[Zawgyi]

အမီတာဘဂ်မ္း (သို႔) ေအာင္ျမင္မႈအတြက္ တေက်ာ့ျပန္တုိက္ပြဲဝင္ခဲ့သူ

ေဘာလီးဝုဒ္ရုပ္ရွင္ေလာကရဲ႕ နာမည္ေက်ာ္မင္းသားၾကီးေတြထဲက တစ္ေယာက္ျဖစ္တဲ့ အမီတာဘဂ်မ္း Amitabh Bachchan ဟာ ေအာက္တုိဘာလ ၁၉၄၂ ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့အတြက္ အခုဆိုရင္ အသက္ ၇၅ ႏွစ္ရွိျပီ ျဖစ္ပါတယ္။ သူ႔ဘဝတစ္သက္တာလံုး ရုပ္ရွင္ဇာတ္ကားေတြအမ်ားၾကီးမွာ မင္းသားအျဖစ္ပါဝင္သရုပ္ေဆာင္ရင္း၊ ဇာတ္ကားေတြကို ထုတ္လုပ္ရင္း ျဖတ္သန္းခဲ့သူ ျဖစ္ပါတယ္။ အမီတာဘဂ်မ္းဆိုရင္ အိႏိၵယျပည္တြင္းမွာတင္မဟုတ္ဘဲ ကမာၻကပါ အသိအမွတ္ျပဳရသူလည္း ျဖစ္ပါတယ္။

ဒီလို ျဖစ္ရေလာက္ေအာင္လည္း ဆယ္စုႏွစ္ ၅ စုအတြင္း ဇာတ္ကားေပါင္း ၁၉၀ ေက်ာ္ေလာက္မွာ ပါဝင္သရုပ္ေဆာင္ခဲ့ျပီးပါျပီ။ သူ႔ရဲ႕ ေဘာလီးဝုဒ္ရုပ္ရွင္ေလာကအေပၚ အုပ္စိုးထားႏုိင္မႈဟာ ဘယ္ေလာက္ထိ ၾကီးမားက်ယ္ျပန္႔သလဲဆုိရင္ ၁၉၇၀ ျပည့္ႏွစ္နဲ႔ ၁၉၈၀ ျပည့္ႏွစ္ေတြမွာ သူ႔ရုပ္ရွင္ေတြခ်ည္း ေတြ႔ရမ်ားလြန္းလို႔ ျပင္သစ္ဒါရိုက္တာ Francois Truffaut က သူ႔ကို “One-man industry” လို႔ ေခၚခဲ့တဲ့ အထိပါပဲ။

Amitabh Bachchan in Sholay

Amitabh Bachchan in Sholay

သရုပ္ေဆာင္အရာမွာလည္း ထူးခၽြန္လြန္းလို႔ ဆုေတြ သိမ္းၾကံဳးဆြတ္ခူးျပီး National Film Awards ကေပးတဲ့ အေကာင္းဆံုးအမ်ိဳးသားသရုပ္ေဆာင္ဆုအပါအဝင္ ဆုေတြအမ်ားၾကီးမွ အမ်ားၾကီး ဆြတ္ခူးခဲ့သူျဖစ္ပါတယ္။

Sharaabi (1984)

Sharaabi (1984)

က်ရႈံးခ်ိန္

Hum (1991)

Hum (1991)

ေအာင္ျမင္မႈေတြရွိလာရင္ က်ဆံုးမႈေတြ ရွိလာမယ္ဆုိတာလည္း အေသအခ်ာပါပဲ။ သူ႔ရဲ႕ ဇာတာစန္းလဂ္ဟာ ၁၉၈၉ ခုႏွစ္မွာ ပါဝင္ရုိက္ကူးခဲ့တဲ့ ‘Jaadugar’ ၊ ‘Toofan’ နဲ႔ ‘Main Azaad Hoon’ စတဲ့ ဇာတ္ကားေတြ Box Office မွာ မေအာင္ျမင္မႈေတြၾကံဳရတာနဲ႔ စတင္ခဲ့ပါတယ္။ ဒီၾကားထဲ ေအာင္ျမင္တဲ့ ဇာတ္ကားေတြ ထြက္ေပၚခဲ့ေပမယ့္ ဇာတ္ကားအေတ္ာမ်ားမ်ားကေတာ့ ဝင္ေငြမေကာင္းခဲ့ပါဘူး။ ဒါေၾကာင့္ပဲ ‘Khuda Gawah (1992)’ ဇာတ္ကားထြက္ရွိအျပီးမွာ ရုပ္ရွင္ေလာကကေန ၅ႏွစ္ေလာက္ ခဏ အနားယူခဲ့ပါတယ္။

