[Zawgyi]

နတ္ေတြေတာင္ႀကိဳက္မယ့္ ဒူူးရင္းသာကူနာမည္ႀကီးတဲ့ နတ္သုဒါၶဆိုတာ….

ခုတေလာ အစားခ်စ္သူေတြၾကားမွာ နာမည္ႀကီးသတင္းေမႊးေနတာကေတာ့ ေမႊးအီဆိမ့္ၿပီး စားဖူးသူတိုင္းႀကိဳက္တဲ့ နတ္သုဒါၶေတြတဲ့ေနာ္။ နတ္သုဒၶါဆိုေတာ့ နတ္ျပည္မွာ နတ္ေတြပဲ စားၾကတဲ့ အစားအစာ အထူးအဆန္းႀကီးလို႔မ်ား ထင္သြားၿပီလား?

အမွန္ကေတာ့ နတ္ေတြေတာင္ ေႂကြက်သြားေလာက္ေအာင္ေကာင္းတဲ့ ဒူးရင္းသာကူျပင္နဲ႔ အုန္းႏို႔သာကူျပင္ေတြကို ေျပာတာပါတဲ့ေနာ္။ ၫႊန္းခ်က္က နာမည္ကအစ လန္းေနေတာ့ ကိုုယ္ေတြ စိတ္မဝင္စားဘဲ ေနႏိုင္႐ိုးလား။

နာမည္ေလးက ဆန္းတဲ့အျပင္ ထုပ္ပိုးမႈေလးကလည္း ဟိုးလူႀကီးသူမေတြေခတ္တည္းက ဒီဇိုင္းဆန္းေလးနဲ႔ ခ်စ္စရာ။ စားဖူးတဲ့သူတိုင္းကပါ ေႂကြေနၾကတာဆိုေတာ့ ဒါမ်ိဳးဆို အခရာကလည္း ကိုယ့္အစားသမားေတြကို သတင္းေပးဖို႔ ၾကံၿပီေလ။ ဘယ္လိုမွာရလဲ? ဘာေတြရလဲ? ဘယ္ေလာက္ေတာင္ေကာင္းလို႔လဲ? ဆိုတာေတြ သိရေအာင္ ခ်က္ခ်င္း “Ambrosia နတ္သုဒါၶပြဲထိုင္ႏွစ္ထပ္စားအုန္းႏို႔သာကူျပင္” ဆိုတဲ့ Page ေလးရဲ႕ Message Box ကို အေျပးအလႊား မွာခ်လိုက္တာေပါ့။

နတ္သုဒါၶမွာ အဓိက ေရာင္းတာ ၂မ်ိဳးရွိပါတယ္။ ဒူးရင္းသာကူျပင္နဲ႔ အုန္းႏို႔သာကူျပင္ပါ။ တစ္ဗန္း ၅၀၀၀ တန္ ကို အဓိကထားေရာင္းတယ္တဲ့။ တစ္ခြက္တစ္ေထာင္တန္ေလးေတြလည္း ရွိေပမယ့္ ပစၥည္းပ်က္တတ္တယ္ေျပာတယ္။ Order မွာမယ္ဆို ဖုန္း 09965017886 ကို ဆက္ၿပီးလည္း မွာလို႔ရတယ္။

မွာရင္ေတာ့ မွာခ်ိန္ကေန ၃ရက္အတြင္း ပူပူေလး လာပို႔ေပးျပီး Delivery ခ ကေတာ့ ၂၅၀၀ က်တယ္။ နယ္ၿမိဳ႕ေတြဆို စေနေန႔တိုင္း ပို႔ေနၿပီေျပာတယ္။ နတ္သုဒါၶကေတာ့ နယ္ကပါ အၿပိဳင္အဆိုင္မွာစားၾကရတာဆိုပဲ။ ဆိုင္ေရာင္းရခ်က္ကေတာ့ လွည္းတန္းစင္တာမွာေတာင္ ဇူလိုင္လဆို ဖြင့္ေတာ့မယ္တဲ့။

ကိုယ္ေတြကေတာ့ တစ္ရံုးလံုးက ျမည္းဖို႔ တာဆူေနၿပီဆိုေတာ့ကာ ဒူးရင္းသာကူျပင္တစ္ဗန္း၊ အုန္းႏို႔သာကူျပင္တစ္ဗန္းကို အဂၤါေန႔က မွာခ်လိုက္တယ္။ ၾကာသပေတးေန႔ညေနေစာင္းက်ေတာ့ ရံုးေပၚကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ပဲ နတ္သုဒါၶဘူးေလးေတြ ေရာက္ခ်လာပါေလေရာ။

