အခုချိန်မှာ Intel အတွက် Ryzen ဆိုတဲ့ စကားလုံးက နားခါးနေလောက်ပြီ ထင်ပါတယ်။ ပိုပြောတယ် မဆိုရပေမယ့် Zen 2 Architecture သုံးထားတဲ့ 7nm Ryzen CPU တွေက “ဒီတခါတော့ ငါမင်းထက် သာသွားပြီလို့” မပြောရုံတမယ် Review တွေ ချီးမွမ်းနေတဲ့ All Rounder Winner ဆိုရင် မမှားပါဘူး။

Processor သမိုင်း ပြန်ကောက်ရင်လည်း Single Core စွမ်းဆောင်ရည်မှာ Intel အမြဲ အသာရခဲ့တာပါ။ ဆယ်စုနှစ် ၂ စု လောက် CPU ဈေးကွက် သိမ်းပိုက်ထားတဲ့အတွက် Intel မှ Intel ဖြစ်နေခဲ့တယ်။

Intel is King when it comes to Gaming

အဲ့ချိန်ကတည်းက ဝယ်လိုအား မဖောင်းပွနေစေဖို့ Intel Processor တွေနဲ့ Head-to-head စွမ်းဆောင်ရည် တူနေရင်တောင် ထက်ဝက်လောက် ပိုသက်သာတဲ့ ဈေးနဲ့ ရောင်းပြီးဖိုက်ခဲ့ရတယ်။

Credit: Linus Tech Tips

ဒါပေမယ့် ချိန်ခွင်လျှာလို နိယာမ ပြောင်းလဲတဲ့ သဘောအရ Ryzen ပထမမျိုးဆက် မိတ်ဆက်လိုက်တဲ့အချိန် AMD ကို လူတွေ စိတ်ဝင်စားလာကြတယ်။

Threadripper တွေက Intel နိဂုံးဖြစ်လာတယ်

အထူးသဖြင့် Threadripper လို High-end တန်းမှာ 16 Cores/32 Threads ဆိုတာကြီးက ကြောက်စရာဖြစ်နေခဲ့တယ်။

ဒါတောင် Summit Ridge 1950X Threadripper Chip ပဲဖြစ်ပြီး Generation မြင့်လာတဲ့ Ryzen 3900X မှာ 12 Cores/ 24 Threads နဲ့ 70MB Cache ဖြစ်လာခဲ့ပြီ။

Credit: Linus Tech Tips

Linus Tech Tips မှာ Cache ကို Focus ထား ပြောခဲ့သလို Productivity နဲ့ Creative Work တွေမှာ Intel ထက် ပိုသာနေတာ ပြသွားခဲ့တယ်။

Intel 9th Gen ကျန်နေခဲ့ပြီ

Close up ပြောရရင် Ryzen 3900X ဟာ Intel Core i9-9900K နဲ့ ဒေါ်လာ ၄၉၉ ဈေးနှုန်းချင်း သွားညီတယ်။ Core အရေတွက်နဲ့ Cache များတဲ့အပြင် 105 TDP ပဲ ရှိတဲ့အတွက် အဲ့မှာ 9th Gen i9 ကြီး သေတာပဲ။

Credit: Linus Tech Tips

ဂိမ်းစွမ်းဆောင်ရည်မှာတော့ သိသာတဲ့ ကွာခြားချက်မျိုး မရှိပေမယ့် All Rounder ဖြစ်သွားတဲ့အတွက် Anandtech နဲ့ Tom’s Hardware တို့တောင်
Thread တမှန်းသုံးတဲ့ Application တွေမှာ ကျေနပ်အားရစရာ ကောင်းလောက်အောင် စွမ်းဆောင်နိုင်တယ်လို့” ချီးမွမ်းခန်း ဖွင့်နေကြပါတယ်။

Reviewer တွေလက်ထဲ Ryzen 3 တွေ ချီးမွမ်းခံနေရတယ်

ဒါပေမယ့် Reviewer တွေချင်းမှာတောင် Hot Hardware နဲ့ PCWorld တို့က “အကြမ်းဖျင်းပဲ ပိုသာတယ်” ပြောနေလို့ Intel Sponsor ပေးထားလားလို့တောင် တွေးမိပါတယ်။

Photo: Vox-cdn

နောက်အားသာချက် ပြောရရင် PCIe 4.0 ပထမဆုံး ထောက်ပံ့တဲ့ အချက်ပါ။ ဒီ Interface အသစ်က Bandwidth ပိုများစေသလို ပါဝါစား ပိုများတဲ့အချက်ရှိပါတယ်။ ဒါကို Linus Tech Tips က ထောက်ပြလိုက်ပြီး

PCIe 4.0 က မတရားပူတယ်

X570 Chipset တွေမှာ Cooling Fan ပါလာတော့မယ်၊ ဒါကလည်း ကွန်ပျူတာ အစိတ်ပိုင်းတွေရဲ့ အကောင်းဆုံး အဖော်ပဲလို့”
ပြောသွားတဲ့အတွက် AM4 Motherboard တွေကို Fan တကားကားနဲ့ မြင်ရပါဦးမယ်။

Photo: Wccftech

ဒီလို RAW Performance ပိုသာတဲ့အပြင် Ryen 3rd Gen တွေမှာ Overclock လုပ်ဖို့ ၁၀ စက္ကန့်လောက်စောင့်၊ Reboot ပြန်တက်တာ စောင့်ဖို့ မလိုတော့ပါဘူး။

၁ စက္ကန့်ထဲနဲ့ Overclock လုပ်နိုင်တယ်

ဒီအချက်က OC သမားတွေ အကြိုက်ဖြစ်လာတဲ့အတွက် Reviewer တွေ လက်ထဲမှာတင် ကောင်းသတင်း ပြန့်နေပါပြီ။

ဝယ်ဖို့ စိတ်ကူးထားတယ်ဆိုရင်တောင် မမှားဘူးလို့ ပြောနိုင်ပါတယ်။ Desktop Level မှာ Intel ကို လုံးဝ ကျော်သွားပြီလို့ ပြောနိုင်ပြီး လေ့လာနိုင်အောင် Linus Tech tips Review Video ကိုပါ အောက်မှာ ထည့်ပေးလိုက်ပါတယ်။

Source: TheVerge
2B (Akhayar)
www.akhayar.com