အေမရိကန္က ကုိယ့္ဒူးကိုယ္ခၽြန္အမ်ိဳးသမီး ဘီလီလ်ံနာႀကီး Marian Ilitch

Marian Ilitch

[Zawgyi]

အေမရိကန္က ကုိယ့္ဒူးကိုယ္ခၽြန္အမ်ိဳးသမီး ဘီလီလ်ံနာႀကီး Marian Ilitch

ကမၻာ့သန္းႂကြယ္သူေဌးႀကီးေတြလို႔ ေျပာလိုက္ရင္ ေယာက်ာ္းေတြပဲမ်ားပါတယ္။ ဒါေပမယ့္ အခုေျပာျပမွာက အမ်ိဳးသမီး ဘီလံ်နာႀကီးအေၾကာင္းပါ။

အေမရိကန္ Michigan မွာ ပီဇာဆိုင္ေတြဖြင့္ၿပီး ကုိယ့္အားကိုယ္ကိုးခ်မ္းသာလာတဲ႔ အမ်ိဳးသမီးႀကီးတစ္ဦးရွိပါတယ္။ သူမရဲ႕နာမည္က Marian Ilitch ပါ။ သူမနဲ႔သူမေယာက်္ား Mike တုိ႔ဟာ ၁၉၅၄ ခုႏွစ္ကတည္းက ပီဇာဆိုင္စဖြင့္ခဲ့ၿပီး အခုဆိုရင္ ဆုိင္ခြဲအေျမာက္အျမားရွိေနၿပီးျဖစ္တာေၾကာင့္ တစ္ႏွစ္ကို ေဒၚလာ ၃ ဘီလီယံေလာက္အထိ ဝင္ေငြရွိေနပါၿပီ။

အခုဆိုရင္ Ilitch ရဲ႕အသားတင္ပိုင္ဆိုင္မႈတန္ဖိုးဟာ ေဒၚလာ ၅.၁ ဘီလီယံအထိ ရွိေနတာေၾကာင့္ Forbes မဂၢဇင္းက ဒီအပတ္ထုတ္ျပန္တဲ႔ ကိုယ့္ဒူးကုိယ္ခၽြန္ အခ်မ္းသာဆံုးအေမရိကန္အမ်ိဳးသမီးစာရင္းမွာ ထိပ္ဆံုးကပါဝင္လာပါတယ္။

ဒီစာရင္းမွာ နည္းပညာ၊ လက္လီအေရာင္းက႑၊ ေဖ်ာ္ေျဖေရး၊ အသင့္စားအစားအစာ နဲ႔ ဖက္ရွင္ လုပ္ငန္းေတြနဲ႔ ခ်မ္းသာႂကြယ္ဝလာတဲ႔ အမ်ိဳးသမီးေတြလည္းပါဝင္လာခဲ့ေပမယ့္ Walmart ကနာမည္ႀကီး Alice Walton နဲ႔ Laurene Powell Jobs တို႔ကိုေတာ႔ ဒီစာရင္းမွာ ထည့္သြင္းထားျခင္းမရွိပါဘူး။ သူတို႔ရဲ႕ခ်မ္းသာႂကြယ္ဝမႈက အေမြရထားတာေတြပါလို႔ပါ။

ခုထုတ္ျပန္တဲ့စာရင္းမွာ ကိုယ့္ဒူးကုိယ္ခၽြန္အမ်ိဳးသမီးဘီလ်ံနာေတြ ၁၈ ေယာက္အထိရွိလာတာေၾကာင့္ ၿပီးခဲ့တဲ႔ႏွစ္ကထက္စာရင္ ပိုမိုမ်ားျပားလာပါတယ္။ ထိပ္ဆံုးဆယ္ေယာက္ရဲ႕ပိုင္ဆိုင္မႈက အနည္းဆံုးေဒၚလာ ၂ ဘီလီယံအထိ ရွိပါတယ္။ ABC Supply ကို တြဲဖက္တည္ေထာင္သူနဲ႔ ဥကၠဌျဖစ္တဲ့ Diane Hendricks ကေတာ႔ ေဒၚလာ ၄.၉ ဘီလီယံနဲ႔ ဒုတိယေနရာမွာရွိေနၿပီး တတိယေနရာမွာေတာ႔ ဓာတ္ဆီဆိုင္နဲ႔ ကုန္စံုဆိုင္အမ်ားအျပားပိုင္ဆိုင္တဲ့ Judy Love ကေတာ႔ တတိယေနရာမွာပါ။ ေဖ်ာ္ေျဖေရးလုပ္ငန္းေတြမွာ နာမည္ႀကီးတဲ့ Oprah Winfrey ကလည္း ပိုင္ဆိုင္မႈ ၂.၉ ဘီလီယံနဲ႔ တတိယေနရာမွာ ပူးတြဲရပ္တည္ေနပါတယ္။