ဘူးျမင္တာနဲ႔ စိတ္ဝင္စားေနလို႔ ခ်က္ခ်င္းဖြင့္လိုက္တာနဲ႔ အားပါးပါး…..အုန္းသီးနံ႔၊ ဒူးရင္းသီးနံ႔ဆိုတာ လိႈင္ၿပီး ေမႊးတက္လာတာ။ အုန္းႏို႔သာကူျပင္က အေပၚ အုန္းႏို႔သား ပိုေျခာက္တယ္။ ဒူးရင္းသာကူျပင္ကေတာ့ အေပၚသားေလးက ဝါဝင္းတင္းရင္း ေရႊအဆင္းနဲ႔ ဗန္းေလးလႈပ္တိုင္း တုန္တုန္တုန္တုန္မုန္႔သားေလးေတြ လႈပ္ေနတာမ်ား ခ်က္ခ်င္းဇြန္းနဲ႔ ခပ္ၿပီး စားခ်လိုက္ခ်င္စိတ္ေတြ တဖြားဖြားပဲ။

ဆိုင္ကေတာ့ ေအးေအးေလးလည္း ပိုစားေကာင္းတယ္ေျပာေပမယ့္ ဒီလိုလုပ္ၿပီးကာစ ပူပူေႏြးေႏြး အနံ႔သင္းၿပီးတက္ေနတဲ့အခ်ိန္ေလးမွာ စားရတာပိုအရသာေကာင္းမယ္ထင္တာပဲ။ အဲ့အခ်ိန္ သင္းၿပီး လိႈင္တက္ေနတဲ့ အနံ႕ရဲ႕ ဆြဲေဆာင္အားေၾကာင့္ တရံုးလံုးက လူေတြအားလံုုး နတ္သုဒါၶဗန္းေလးေတြနားမွာ စုေနၾကၿပီ။

ကဲ..ေနာက္ဆံုးေတာ့ အရမ္းဆြဲေဆာင္လြန္းေနတဲ့ ဒူးရင္းသာကူျပင္ေလးကို တစ္ဇြန္း အရင္ခပ္လိုက္တယ္။ အေပၚသားအိအိေလးနဲ႔ ေအာက္ခံသာကူစိေလးေတြကဇြန္းထဲကပ္ၿပီးပါလာတာ အညိဳေရာင္အေပၚသားေလးေတြက ပိုေကာင္းတယ္ဆိုေတာ့ အဲ့အညိဳသားေလးေတြပါပါေအာင္ ခပ္ၿပီး ပါးစပ္ထဲ တစ္ဇြန္းျမည္းလိုက္တဲ့အခါ…..

လံုးဝ ဆြံ႔အသြားမိတယ္။ အီေမႊးေအာင္စားေကာင္းတဲ့ ဒူးရင္းသီးအဖတ္ေတြရယ္၊ အုန္းႏို႔ေလးရဲ႕ ခ်ိဳဆိမ့္ဆိမ့္မေလးတေလးအရသာေလးရယ္၊ ေအာက္က အိစက္ေနတဲ့သာကူစိေလးေတြရယ္ သံုးမ်ိဳးေပါင္းလိုက္တာ တကယ့္ နတ္သုဒါၶကို လွ်ာဖ်ားမွာ ထိေတြ႕လိုက္ရသလိုပဲ။ ေႂကြတာ ေႂကြတာဆိုတာ။ အေပၚအညိဳသားေလးေတြက ပို႐ူးေအာင္ကို ေကာင္းတာ။ အဲ့အေပၚသား ဒူးရင္းအႏွစ္လႊာေလးက ခ်ိဳေလးေလးေလးနဲ႔ အီေမႊးဆိမ့္ေနတာမို႔ ေအာက္ကသာကူနဲ႔ ေပါင္းလိုက္ေတာ့ အီလည္လည္မျဖစ္သြားေအာင္ သာကူျပင္ေလးကိုေတာ့ အခ်ိဳေပါ့ေပါ့ေလးလုပ္ေပးထားတယ္။

ဒူးရင္းသီးမႀကိဳက္တဲ့သူေတြကေတာ့ အုန္းႏို႔ကို ေႂကြက်မွာ အမွန္ပဲ။ ဒူးရင္းအနံ႔နဲ႔ အရသာမပါတာကလြဲရင္ အုန္းႏို႔အဆိမ့္ဓါတ္က ခ်ိဳ ဆိမ့္ ၿပီး တစ္လုတ္စားလိုက္တိုင္း ပါးစပ္ထဲကုန္ခါနီးေလ အရသာရွိေလပဲ။