၁၉၉၆ ခုႏွစ္မွာေတာ့ အမီတာဘဂ်မ္းဟာ ထုတ္လုပ္သူတစ္ေယာက္အေနနဲ႔ ရုပ္ရွင္ေလာကထဲကို ျပန္ဝင္လာျပီး Amitabh Bachchan Corporation (ABCL) ကို တည္ေထာင္ခဲ့ပါတယ္။ ၁၉၉၇ ခုႏွစ္မွာေတာ့ သူ႔ရဲ႕ သရုပ္ေဆာင္မႈ အင္ပါယာကို ျပန္လည္ထူေထာင္ဖို႔ အတြက္ ABCL ကေန ‘Mrityudata’ ဇာတ္ကားကို ရုိက္ကူးခဲ့ေပမယ့္လည္း အဲဒီဇာတ္ကားဟာ ဝင္ေငြအရ က်ရႈံးခဲ့သလို ေဝဖန္သံေတြလည္း ညံစီခဲ့ပါတယ္။ ABCL ဟာ 1996 Miss World beauty pageant ရဲ႕ အဓိကပါဝင္ပံ့ပိုးတဲ့ Main Sponsor ကုမၸဏီအေနနဲ႔ လုပ္ေဆာင္ခဲ့တဲ့အခါမွာလည္း ေငြသန္းခ်ီဆံုးရႈံးခဲ့ရပါတယ္။ ေနာက္ဆံုး ABCL ရဲ႕ ထိပ္တန္းမန္ေနဂ်ာေတြကို လစာအမ်ားၾကီးေပးရတာေၾကာင့္ပဲ ကုမၸဏီဟာ ေငြေၾကးပိုင္းအရပါ ျပိဳလဲတဲ့အဆင့္ေရာက္ရွိခဲ့ပါေတာ့တယ္။

ဘယ္လို တေက်ာ့ျပန္လာခဲ့သလဲ

ဒီလို ဆံုးရႈံးမႈေတြ ၾကံဳခဲ့ရေပမယ့္ အမီတာဘဂ်မ္းကေတာ့ အမီတာဘဂ်မး္ပါပဲ။၂၀၀၀ ခုႏွစ္မွာ Box-Office Hit ဇာတ္ကားျဖစ္တဲ့ ‘Mohabbatein’ နဲ႔ ျပန္လည္ေပၚထြက္လာခဲ့ျပီး ဆက္တုိက္ေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။

Mohabbatein (2000)

Mohabbatein (2000)

အဲဒီကေန အခုထိ ေနာက္ထပ္ ၁၈ ႏွစ္နီးပါးေလာက္ ေအာင္ျမင္တဲ့ ဇာတ္ကားေတြ ဆက္တုိက္ရုိက္ကူးထုတ္လုပ္ခဲ့ရျပီး ေဘာလီးဝုဒ္ရဲ႕ ၾသဇာလႊမ္းမိုးမႈအရွိဆံုးသရုပ္ေဆာင္ေတြထဲက တစ္ေယာက္အျဖစ္ရပ္တည္ေနခဲ့ပါတယ္။

Pink (2016)

Pink (2016)

လက္ရွိ အသက္ ၇၅ ႏွစ္ရွိျပီျဖစ္တဲ့ အမီတာဘဂ်မ္းဟာ အသက္အရြယ္ဆုိတာ ေအာင္ျမင္မႈအတြက္ အတားအဆီးအကန္႔အသတ္တစ္ခုမဟုတ္ဘူးဆိုတာကို အေကာင္းဆံုးတေက်ာ့ျပန္လာျပီး သက္ေသျပေနသူလည္း ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : storypick.com
[Unicode]

အမီတာဘဂျမ်း (သို့) အောင်မြင်မှုအတွက် တကျော့ပြန်တိုက်ပွဲဝင်ခဲ့သူ

ဘောလီးဝုဒ်ရုပ်ရှင်လောကရဲ့ နာမည်ကျော်မင်းသားကြီးတွေထဲက တစ်ယောက်ဖြစ်တဲ့ အမီတာဘဂျမ်း Amitabh Bachchan ဟာ အောက်တိုဘာလ ၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့အတွက် အခုဆိုရင် အသက် ၇၅ နှစ်ရှိပြီ ဖြစ်ပါတယ်။ သူ့ဘဝတစ်သက်တာလုံး ရုပ်ရှင်ဇာတ်ကားတွေအများကြီးမှာ မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ရင်း၊ ဇာတ်ကားတွေကို ထုတ်လုပ်ရင်း ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ အမီတာဘဂျမ်းဆိုရင် အိန္ဒိယပြည်တွင်းမှာတင်မဟုတ်ဘဲ ကမ္ဘာကပါ အသိအမှတ်ပြုရသူလည်း ဖြစ်ပါတယ်။

ဒီလို ဖြစ်ရလောက်အောင်လည်း ဆယ်စုနှစ် ၅ စုအတွင်း ဇာတ်ကားပေါင်း ၁၉၀ ကျော်လောက်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးပါပြီ။ သူ့ရဲ့ ဘောလီးဝုဒ်ရုပ်ရှင်လောကအပေါ် အုပ်စိုးထားနိုင်မှုဟာ ဘယ်လောက်ထိ ကြီးမားကျယ်ပြန့်သလဲဆိုရင် ၁၉၇၀ ပြည့်နှစ်နဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာ သူ့ရုပ်ရှင်တွေချည်း တွေ့ရများလွန်းလို့ ပြင်သစ်ဒါရိုက်တာ Francois Truffaut က သူ့ကို “One-man industry” လို့ ခေါ်ခဲ့တဲ့ အထိပါပဲ။

