကြီးတွေ တစ်ထောင် ၂ထောင်လောက်ပဲ။ အရသာလေး မှန်တယ်။ အြက်ုက်တွေ့တယ်။ သူချပေးတဲ့ မုန်လာဥ ဟင်းချိုလေးဆို တော်တော်သောက်ကောင်းတယ်။

ဒီဆိုင်ရဲ့ နာမည်ကြီးကတော့ ဘူဒဲဂျီဂဲပဲ။ အိုးသေး၊ အလတ်၊ အကြီး ၃မျိုးရှိတယ်။ ဈေးနှုန်းကတော့ ၈၀၀၀၊ ၁၆၀၀၀၊ ၂၀၀၀၀ အစားစားပဲ။ အမဲသားဟော့ပေါ့အိုးနဲ့ ကြက်အူချောင်းဟော့ပေါ့အိုးတွေ နာမည်ကြီးတယ်။ အဲ့ဒီအိုးက ပွဲသေးကို ၂ယောက်လောက် အဝစားလို့ရတော့ တော်တော်တန်တယ်ပြောရမယ်။

တစ်အိုးကို ငရုတ်သီးကြိတ်ထားတာရယ်၊ ကင်မ်ချီရယ်၊ ထမင်းတစ်လုံးရယ်ပါ ချပေးတယ်။ အိုးထဲမှာက အပ်မှိုတွေ၊ ငါးအူချောင်းတွေ၊ တော့ပူကီဆန်မုန့်တွေ၊ တရုတ်မုန်ညင်းရွက်နဲ့ အမဲသားကြိတ်ထားတဲ့အသားနိုင်းချင်းပါတယ်။ အရည်က မုန်လာဥဟင်းချိုလေး။ အချိုသောက်လဲရတယ်။ အစပ်ဆိုလည်း ငရုတ်သီးဖတ်လေးထည့် ပူစပ်စပ်လေးနဲ့ ရှုးရှဲခံတွင်းတွေ့တယ်။ အဲ့ဒီပုံထဲက တစ်အိုးကို ၈၀၀၀ ပဲဆိုတော့ တန်သလိုပဲ။

တစ်ခုချင်းစီအရသာကို သဘောကျရပေမယ့် ဘူဒဲဂျီဂဲကတော့ အသားအရသာရော၊ အရည်အရသာရော ချိုချိုလေးနဲ့ နူးအိမွှေးနေတာမို့ တော်တော်လေးသောက်လို့ အရသာရှိပါတယ်။ အမဲသားကလည်း မီးအားပြင်းပြင်းအောက်မှာ တော်တော်မွှေးပြီး အသားထဲထိ အရည်အရသာချိုချိုလေးပါ စိမ့်ဝင်နေတော့ ဘာပြောကောင်းမလဲ။

ထမင်းလိပ်လေးတွေလဲ တစ်လိပ်ကို ၁၃၀၀ပဲကျတယ်။ အရသာလေး ကောင်းတယ်။

တော့ပူကီတော့ တော်တော်ကောင်းတယ်။ အရသာ၊ ဆန်မုန့်သားအပိုအလိုမရှိ။ တစ်ပွဲမှ ၂၀၀၀ လားပဲ။

ဝက်သားဆလတ်ကတော့ အချိုဓါတ်ကဲတယ်။ ကိုရီးယားအနှစ်များသလိုပဲ။ ထမင်းလေးနဲ့တော့ မြိန်ပါတယ်။ တစ်ပွဲ ၆၀၀၀ ကျတယ်။

တခြားကိုရီးယားစာကောင်းကောင်းလေးတွေ၊ မွှေးမွှေးလေးတွေကို ဈေးမကြီးဘဲစားလို့ရတာနဲ့တင် ဒီဆိုင်လေးကို အမှတ်ပေးခဲ့တာပဲ။ ဝန်ထမ်းလေးတွေလည်း ပြုံးပြုံးနဲ့လိုတာအကုန်လာချပေးတာပဲ။

မနက် ၉နာရီလောက်ဆို စဖွင့်လောက်ပါပြီ။ ကိုရီးယားကားထဲကလို အငွေ့တထောင်းထောင်း ကိုရီးယားစာကောင်းကောင်းစားချင်သူတွေအတွက် Omuk ဆိုင်လေးကတော့ သွားသင့်တယ်လို့ ညွှန်းပါရစေ။

FoodieEi ( Akhayar)