[Zawgyi]

ကၽြန္းေနမ်ိဳးႏြယ္စုဆီအသြားမွာ ျမားနဲ႔ ပစ္ခံရလို႔ ေသဆံုးရတဲ့ အေမရိကန္သာသနာျပဳ Chau

အေမရိကန္ႏုိင္ငံသား ခရစ္ယာန္သာသနာျပဳတစ္ေယာက္ဟာ ျပင္ပေလာကနဲ႔ အဆက္အသြယ္ျပတ္ျပီး သီးသန္႔လို ျဖစ္ေနတဲ့ ကၽြန္းေနလူမ်ိဳးႏြယ္စုေတြဆီ အသြားမွာ အသတ္ခံလိုက္ရပါတယ္။

အသက္ ၂၇ ႏွစ္ရွိျပီျဖစ္တဲ့ John Allen Chau ဟာ အိႏိၵယကို Tourist Visa နဲ႔ ဝင္လာျပီး Andaman ကၽြန္းစုေတြနဲ႔ Nicobar ကၽြန္းေတြဆီကို သာသာနာျပဳဖို႔ ရည္ရြယ္ခ်က္နဲ႔ ေအာက္တုိဘာလက သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။

Andaman နဲ႔ Nicobar ကၽြန္းေတြရဲ႕ ရဲမွဴးၾကီးျဖစ္တဲ့ Dependra Pathak ကေတာ့ ” ကၽြန္ေတာ္တို႔ Chau ကို ကမာၻ႔လွည့္ခရီးသြားလို႔ မသတ္မွတ္ႏုိ္င္ပါဘူး။ သူဟာ Tourist Visa နဲ႔ လာတာ မွန္ေပမယ့္ တားျမစ္ထားတဲ့ ကၽြန္းတစ္ခုေပၚမွာ တရားေဟာစည္းရံုးဖို႔ အၾကံအစည္နဲ႔ လာတာမို႔လို႔ပါ” လို႔ ေျပာျပခဲ့ပါတယ္။

Andamans မွာ ရွိတဲ့ Port Blair

Andamans မွာ ရွိတဲ့ Port Blair

ဒါ့အျပင္ Chau ဟာ သူမသြားခင္မွာ ဒီကၽြန္းမွာ နယ္ခံကၽြန္းသားေတြကို စည္းရံုးဖို႔ သြားတာလို႔လည္း ရဲကို အေၾကာင္းမၾကားခဲ့ပါဘူး။ Chau ရဲ႕ ေဆြမ်ိဳးေတြကေတာ့ ျပီးခဲ့တဲ့ ဗုဒၶဟူးေန႕က Instagram မွာ Chau ကို ေအာက္ေမ့သတိရေၾကာင္းနဲ႔ Sentinel ကၽြန္းေနလူမ်ိဳးစုေတြကိုလည္း ခြင့္လႊတ္တဲ့သေဘာမ်ိဳး တင္ထားပါတယ္။
North Sentinel ကၽြန္းဟာဆုိရင္ Sentinelese လို႔ ေခၚတဲ့ ကၽြန္းေနမ်ိဳးႏြယ္စုေတြ အေျခေနထိုင္ၾကျပီး အိႏိၵယဥပေဒေအာက္မွာ သူတို႔ကုိ အကာအကြယ္ေပးထားပါတယ္။
ျဖစ္စဥ္ျဖစ္ပြားခဲ့ပံုကေတာ့ Chau ဟာ နယ္ခံသူငယ္ခ်င္းအင္ဂ်င္နီယာတစ္ေယာက္ကို သူ႔အတြက္ေလွစီစဥ္ေပးဖို႔နဲ႔ အဲဒီကၽြန္းကို ေခၚသြားႏုိင္တဲ့ ငါးဖမ္းသမားတစ္ေယာက္ရွာေပးဖို႔ ေျပာခဲ့ပါတယ္။ သူ႔သူငယ္ခ်င္းက ေလွတစ္စင္းနဲ႔ Water Sports မွာ ကၽြမ္းက်င္တဲ့ ငါးဖမ္းသမားတစ္ေယာက္ကို ဒီစူးစမ္းေလ့လာေရးခရီးမွာ ကူညီဖို႔ ရွာေပးခဲ့ပါတယ္။ အခုေတာ့ ဒီခရီးကို ကူညီစီစဥ္ေပးတဲ့ နယ္ခံ ၇ ေယာက္လံုးကိုလည္း ဖမ္းထားလိုက္ပါျပီ။
ရဲမႈွူးၾကီး Pathak ကေတာ့ ငါးဖမး္သမားရဲ႕ အေျပာအရ သူတို႔ဟာ ႏိုဝင္ဘာလ ၁၅ ရက္ေန႔မွာ သစ္သားစက္ေလွနဲ႔ ကၽြန္းဆီခရီးႏွင္ခဲ့တယ္လို႔ ဆုိပါတယ္။ ကၽြန္းနဲ႔ ေပေပါင္း ၁၆၄၀ နဲ႔ ေပ ၂၃၀၀ ၾကားအကြာအေဝးမွာ စက္ေလွကို ရပ္ထားျပီး ကမး္ေျခကို ကႏူးေလွနဲ႔ Chau တစ္ဦးတည္းထြက္သြားပါတယ္တဲ့။ အဲဒီေန႔ေနာက္ပိုင္းမွာေတာ့ သူ႔ကို ျမားဒဏ္ရာေတြနဲ႔ ကႏူးေလွေပၚျပန္လာတာ ျမင္ရျပီး ႏုိဝင္ဘာ ၁၆ ရက္မွာေတာ့ ေဒသခံေတြက သူ႔ရဲ႕ ကႏူးေလွကို ဖ်က္စီးလိုက္ပါတယ္။
ေရွ႕ဆံုးက John Chau

