[Zawgyi]

အရက္စဲြလန္းလြန္မႈေၾကာင့္ အေမရိကန္လူငယ္လူရြယ္မ်ား ေသဆံုးမႈႏႈန္းျမင့္တက္

လတ္တေလာ အေမရိကန္မွာ အသည္းေရာဂါေၾကာင္႔ ေသဆံုးမႈႏႈန္း ပိုမိုျမင္႔တက္လာၾကၿပီး ထူးျခားခ်က္အေနနဲ႔ လူငယ္လူရြယ္ေလးေတြ ပိုမိုမ်ားျပားလာတာကို ေလ့လာမႈေတြအရ သိရပါတယ္။ အသည္းကင္ဆာျဖစ္ပြားၿပီး ေသဆံုးမႈႏႈန္းျမင္႔တက္လာတဲ့အေပၚ Centers for Disease Control and Prevention (CDC) က အစီရင္ခံစာမ်ား တင္ျပလာၿပီးတဲ႔ေနာက္မွာ BMJ က ေၾကညာလုိက္တဲ့ ထုတ္ျပန္ခ်က္အရ အေမရိကန္ေတြရဲ႕ အရက္ေသာက္တဲ႔ အေလ့အထဟာ က်န္းမာေရးအေပၚ အက်ဳိးသက္ေရာက္မႈ မ်ားစြာျဖစ္ထြန္းေနတယ္လို႔ သိရပါတယ္။ ေလ့လာမႈအသစ္အရေတာ့ အဆိုပါထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး သက္ေသျပႏိုင္ျခင္း မရွိေသးပါဘူးလို႔လည္း ဆိုပါတယ္။ ဒါေပမယ္႔လည္း သုေတသနျပဳလုပ္သူေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ အသည္းရြတ္ေရာဂါ (သို႔) အသည္းမွာအနာျဖစ္ၿပီး ေသဆံုးမႈႏႈန္းျမင္႔တက္ေနတဲ႔ အသက္အပိုင္းအျခားကို ၾကည္႔ရင္ အသက္ ၂၄ ကေန အသက္ ၃၅ ႏွစ္အရြယ္ လူငယ္ပိုင္းေတြ ျဖစ္တာကို ရွာေဖြ႔ေတြ႔ရွိခဲ႔ပါတယ္။ ဒီလူငယ္ေတြဟာလည္း အရက္အလြန္အက်ဴးေသာက္သံုးျခင္းေၾကာင္႔ အဆိုပါေရာဂါေတြ ျဖစ္ပြားကာ ေသဆံုးၾကျခင္း ျဖစ္ပါတယ္။

သုေတသီေတြက ဒီ ၁၇ ႏွစ္အတြင္း ေသဆံုးမႈႏႈန္း ျမင္႔တက္လာျခင္းနဲ႔ပတ္သက္ၿပီး ထုတ္ျပန္တဲ႔အခါမွာ ၁၉၉၉ ကေန ၂၀၁၆ ခုနစ္အတြင္း CDC Wonder Database အတြင္း ထည္႔သြင္းလာတဲ႔ သတင္းအခ်က္အလက္ေတြကိုၾကည္႔ၿပီး ထုတ္ျပန္ခဲ့ၾကျခင္း ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္အေတာအတြင္း ထည္႔သြင္းခဲ႔တဲ႔ အခ်က္အလက္ေတြနဲ႔ ယခုတိုင္းတာရရွိတဲ႔ အခ်က္အလက္ေတြနဲ႔ ႏႈိင္းယွဥ္ၾကတဲ႔အခါမွာ လူေပါင္း ၃၄,၀၀၀ က အသည္းရြတ္ေရာဂါျဖစ္ၿပီး ေသဆံုးမႈႏႈန္း ပိုျမင္႔လာတာကို ေတြ႔ရပါတယ္။ ရာခိုင္ႏႈန္းအေနနဲ႔ဆို အရင္ကထက္ ၆၅ ရာခိုင္ႏႈန္း ပိုတိုးလာတာ ျဖစ္ပါတယ္။ အသည္းကင္ဆာျဖစ္ၿပီး ေသဆံုးတဲ႔လူဦးေရကလည္း လူေပါင္း ၁၁,၀၀၀ ရွိၿပီး အရင္တိုင္းတာခ်က္မ်ားထက္ ႏွစ္ဆတိုးလာတာကို ေတြ႔ရွိရပါတယ္။