ထိပ္ဆံုး ၁၀ ေယာက္မွာပါဝင္တဲ႔သူ တျခားသူေတြကေတာ႔ Gap ကို တြဲဖက္တည္ေထာင္သူ Doris Fisher (၂.၆ ဘီလီယံ) ၊ Epic Systems ရဲ႕တည္ေထာင္သူနဲ႔ CEO Judy Faulkner (၂.၅ ဘီလီယံ) ၊ Hewlett-Packard ရဲ႕ CEO Meg Whitman (ေဒၚလာ ၂.၅ ဘီလီယံ) ၊ ကုန္တင္ယာဥ္ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ Johnelle Hunt (ေဒၚလာ ၂.၃ ဘီလီယံ)၊ ကာစီႏိုလုပ္ငန္းပိုင္ရွင္ Elaine Wynn (ေဒၚလာ ၂.၁ ဘီလီယံ) နဲ႔ Lynda Resnick (ေဒၚလာ ၂ ဘီလီယံ) တို႔ပါ။

Facebook ရဲ႕ COO ျဖစ္၊ စာေရးဆရာမလည္းျဖစ္တဲ႔ Sheryl Sandberg နဲ႔ Spanx ရဲ႕တည္ေထာင္သူ Sara Blakely တို႔ကလည္း ပိုင္ဆိုင္မႈ ေဒၚလာ ၁.၆ ဘီလီယံ၊ ၁.၁ ဘီလီယံစာရင္းနဲ႔ ဒီစာရင္းမွာပါဝင္လာပါတယ္။

တျခားနာမည္ႀကီးေတြအေနနဲ႔

• Vera Wang ($630 million)
• Tory Burch ($600 million)
• Madonna ($580 million)
• Marissa Mayer ($540 million)
• Donna Karan ($470 million)
• Celine Dion ($400 million)
• Barbra Streisand ($390 million)
• Beyonce ($350 million)
• Judy Sheindlin, a.k.a. “Judge Judy” ($300 million)
• Taylor Swift ($280 million)

Taylor Swift ကေတာ့ Forbes ရဲ႕စာရင္းမွာ အငယ္ဆံုးျဖစ္ၿပီး Alice Schwartz ကေတာ႔ အသက္ ၉၀ နဲ႔ အႀကီးဆံုးျဖစ္ပါတယ္။

Ref: www.time.com, www.forbes.com

မင္းသုခ (အခရာ)

www.akhayar.com

[Unicode]

အမေရိကန်က ကိုယ့်ဒူးကိုယ်ချွန်အမျိုးသမီး ဘီလီလျံနာကြီး Marian Ilitch

ကမ္ဘာ့သန်းကြွယ်သူဌေးကြီးတွေလို့ ပြောလိုက်ရင် ယောကျာ်းတွေပဲများပါတယ်။ ဒါပေမယ့် အခုပြောပြမှာက အမျိုးသမီး ဘီလံျနာကြီးအကြောင်းပါ။

အမေရိကန် Michigan မှာ ပီဇာဆိုင်တွေဖွင့်ပြီး ကိုယ့်အားကိုယ်ကိုးချမ်းသာလာတဲ့ အမျိုးသမီးကြီးတစ်ဦးရှိပါတယ်။ သူမရဲ့နာမည်က Marian Ilitch ပါ။ သူမနဲ့သူမယောကျ်ား Mike တို့ဟာ ၁၉၅၄ ခုနှစ်ကတည်းက ပီဇာဆိုင်စဖွင့်ခဲ့ပြီး အခုဆိုရင် ဆိုင်ခွဲအမြောက်အမြားရှိနေပြီးဖြစ်တာကြောင့် တစ်နှစ်ကို ဒေါ်လာ ၃ ဘီလီယံလောက်အထိ ဝင်ငွေရှိနေပါပြီ။

အခုဆိုရင် Ilitch ရဲ့အသားတင်ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ ၅.၁ ဘီလီယံအထိ ရှိနေတာကြောင့် Forbes မဂ္ဂဇင်းက ဒီအပတ်ထုတ်ပြန်တဲ့ ကိုယ့်ဒူးကိုယ်ချွန် အချမ်းသာဆုံးအမေရိကန်အမျိုးသမီးစာရင်းမှာ ထိပ်ဆုံးကပါဝင်လာပါတယ်။