ဒူးရင္းနဲ႔ အုန္းႏို႔ဆို ဒူးရင္းကို ပိုႀကိဳက္မိတယ္။ ေစ်းလည္း တူတဲ့အၿပင္ ပိုႏူးညံ့အိေနေရာ။ ဒူးရင္းရာသီကုန္သြားရင္ေတာ့ မရေတာ့မွာ ဝမ္းနည္းမိတဲ့ထိပဲ။

ေစ်းႏႈန္းအေနနဲ႔လည္း တစ္ဗန္း ၅၀၀၀ က ထုုပ္ပိုုးမႈေသခ်ာေကာင္းေတာ့တန္တယ္ ခံစားရတယ္။ အရသာလည္း ကိုယ့္ျပည္တြင္းထုတ္ကုန္ထဲက ဒီလိုအရည္ေသြးေကာင္းေကာင္း၊ ထုပ္ပိုးမႈသပ္သပ္ရပ္ရပ္ထြက္လာတာေလးလဲ ေက်နပ္ရတယ္။ ဓါးေလးနဲ႔ ဇြန္းေလးပါပါေသး။ ေရခဲေသတၱာထဲထည့္ထားရင္လည္း ၄၊၅ ရက္ေလာက္အစားခံတယ္ဆိုပဲ။

အဲ့ ၂မ်ိဳး ၂ဗန္းကို ရံုးကတစ္ဖြဲ႕လံုး ျမည္းၾကတာ ၁၀ မိနစ္မၾကာဘူး ေျပာင္ပါေလေရာ။ လူႀကီးသူမေတြဆို ပိုလို႔ေတာင္ ႀကိဳက္ၾကမွာ ေသခ်ာတယ္။ နတ္ေတြေတာင္ႀကိဳက္ၾကမယ့္အရသာဆိုေတာ့ စားဖူးၿပီးရင္ေတာ့ ၿမိန္႔ၿမိန္႔ႀကီး ေက်နပ္ဇိမ္ခံလို႔ ေကာင္းမယ္ထင္ပါတယ္။

ခုေလာေလာဆယ္ေတာ့ Message Box ကေနမွာရင္မွာ မမွာရင္ FMI City ဝန္းထဲမွာ ဝယ္ရမွာဆိုေပမယ့္ ေနာက္လေလာက္ဆို လွည္းတန္းစင္တာမွာ သြားဝယ္လို႔ရၿပီဆိုေတာ့ ခနခနဝယ္စားဖို႔သာ ဟန္ျပင္ထားၾကေတာ့ဗ်ိဳ႕။ ကဲ…နတ္ေတြစားတဲ့ နတ္သုဒါၶစားၿပီး နတ္စည္းစိမ္ခံလိုက္ၾကရေအာင္လား အမ်ိဳးတို႔။

FoodieEi (Akhayar)

[Unicode]

နတ်တွေတောင်ကြိုက်မယ့် ဒူူးရင်းသာကူနာမည်ကြီးတဲ့ နတ်သုဒါ္ဓဆိုတာ….

ခုတလော အစားချစ်သူတွေကြားမှာ နာမည်ကြီးသတင်းမွှေးနေတာကတော့ မွှေးအီဆိမ့်ပြီး စားဖူးသူတိုင်းကြိုက်တဲ့ နတ်သုဒါ္ဓတွေတဲ့နော်။ နတ်သုဒ္ဓါဆိုတော့ နတ်ပြည်မှာ နတ်တွေပဲ စားကြတဲ့ အစားအစာ အထူးအဆန်းကြီးလို့များ ထင်သွားပြီလား?

အမှန်ကတော့ နတ်တွေတောင် ကြွေကျသွားလောက်အောင်ကောင်းတဲ့ ဒူးရင်းသာကူပြင်နဲ့ အုန်းနို့သာကူပြင်တွေကို ပြောတာပါတဲ့နော်။ ညွှန်းချက်က နာမည်ကအစ လန်းနေတော့ ကိုယ်တွေ စိတ်မဝင်စားဘဲ နေနိုင်ရိုးလား။

နာမည်လေးက ဆန်းတဲ့အပြင် ထုပ်ပိုးမှုလေးကလည်း ဟိုးလူကြီးသူမတွေခေတ်တည်းက ဒီဇိုင်းဆန်းလေးနဲ့ ချစ်စရာ။ စားဖူးတဲ့သူတိုင်းကပါ ကြွေနေကြတာဆိုတော့ ဒါမျိုးဆို အခရာကလည်း ကိုယ့်အစားသမားတွေကို သတင်းပေးဖို့ ကြံပြီလေ။ ဘယ်လိုမှာရလဲ? ဘာတွေရလဲ? ဘယ်လောက်တောင်ကောင်းလို့လဲ? ဆိုတာတွေ သိရအောင် ချက်ချင်း “Ambrosia နတ်သုဒါ္ဓပွဲထိုင်နှစ်ထပ်စားအုန်းနို့သာကူပြင်” ဆိုတဲ့ Page လေးရဲ့ Message Box ကို အပြေးအလွှား မှာချလိုက်တာပေါ့။