အသက္အရြယ္ႏုပ်ဳိတဲ့ အေမရိကန္လူမ်ဳိးေတြဟာ အသက္အရြယ္ႀကီးရင့္တဲ႔လူေတြထက္ အသည္းရြတ္ေရာဂါျဖစ္ၿပီး ေသဆံုးမႈႏႈန္း ပိုမိုျမင္႔တက္ေနတာကို ေတြ႔႔ရပါတယ္။ BMJ ဂ်ာနယ္ေတြမွာ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ေရးသားသူေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ အသည္းရြတ္ေရာဂါျဖစ္ၿပီး ေသဆံုးမႈႏႈန္းျမင္႔တက္လာျခင္းက ၂၀၀၉ ခုနစ္မွာ စတင္လာတာျဖစ္ပါတယ္။ ၂၀၀၈ ခုနစ္ ဘ႑ာေရးအက်ပ္အတည္းျဖစ္ၿပီးေနာက္ အလုပ္လက္မဲ႔ျဖစ္လာတဲ႔ လူငယ္လူရြယ္ေတြဟာ အလုပ္လက္မဲ႔ျဖစ္တာကို အေၾကာင္းျပဳၿပီး အရက္ေသစာေတြ အလြန္အကၽြံေသာက္သံုးလာၾကရာမွ အရက္စဲြၿပီး အသည္းေရာဂါေတြျဖစ္လာကာ ေသဆံုးမႈႏႈန္း ျမင္႔တက္လာရျခင္း ျဖစ္ပါတယ္။

Native အေမရိကန္၊ White အေမရိကန္နဲ႔ Hispanic အေမရိကန္လူမ်ဳိးေတြဟာ ၁၉၉၉ ခုနစ္ကတည္းက သိသိသာသာ အသည္းေရာဂါ ျဖစ္ပြားလာၿပီး ေသဆံုးမႈႈႏႈန္းျမင္႔တက္လာတာ ျဖစ္ပါတယ္လို႔ သတင္းေတြအရ သိရပါတယ္။ နယ္ေျမအေနအထားေတြအရဆုိရင္လည္း Kentucky ၊ New Mexico ၊ Arkansas ၊ Indiana နဲ႔ Alabama တို႔မွာ အသည္းရြတ္ေရာဂါ ပိုမိုျဖစ္ပြားတာကို ေတြ႔ရပါတယ္။

CDC ရဲ႕မၾကာေသးခင္က ထုတ္ျပန္ခ်က္အရ အသည္းကင္ဆာကေတာ့ လူငယ္လူရြယ္ေတြၾကားမွာ ျဖစ္တာနည္းၿပီး အသက္အရြယ္ႀကီးတဲ့ လူႀကီးေတြၾကားမွာေတာ့ ျဖစ္ပြားမႈႏႈန္း ျမင့္တက္ေနဆဲျဖစ္တာကို ေတြ႔ရပါတယ္။အသည္းကင္ဆာေၾကာင့္ ေသဆံုးမႈအျဖစ္မ်ားတဲ႔ ႏုိင္ငံေတြကေတာ့ အာရွနဲ႔ ပစိဖိတ္ကၽြန္းစုေတြပဲ ျဖစ္ပါတယ္။

ဒါေၾကာင္႔မို႔ က်န္းမာေရးထိခိုက္ၿပီး အရြယ္မတိုင္မီေသဆံုးတာမ်ဳိး မျဖစ္ရေလေအာင္ အရက္ကို စဲြစဲြလန္းေသာက္မိေနတဲ့ အမူအက်င္႔ေတြရွိေနရင္ က်န္းမာေရးကို ဂရုျပဳထိန္းသိမ္းတဲ႔အေနနဲ႔ ခုခ်ိန္ကစၿပီး စြန္႔လႊတ္လိုက္ဖို႔ အၾကံျပဳခ်င္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

အရက်စွဲလန်းလွန်မှုကြောင့် အမေရိကန်လူငယ်လူရွယ်များ သေဆုံးမှုနှုန်းမြင့်တက်

လတ်တလော အမေရိကန်မှာ အသည်းရောဂါကြောင့် သေဆုံးမှုနှုန်း ပိုမိုမြင့်တက်လာကြပြီး ထူးခြားချက်အနေနဲ့ လူငယ်လူရွယ်လေးတွေ ပိုမိုများပြားလာတာကို လေ့လာမှုတွေအရ သိရပါတယ်။ အသည်းကင်ဆာဖြစ်ပွားပြီး သေဆုံးမှုနှုန်းမြင့်တက်လာတဲ့အပေါ် Centers for Disease Control and Prevention (CDC) က အစီရင်ခံစာများ တင်ပြလာပြီးတဲ့နောက်မှာ BMJ က ကြေညာလိုက်တဲ့ ထုတ်ပြန်ချက်အရ အမေရိကန်တွေရဲ့ အရက်သောက်တဲ့ အလေ့အထဟာ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု များစွာဖြစ်ထွန်းနေတယ်လို့ သိရပါတယ်။ လေ့လာမှုအသစ်အရတော့ အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး သက်သေပြနိုင်ခြင်း မရှိသေးပါဘူးလို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း သုတေသနပြုလုပ်သူတွေရဲ့ ပြောကြားချက်အရတော့ အသည်းရွတ်ရောဂါ (သို့) အသည်းမှာအနာဖြစ်ပြီး သေဆုံးမှုနှုန်းမြင့်တက်နေတဲ့ အသက်အပိုင်းအခြားကို ကြည့်ရင် အသက် ၂၄ ကနေ အသက် ၃၅ နှစ်အရွယ် လူငယ်ပိုင်းတွေ ဖြစ်တာကို ရှာဖွေ့တွေ့ရှိခဲ့ပါတယ်။ ဒီလူငယ်တွေဟာလည်း အရက်အလွန်အကျူးသောက်သုံးခြင်းကြောင့် အဆိုပါရောဂါတွေ ဖြစ်ပွားကာ သေဆုံးကြခြင်း ဖြစ်ပါတယ်။