Amitabh Bachchan in Sholay

Amitabh Bachchan in Sholay

သရုပ်ဆောင်အရာမှာလည်း ထူးချွန်လွန်းလို့ ဆုတွေ သိမ်းကြုံးဆွတ်ခူးပြီး National Film Awards ကပေးတဲ့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုအပါအဝင် ဆုတွေအများကြီးမှ အများကြီး ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။

Sharaabi (1984)

Sharaabi (1984)

ကျရှုံးချိန်

Hum (1991)

Hum (1991)

အောင်မြင်မှုတွေရှိလာရင် ကျဆုံးမှုတွေ ရှိလာမယ်ဆိုတာလည်း အသေအချာပါပဲ။ သူ့ရဲ့ ဇာတာစန်းလဂ်ဟာ ၁၉၈၉ ခုနှစ်မှာ ပါဝင်ရိုက်ကူးခဲ့တဲ့ ‘Jaadugar’ ၊ ‘Toofan’ နဲ့ ‘Main Azaad Hoon’ စတဲ့ ဇာတ်ကားတွေ Box Office မှာ မအောင်မြင်မှုတွေကြုံရတာနဲ့ စတင်ခဲ့ပါတယ်။ ဒီကြားထဲ အောင်မြင်တဲ့ ဇာတ်ကားတွေ ထွက်ပေါ်ခဲ့ပေမယ့် ဇာတ်ကားအတေ်ာများများကတော့ ဝင်ငွေမကောင်းခဲ့ပါဘူး။ ဒါကြောင့်ပဲ ‘Khuda Gawah (1992)’ ဇာတ်ကားထွက်ရှိအပြီးမှာ ရုပ်ရှင်လောကကနေ ၅နှစ်လောက် ခဏ အနားယူခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာတော့ အမီတာဘဂျမ်းဟာ ထုတ်လုပ်သူတစ်ယောက်အနေနဲ့ ရုပ်ရှင်လောကထဲကို ပြန်ဝင်လာပြီး Amitabh Bachchan Corporation (ABCL) ကို တည်ထောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ သူ့ရဲ့ သရုပ်ဆောင်မှု အင်ပါယာကို ပြန်လည်ထူထောင်ဖို့ အတွက် ABCL ကနေ ‘Mrityudata’ ဇာတ်ကားကို ရိုက်ကူးခဲ့ပေမယ့်လည်း အဲဒီဇာတ်ကားဟာ ဝင်ငွေအရ ကျရှုံးခဲ့သလို ဝေဖန်သံတွေလည်း ညံစီခဲ့ပါတယ်။ ABCL ဟာ 1996 Miss World beauty pageant ရဲ့ အဓိကပါဝင်ပံ့ပိုးတဲ့ Main Sponsor ကုမ္ပဏီအနေနဲ့ လုပ်ဆောင်ခဲ့တဲ့အခါမှာလည်း ငွေသန်းချီဆုံးရှုံးခဲ့ရပါတယ်။ နောက်ဆုံး ABCL ရဲ့ ထိပ်တန်းမန်နေဂျာတွေကို လစာအများကြီးပေးရတာကြောင့်ပဲ ကုမ္ပဏီဟာ ငွေကြေးပိုင်းအရပါ ပြိုလဲတဲ့အဆင့်ရောက်ရှိခဲ့ပါတော့တယ်။

ဘယ်လို တကျော့ပြန်လာခဲ့သလဲ

ဒီလို ဆုံးရှုံးမှုတွေ ကြုံခဲ့ရပေမယ့် အမီတာဘဂျမ်းကတော့ အမီတာဘဂျမ်းပါပဲ။၂၀၀၀ ခုနှစ်မှာ Box-Office Hit ဇာတ်ကားဖြစ်တဲ့ ‘Mohabbatein’ နဲ့ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး ဆက်တိုက်အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

Mohabbatein (2000)

Mohabbatein (2000)

အဲဒီကနေ အခုထိ နောက်ထပ် ၁၈ နှစ်နီးပါးလောက် အောင်မြင်တဲ့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးထုတ်လုပ်ခဲ့ရပြီး ဘောလီးဝုဒ်ရဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံးသရုပ်ဆောင်တွေထဲက တစ်ယောက်အဖြစ်ရပ်တည်နေခဲ့ပါတယ်။

Pink (2016)

Pink (2016)

လက်ရှိ အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ အမီတာဘဂျမ်းဟာ အသက်အရွယ်ဆိုတာ အောင်မြင်မှုအတွက် အတားအဆီးအကန့်အသတ်တစ်ခုမဟုတ်ဘူးဆိုတာကို အကောင်းဆုံးတကျော့ပြန်လာပြီး သက်သေပြနေသူလည်း ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : storypick.com