နတ်သုဒါ္ဓမှာ အဓိက ရောင်းတာ ၂မျိုးရှိပါတယ်။ ဒူးရင်းသာကူပြင်နဲ့ အုန်းနို့သာကူပြင်ပါ။ တစ်ဗန်း ၅၀၀၀ တန် ကို အဓိကထားရောင်းတယ်တဲ့။ တစ်ခွက်တစ်ထောင်တန်လေးတွေလည်း ရှိပေမယ့် ပစ္စည်းပျက်တတ်တယ်ပြောတယ်။ Order မှာမယ်ဆို ဖုန်း 09965017886 ကို ဆက်ပြီးလည်း မှာလို့ရတယ်။

မှာရင်တော့ မှာချိန်ကနေ ၃ရက်အတွင်း ပူပူလေး လာပို့ပေးပြီး Delivery ခ ကတော့ ၂၅၀၀ ကျတယ်။ နယ်မြို့တွေဆို စနေနေ့တိုင်း ပို့နေပြီပြောတယ်။ နတ်သုဒါ္ဓကတော့ နယ်ကပါ အပြိုင်အဆိုင်မှာစားကြရတာဆိုပဲ။ ဆိုင်ရောင်းရချက်ကတော့ လှည်းတန်းစင်တာမှာတောင် ဇူလိုင်လဆို ဖွင့်တော့မယ်တဲ့။

ကိုယ်တွေကတော့ တစ်ရုံးလုံးက မြည်းဖို့ တာဆူနေပြီဆိုတော့ကာ ဒူးရင်းသာကူပြင်တစ်ဗန်း၊ အုန်းနို့သာကူပြင်တစ်ဗန်းကို အင်္ဂါနေ့က မှာချလိုက်တယ်။ ကြာသပတေးနေ့ညနေစောင်းကျတော့ ရုံးပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ နတ်သုဒါ္ဓဘူးလေးတွေ ရောက်ချလာပါလေရော။

ဘူးမြင်တာနဲ့ စိတ်ဝင်စားနေလို့ ချက်ချင်းဖွင့်လိုက်တာနဲ့ အားပါးပါး…..အုန်းသီးနံ့၊ ဒူးရင်းသီးနံ့ဆိုတာ လှိုင်ပြီး မွှေးတက်လာတာ။ အုန်းနို့သာကူပြင်က အပေါ် အုန်းနို့သား ပိုခြောက်တယ်။ ဒူးရင်းသာကူပြင်ကတော့ အပေါ်သားလေးက ဝါဝင်းတင်းရင်း ရွှေအဆင်းနဲ့ ဗန်းလေးလှုပ်တိုင်း တုန်တုန်တုန်တုန်မုန့်သားလေးတွေ လှုပ်နေတာများ ချက်ချင်းဇွန်းနဲ့ ခပ်ပြီး စားချလိုက်ချင်စိတ်တွေ တဖွားဖွားပဲ။

ဆိုင်ကတော့ အေးအေးလေးလည်း ပိုစားကောင်းတယ်ပြောပေမယ့် ဒီလိုလုပ်ပြီးကာစ ပူပူနွေးနွေး အနံ့သင်းပြီးတက်နေတဲ့အချိန်လေးမှာ စားရတာပိုအရသာကောင်းမယ်ထင်တာပဲ။ အဲ့အချိန် သင်းပြီး လှိုင်တက်နေတဲ့ အနံ့ရဲ့ ဆွဲဆောင်အားကြောင့် တရုံးလုံးက လူတွေအားလုံး နတ်သုဒါ္ဓဗန်းလေးတွေနားမှာ စုနေကြပြီ။

ကဲ..နောက်ဆုံးတော့ အရမ်းဆွဲဆောင်လွန်းနေတဲ့ ဒူးရင်းသာကူပြင်လေးကို တစ်ဇွန်း အရင်ခပ်လိုက်တယ်။ အပေါ်သားအိအိလေးနဲ့ အောက်ခံသာကူစိလေးတွေကဇွန်းထဲကပ်ပြီးပါလာတာ အညိုရောင်အပေါ်သားလေးတွေက ပိုကောင်းတယ်ဆိုတော့ အဲ့အညိုသားလေးတွေပါပါအောင် ခပ်ပြီး ပါးစပ်ထဲ တစ်ဇွန်းမြည်းလိုက်တဲ့အခါ…..