သုတေသီတွေက ဒီ ၁၇ နှစ်အတွင်း သေဆုံးမှုနှုန်း မြင့်တက်လာခြင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့အခါမှာ ၁၉၉၉ ကနေ ၂၀၁၆ ခုနစ်အတွင်း CDC Wonder Database အတွင်း ထည့်သွင်းလာတဲ့ သတင်းအချက်အလက်တွေကိုကြည့်ပြီး ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်အတောအတွင်း ထည့်သွင်းခဲ့တဲ့ အချက်အလက်တွေနဲ့ ယခုတိုင်းတာရရှိတဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ကြတဲ့အခါမှာ လူပေါင်း ၃၄,၀၀၀ က အသည်းရွတ်ရောဂါဖြစ်ပြီး သေဆုံးမှုနှုန်း ပိုမြင့်လာတာကို တွေ့ရပါတယ်။ ရာခိုင်နှုန်းအနေနဲ့ဆို အရင်ကထက် ၆၅ ရာခိုင်နှုန်း ပိုတိုးလာတာ ဖြစ်ပါတယ်။ အသည်းကင်ဆာဖြစ်ပြီး သေဆုံးတဲ့လူဦးရေကလည်း လူပေါင်း ၁၁,၀၀၀ ရှိပြီး အရင်တိုင်းတာချက်များထက် နှစ်ဆတိုးလာတာကို တွေ့ရှိရပါတယ်။

အသက်အရွယ်နုပျိုတဲ့ အမေရိကန်လူမျိုးတွေဟာ အသက်အရွယ်ကြီးရင့်တဲ့လူတွေထက် အသည်းရွတ်ရောဂါဖြစ်ပြီး သေဆုံးမှုနှုန်း ပိုမိုမြင့်တက်နေတာကို တွေ့ရပါတယ်။ BMJ ဂျာနယ်တွေမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရေးသားသူတွေရဲ့ ပြောကြားချက်အရတော့ အသည်းရွတ်ရောဂါဖြစ်ပြီး သေဆုံးမှုနှုန်းမြင့်တက်လာခြင်းက ၂၀၀၉ ခုနစ်မှာ စတင်လာတာဖြစ်ပါတယ်။ ၂၀၀၈ ခုနစ် ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပြီးနောက် အလုပ်လက်မဲ့ဖြစ်လာတဲ့ လူငယ်လူရွယ်တွေဟာ အလုပ်လက်မဲ့ဖြစ်တာကို အကြောင်းပြုပြီး အရက်သေစာတွေ အလွန်အကျွံသောက်သုံးလာကြရာမှ အရက်စွဲပြီး အသည်းရောဂါတွေဖြစ်လာကာ သေဆုံးမှုနှုန်း မြင့်တက်လာရခြင်း ဖြစ်ပါတယ်။

Native အမေရိကန်၊ White အမေရိကန်နဲ့ Hispanic အမေရိကန်လူမျိုးတွေဟာ ၁၉၉၉ ခုနစ်ကတည်းက သိသိသာသာ အသည်းရောဂါ ဖြစ်ပွားလာပြီး သေဆုံးမှုှုနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်လို့ သတင်းတွေအရ သိရပါတယ်။ နယ်မြေအနေအထားတွေအရဆိုရင်လည်း Kentucky ၊ New Mexico ၊ Arkansas ၊ Indiana နဲ့ Alabama တို့မှာ အသည်းရွတ်ရောဂါ ပိုမိုဖြစ်ပွားတာကို တွေ့ရပါတယ်။

CDC ရဲ့မကြာသေးခင်က ထုတ်ပြန်ချက်အရ အသည်းကင်ဆာကတော့ လူငယ်လူရွယ်တွေကြားမှာ ဖြစ်တာနည်းပြီး အသက်အရွယ်ကြီးတဲ့ လူကြီးတွေကြားမှာတော့ ဖြစ်ပွားမှုနှုန်း မြင့်တက်နေဆဲဖြစ်တာကို တွေ့ရပါတယ်။အသည်းကင်ဆာကြောင့် သေဆုံးမှုအဖြစ်များတဲ့ နိုင်ငံတွေကတော့ အာရှနဲ့ ပစိဖိတ်ကျွန်းစုတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျန်းမာရေးထိခိုက်ပြီး အရွယ်မတိုင်မီသေဆုံးတာမျိုး မဖြစ်ရလေအောင် အရက်ကို စွဲစွဲလန်းသောက်မိနေတဲ့ အမူအကျင့်တွေရှိနေရင် ကျန်းမာရေးကို ဂရုပြုထိန်းသိမ်းတဲ့အနေနဲ့ ခုချိန်ကစပြီး စွန့်လွှတ်လိုက်ဖို့ အကြံပြုချင်ပါတယ်။

H.H(Akhayar)

www.akhayar.com