ေရွ႕ဆံုးက John Chau

ဒါေၾကာင့္ သူဟာ စက္ေလွဆီကို ေရကူးျပီးျပန္လာဖို႔ ၾကိဳးစားေပမယ့္ ျပန္ေရာက္မလာႏုိင္ဘဲ ငါးဖမ္းသမားက Chau ရဲ႕ ခႏၶာကိုယ္ကုိ ေဒသခံလူမ်ိဳးစုေတြက ဆြဲသြားတာ ေတြ႔ခဲ့ရတယ္လို႔ ဆိုပါတယ္။
Chau ရဲ႕ ရုပ္အေလာင္းကို ျပန္လည္ရယူဖို႔အတြက္ ကမ္းရိုးတန္းေစာင့္ေတြ၊ Tribal Welfare Department က အာဏာပိုင္ေတြ၊ သစ္ေတာဌာနအရာရွိေတြနဲ႔ ရဲအရာရွိေတြ လုပ္ေဆာင္ေနၾကပါတယ္။
John Chau

John Chau

ဒီကၽြန္းစုေတြဟာ ဧရိယာအက်ယ္အဝန္းမိုင္ ၈၅၀ ေလာက္ရွိျပီး အိႏိၵယတုိက္ငယ္ရဲ႕ အေရွ႕ျခမ္းမွာ တည္ရွိပါတယ္။ Andaman နဲ႔ Nicobar ကၽြန္းစုနယ္ေျမမွာ ကၽြန္းေပါင္း ၅၇၂ ကၽြန္းရွိျပီး အေျခခ်ေနထိုင္သူ ၃ ဒါဇင္ေလာက္ပဲရွိပါတယ္။ ၂၀၁၁ ခုႏွစ္က လုပ္တဲ့ စစ္တမ္းမွာေတာ့ Sentinelese မ်ိဳးႏြယ္စုဝင္ ၁၅ ေယာက္ေလာက္ပဲ ကၽြန္းေပၚမွာ ေတြ႔ရတယ္လို႔ ဆိုျပီး ဒီစစ္တမ္းဟာလည္း သူတို႔အနားကို ကပ္သြားရင္ အႏၱရာယ္ရွိတာေၾကာင့္ ဒီေလာက္နဲ႔ပဲ ရပ္လုိက္ရတာ ျဖစ္ပါတယ္။
အိႏိၵယမ်ိဳးႏြယ္စုဝန္ၾကီးဌာနကေတာ့ Sentinelese မ်ိဳးႏြယ္စုဟာ ကၽြန္းေပၚကို က်ဴးေက်ာ္သူေတြ တက္လာတာ မလိုလားပါဘူး။ ဒါေပမယ့္ ဒါဟာ သူတို႔ရဲ႕ အခြင့္အေရးျဖစ္ျပီး အာဏာပိုင္ေတြကလည္း ဒီလို လူစိမ္းေတြက နယ္ခံလူမ်ိဳးစုေတြနဲ႔ ဆက္သြယ္တာကို တားျမစ္ထားပါတယ္။ Sentinelese ေတြဟာ သူတုိ႔ဘာသာပဲ ေနခ်င္တဲ့ ပံုစံမ်ိဳး ခဏခဏျပတဲ့အတြက္ သူတို႔ရဲ႕ ဆႏၵကို ေလးစားရပါမယ္။ အရင္က ဒီေနရာမွာ မ်ိဳးႏြယ္စုလူ ေထာင္ခ်ီကို ရွင္းပစ္ခဲ့ဖူးတဲ့အတြက္ ဒီလို နညး္နညး္ေလးပဲ က်န္ေတာ့တဲ့ မ်ိဳးႏြယ္စုေတြရဲ႕ လူစိမ္းေတြကို ေၾကာက္ရြံ႕မႈဟာလည္း နားလည္ေပးရမွာ ျဖစ္တယ္လို႔ ေျပာၾကားသြားပါတယ္။
Source : cnn.com