လုံးဝ ဆွံ့အသွားမိတယ်။ အီမွှေးအောင်စားကောင်းတဲ့ ဒူးရင်းသီးအဖတ်တွေရယ်၊ အုန်းနို့လေးရဲ့ ချိုဆိမ့်ဆိမ့်မလေးတလေးအရသာလေးရယ်၊ အောက်က အိစက်နေတဲ့သာကူစိလေးတွေရယ် သုံးမျိုးပေါင်းလိုက်တာ တကယ့် နတ်သုဒါ္ဓကို လျှာဖျားမှာ ထိတွေ့လိုက်ရသလိုပဲ။ ကြွေတာ ကြွေတာဆိုတာ။ အပေါ်အညိုသားလေးတွေက ပိုရူးအောင်ကို ကောင်းတာ။ အဲ့အပေါ်သား ဒူးရင်းအနှစ်လွှာလေးက ချိုလေးလေးလေးနဲ့ အီမွှေးဆိမ့်နေတာမို့ အောက်ကသာကူနဲ့ ပေါင်းလိုက်တော့ အီလည်လည်မဖြစ်သွားအောင် သာကူပြင်လေးကိုတော့ အချိုပေါ့ပေါ့လေးလုပ်ပေးထားတယ်။

ဒူးရင်းသီးမကြိုက်တဲ့သူတွေကတော့ အုန်းနို့ကို ကြွေကျမှာ အမှန်ပဲ။ ဒူးရင်းအနံ့နဲ့ အရသာမပါတာကလွဲရင် အုန်းနို့အဆိမ့်ဓါတ်က ချို ဆိမ့် ပြီး တစ်လုတ်စားလိုက်တိုင်း ပါးစပ်ထဲကုန်ခါနီးလေ အရသာရှိလေပဲ။

ဒူးရင်းနဲ့ အုန်းနို့ဆို ဒူးရင်းကို ပိုကြိုက်မိတယ်။ ဈေးလည်း တူတဲ့အပြင် ပိုနူးညံ့အိနေရော။ ဒူးရင်းရာသီကုန်သွားရင်တော့ မရတော့မှာ ဝမ်းနည်းမိတဲ့ထိပဲ။

ဈေးနှုန်းအနေနဲ့လည်း တစ်ဗန်း ၅၀၀၀ က ထုပ်ပိုးမှုသေချာကောင်းတော့တန်တယ် ခံစားရတယ်။ အရသာလည်း ကိုယ့်ပြည်တွင်းထုတ်ကုန်ထဲက ဒီလိုအရည်သွေးကောင်းကောင်း၊ ထုပ်ပိုးမှုသပ်သပ်ရပ်ရပ်ထွက်လာတာလေးလဲ ကျေနပ်ရတယ်။ ဓါးလေးနဲ့ ဇွန်းလေးပါပါသေး။ ရေခဲသေတ္တာထဲထည့်ထားရင်လည်း ၄၊၅ ရက်လောက်အစားခံတယ်ဆိုပဲ။

အဲ့ ၂မျိုး ၂ဗန်းကို ရုံးကတစ်ဖွဲ့လုံး မြည်းကြတာ ၁၀ မိနစ်မကြာဘူး ပြောင်ပါလေရော။ လူကြီးသူမတွေဆို ပိုလို့တောင် ကြိုက်ကြမှာ သေချာတယ်။ နတ်တွေတောင်ကြိုက်ကြမယ့်အရသာဆိုတော့ စားဖူးပြီးရင်တော့ မြိန့်မြိန့်ကြီး ကျေနပ်ဇိမ်ခံလို့ ကောင်းမယ်ထင်ပါတယ်။

ခုလောလောဆယ်တော့ Message Box ကနေမှာရင်မှာ မမှာရင် FMI City ဝန်းထဲမှာ ဝယ်ရမှာဆိုပေမယ့် နောက်လလောက်ဆို လှည်းတန်းစင်တာမှာ သွားဝယ်လို့ရပြီဆိုတော့ ခနခနဝယ်စားဖို့သာ ဟန်ပြင်ထားကြတော့ဗျို့။ ကဲ…နတ်တွေစားတဲ့ နတ်သုဒါ္ဓစားပြီး နတ်စည်းစိမ်ခံလိုက်ကြရအောင်လား အမျိုးတို့။

FoodieEi (Akhayar)