ဒီစာရင်းမှာ နည်းပညာ၊ လက်လီအရောင်းကဏ္ဍ၊ ဖျော်ဖြေရေး၊ အသင့်စားအစားအစာ နဲ့ ဖက်ရှင် လုပ်ငန်းတွေနဲ့ ချမ်းသာကြွယ်ဝလာတဲ့ အမျိုးသမီးတွေလည်းပါဝင်လာခဲ့ပေမယ့် Walmart ကနာမည်ကြီး Alice Walton နဲ့ Laurene Powell Jobs တို့ကိုတော့ ဒီစာရင်းမှာ ထည့်သွင်းထားခြင်းမရှိပါဘူး။ သူတို့ရဲ့ချမ်းသာကြွယ်ဝမှုက အမွေရထားတာတွေပါလို့ပါ။

ခုထုတ်ပြန်တဲ့စာရင်းမှာ ကိုယ့်ဒူးကိုယ်ချွန်အမျိုးသမီးဘီလျံနာတွေ ၁၈ ယောက်အထိရှိလာတာကြောင့် ပြီးခဲ့တဲ့နှစ်ကထက်စာရင် ပိုမိုများပြားလာပါတယ်။ ထိပ်ဆုံးဆယ်ယောက်ရဲ့ပိုင်ဆိုင်မှုက အနည်းဆုံးဒေါ်လာ ၂ ဘီလီယံအထိ ရှိပါတယ်။ ABC Supply ကို တွဲဖက်တည်ထောင်သူနဲ့ ဥက္ကဌဖြစ်တဲ့ Diane Hendricks ကတော့ ဒေါ်လာ ၄.၉ ဘီလီယံနဲ့ ဒုတိယနေရာမှာရှိနေပြီး တတိယနေရာမှာတော့ ဓာတ်ဆီဆိုင်နဲ့ ကုန်စုံဆိုင်အများအပြားပိုင်ဆိုင်တဲ့ Judy Love ကတော့ တတိယနေရာမှာပါ။ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ နာမည်ကြီးတဲ့ Oprah Winfrey ကလည်း ပိုင်ဆိုင်မှု ၂.၉ ဘီလီယံနဲ့ တတိယနေရာမှာ ပူးတွဲရပ်တည်နေပါတယ်။

ထိပ်ဆုံး ၁၀ ယောက်မှာပါဝင်တဲ့သူ တခြားသူတွေကတော့ Gap ကို တွဲဖက်တည်ထောင်သူ Doris Fisher (၂.၆ ဘီလီယံ) ၊ Epic Systems ရဲ့တည်ထောင်သူနဲ့ CEO Judy Faulkner (၂.၅ ဘီလီယံ) ၊ Hewlett-Packard ရဲ့ CEO Meg Whitman (ဒေါ်လာ ၂.၅ ဘီလီယံ) ၊ ကုန်တင်ယာဉ် စွန့်ဦးတီထွင်လုပ်ငန်းရှင် Johnelle Hunt (ဒေါ်လာ ၂.၃ ဘီလီယံ)၊ ကာစီနိုလုပ်ငန်းပိုင်ရှင် Elaine Wynn (ဒေါ်လာ ၂.၁ ဘီလီယံ) နဲ့ Lynda Resnick (ဒေါ်လာ ၂ ဘီလီယံ) တို့ပါ။

Facebook ရဲ့ COO ဖြစ်၊ စာရေးဆရာမလည်းဖြစ်တဲ့ Sheryl Sandberg နဲ့ Spanx ရဲ့တည်ထောင်သူ Sara Blakely တို့ကလည်း ပိုင်ဆိုင်မှု ဒေါ်လာ ၁.၆ ဘီလီယံ၊ ၁.၁ ဘီလီယံစာရင်းနဲ့ ဒီစာရင်းမှာပါဝင်လာပါတယ်။

တခြားနာမည်ကြီးတွေအနေနဲ့

• Vera Wang ($630 million)
• Tory Burch ($600 million)
• Madonna ($580 million)
• Marissa Mayer ($540 million)
• Donna Karan ($470 million)
• Celine Dion ($400 million)
• Barbra Streisand ($390 million)
• Beyonce ($350 million)
• Judy Sheindlin, a.k.a. “Judge Judy” ($300 million)
• Taylor Swift ($280 million)

Taylor Swift ကတော့ Forbes ရဲ့စာရင်းမှာ အငယ်ဆုံးဖြစ်ပြီး Alice Schwartz ကတော့ အသက် ၉၀ နဲ့ အကြီးဆုံးဖြစ်ပါတယ်။

Ref: www.time.com, www.forbes.com

မင်းသုခ (အခရာ)

www.akhayar.com