[Unicode]

ကျွန်းနေမျိုးနွယ်စုဆီအသွားမှာ မြားနဲ့ ပစ်ခံရလို့ သေဆုံးရတဲ့ အမေရိကန်သာသနာပြုအဖွဲ့ဝင်

အမေရိကန်နိုင်ငံသား ခရစ်ယာန်သာသနာပြုတစ်ယောက်ဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်ပြီး သီးသန့်လို ဖြစ်နေတဲ့ ကျွန်းနေလူမျိုးနွယ်စုတွေဆီ အသွားမှာ အသတ်ခံလိုက်ရပါတယ်။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ John Allen Chau ဟာ အိန္ဒိယကို Tourist Visa နဲ့ ဝင်လာပြီး Andaman ကျွန်းစုတွေနဲ့ Nicobar ကျွန်းတွေဆီကို သာသာနာပြုဖို့ ရည်ရွယ်ချက်နဲ့ အောက်တိုဘာလက သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

Andaman နဲ့ Nicobar ကျွန်းတွေရဲ့ ရဲမှူးကြီးဖြစ်တဲ့ Dependra Pathak ကတော့ ” ကျွန်တော်တို့ Chau ကို ကမ္ဘာ့လှည့်ခရီးသွားလို့ မသတ်မှတ်နိုင်ပါဘူး။ သူဟာ Tourist Visa နဲ့ လာတာ မှန်ပေမယ့် တားမြစ်ထားတဲ့ ကျွန်းတစ်ခုပေါ်မှာ တရားဟောစည်းရုံးဖို့ အကြံအစည်နဲ့ လာတာမို့လို့ပါ” လို့ ပြောပြခဲ့ပါတယ်။

Andamans မှာ ရှိတဲ့ Port Blair

Andamans မှာ ရှိတဲ့ Port Blair

ဒါ့အပြင် Chau ဟာ သူမသွားခင်မှာ ဒီကျွန်းမှာ နယ်ခံကျွန်းသားတွေကို စည်းရုံးဖို့ သွားတာလို့လည်း ရဲကို အကြောင်းမကြားခဲ့ပါဘူး။ Chau ရဲ့ ဆွေမျိုးတွေကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Instagram မှာ Chau ကို အောက်မေ့သတိရကြောင်းနဲ့ Sentinel ကျွန်းနေလူမျိုးစုတွေကိုလည်း ခွင့်လွှတ်တဲ့သဘောမျိုး တင်ထားပါတယ်။
North Sentinel ကျွန်းဟာဆိုရင် Sentinelese လို့ ခေါ်တဲ့ ကျွန်းနေမျိုးနွယ်စုတွေ အခြေနေထိုင်ကြပြီး အိန္ဒိယဥပဒေအောက်မှာ သူတို့ကို အကာအကွယ်ပေးထားပါတယ်။
ဖြစ်စဉ်ဖြစ်ပွားခဲ့ပုံကတော့ Chau ဟာ နယ်ခံသူငယ်ချင်းအင်ဂျင်နီယာတစ်ယောက်ကို သူ့အတွက်လှေစီစဉ်ပေးဖို့နဲ့ အဲဒီကျွန်းကို ခေါ်သွားနိုင်တဲ့ ငါးဖမ်းသမားတစ်ယောက်ရှာပေးဖို့ ပြောခဲ့ပါတယ်။ သူ့သူငယ်ချင်းက လှေတစ်စင်းနဲ့ Water Sports မှာ ကျွမ်းကျင်တဲ့ ငါးဖမ်းသမားတစ်ယောက်ကို ဒီစူးစမ်းလေ့လာရေးခရီးမှာ ကူညီဖို့ ရှာပေးခဲ့ပါတယ်။ အခုတော့ ဒီခရီးကို ကူညီစီစဉ်ပေးတဲ့ နယ်ခံ ၇ ယောက်လုံးကိုလည်း ဖမ်းထားလိုက်ပါပြီ။
ရဲမှုှူးကြီး Pathak ကတော့ ငါးဖမ်းသမားရဲ့ အပြောအရ သူတို့ဟာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ သစ်သားစက်လှေနဲ့ ကျွန်းဆီခရီးနှင်ခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်းနဲ့ ပေပေါင်း ၁၆၄၀ နဲ့ ပေ ၂၃၀၀ ကြားအကွာအဝေးမှာ စက်လှေကို ရပ်ထားပြီး ကမ်းခြေကို ကနူးလှေနဲ့ Chau တစ်ဦးတည်းထွက်သွားပါတယ်တဲ့။ အဲဒီနေ့နောက်ပိုင်းမှာတော့ သူ့ကို မြားဒဏ်ရာတွေနဲ့ ကနူးလှေပေါ်ပြန်လာတာ မြင်ရပြီး နိုဝင်ဘာ ၁၆ ရက်မှာတော့ ဒေသခံတွေက သူ့ရဲ့ ကနူးလှေကို ဖျက်စီးလိုက်ပါတယ်။
ရှေ့ဆုံးက John Chau

ရှေ့ဆုံးက John Chau

ဒါကြောင့် သူဟာ စက်လှေဆီကို ရေကူးပြီးပြန်လာဖို့ ကြိုးစားပေမယ့် ပြန်ရောက်မလာနိုင်ဘဲ ငါးဖမ်းသမားက Chau ရဲ့ ခန္ဓာကိုယ်ကို ဒေသခံလူမျိုးစုတွေက ဆွဲသွားတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
Chau ရဲ့ ရုပ်အလောင်းကို ပြန်လည်ရယူဖို့အတွက် ကမ်းရိုးတန်းစောင့်တွေ၊ Tribal Welfare Department က အာဏာပိုင်တွေ၊ သစ်တောဌာနအရာရှိတွေနဲ့ ရဲအရာရှိတွေ လုပ်ဆောင်နေကြပါတယ်။
John Chau

John Chau

ဒီကျွန်းစုတွေဟာ ဧရိယာအကျယ်အဝန်းမိုင် ၈၅၀ လောက်ရှိပြီး အိန္ဒိယတိုက်ငယ်ရဲ့ အရှေ့ခြမ်းမှာ တည်ရှိပါတယ်။ Andaman နဲ့ Nicobar ကျွန်းစုနယ်မြေမှာ ကျွန်းပေါင်း ၅၇၂ ကျွန်းရှိပြီး အခြေချနေထိုင်သူ ၃ ဒါဇင်လောက်ပဲရှိပါတယ်။ ၂၀၁၁ ခုနှစ်က လုပ်တဲ့ စစ်တမ်းမှာတော့ Sentinelese မျိုးနွယ်စုဝင် ၁၅ ယောက်လောက်ပဲ ကျွန်းပေါ်မှာ တွေ့ရတယ်လို့ ဆိုပြီး ဒီစစ်တမ်းဟာလည်း သူတို့အနားကို ကပ်သွားရင် အန္တရာယ်ရှိတာကြောင့် ဒီလောက်နဲ့ပဲ ရပ်လိုက်ရတာ ဖြစ်ပါတယ်။
အိန္ဒိယမျိုးနွယ်စုဝန်ကြီးဌာနကတော့ Sentinelese မျိုးနွယ်စုဟာ ကျွန်းပေါ်ကို ကျူးကျော်သူတွေ တက်လာတာ မလိုလားပါဘူး။ ဒါပေမယ့် ဒါဟာ သူတို့ရဲ့ အခွင့်အရေးဖြစ်ပြီး အာဏာပိုင်တွေကလည်း ဒီလို လူစိမ်းတွေက နယ်ခံလူမျိုးစုတွေနဲ့ ဆက်သွယ်တာကို တားမြစ်ထားပါတယ်။ Sentinelese တွေဟာ သူတို့ဘာသာပဲ နေချင်တဲ့ ပုံစံမျိုး ခဏခဏပြတဲ့အတွက် သူတို့ရဲ့ ဆန္ဒကို လေးစားရပါမယ်။ အရင်က ဒီနေရာမှာ မျိုးနွယ်စုလူ ထောင်ချီကို ရှင်းပစ်ခဲ့ဖူးတဲ့အတွက် ဒီလို နည်းနည်းလေးပဲ ကျန်တော့တဲ့ မျိုးနွယ်စုတွေရဲ့ လူစိမ်းတွေကို ကြောက်ရွံ့မှုဟာလည်း နားလည်ပေးရမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
Source : cnn.com