Elon Musk နဲ့ Date နေတဲ့ မင်းသမီး Amber Heard ဆိုတာ

အမည်ရင်း Amber Laura Heard ဖြစ်တဲ့ မင်းသမီး Amber Heard ကတော့ Tesla ရဲ့ CEO Elon Musk နဲ့ Date လုပ်နေပုံပေါ်ပါတယ် ခင်ဗျာ။ ဘာလို့လဲဆိုတော့ Elon Musk ရဲ့ Instagram မှာ တင်ထားတဲ့ ဓာတ်ပုံမှာ သူတို့ နှစ်ယောက်ဟာ ညစာတူတူစားလို့ ပျော်ရွှင်နေပုံရပြီး Musk ရဲ့ ပါးပေါ်မှာ နှုတ်ခမ်းနီရာတွေလည်း စွန်းပေလို့ဗျ။

Heard ကို Texas, Austin မှာ ၁၉၈၆ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူ့အသက် ၁၇နှစ်ရောက်တဲ့ အခါမှာ အထက်တန်းကျောင်းက ထွက်ကာ Los Angeles ကို ပြောင်းရွှေ့ခဲ့ပြီး သရုပ်ဆောင်နဲ့ Model အလုပ်ကို စတင်ခဲ့ပါတယ်။Amber Heard ကို ကြည့်လိုက်မယ်ဆိုရင် Hollywood ရုပ်ရှင်လောကထဲ ရောက်ရှိနေတာ ကြာပြီဖြစ်ပြီး  TV Show တွေနဲ့ ရုပ်ရှင်တွေထဲမှာတော့ မထင်မရှားသရုပ်ဆောင်နေရာကနေ စတင်ပါဝင်ခဲ့ရသူပါ။

Amber Heard

သူမရဲ့ ပထမဆုံးသရုပ်ဆောင်မှုကတော့ ၂၀၀၄ ခုနှစ်က ထွက်တဲ့ Sports Drama “Friday Night Lights” မှာ ဖြစ်ပြီး အဲဒီကားမှာ Billy Bob Thornton လည်း ပါဝင်ထားပြီး နောက်ပိုင်းမှာတော့ ဒီကားဟာ TV show အဖြစ်ပြောင်းလဲသွားပါတယ်။ အဲဒီမတိုင်ခင်မှာတော့ သူဟာ ဇာတ်ပို့နဲ့ ဧည့်သည်သရုပ်ဆောင်ကဏ္ဍတွေကနေပြီး ဆယ်ကျော်သက်ဒရာမာကားတွေဖြစ်တဲ့ “Jack & Bobby” နဲ့ “The O.C” တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

၂၀၀၅ ခုနှစ် “North Country” ဆိုတဲ့ကားမှာတော့ Charlize Theron ရဲ့ ငယ်ဘဝဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့ပါတယ်။၂၀၀၉ခုနှစ်မှာတော့  “The Stepfather”၊ “The Joneses” နဲ့ “Zombieland” ကားတွေမှာ ဆက်တိုက်ပါဝင်သရုပ်ဆောင်ခဲ့ပြန်ပါတယ်။

၂၀၁၁ မှာတော့ Johnny Depp နဲ့ တူတူ “The Rum Diary” မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ငြိခဲ့ကြကာ အပြင်ဘက်မှာပါ Dating လုပ်ပြီး တွဲခဲ့ကြပါတယ်။ ၂၀၁၅ခုနှစ်အစောပိုင်းမှာတော့ သူတို့ရဲ့ Los Angeles အိမ်မှာပဲ သီးသန့်အခမ်းအနားလေးနဲ့ပဲ သူတို့ရဲ့ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ Johnny Depp နဲ့ Dating စလုပ်ခဲ့ပြီး လက်ထပ်ပြီးနောက်ပိုင်းမှာမှ သူဟာ လူတွေရဲ့ အာရုံစိုက်ခြင်းကို ပိုမိုခံလာရပြီး သူတို့ရဲ့ ရွှေလက်တွဲမှုဟာတော့ ၂၀၁၆ ခုနှစ်ကွာရှင်းပြတ်စဲမှုအပြီးမှာ အဆုံးသတ်ခဲ့ကြရပါတယ်။

Johnny Depp & Amber Heard

၂၀၁၅မှာတော့ နာမည်ကြီး “The Danish Girl” မှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ၂၀၁၆ခုနှစ်မှာတော့ အိမ်ထောင်ရေး အကွဲအပြဲတွေ စတင်ကြားခဲ့ရပြီး Heard ဟာ Johnny Depp ကို ကွာရှင်းလိုမှုလျှောက်ထားခဲ့ပြီး သူတို့ရဲ့ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ Depp ဟာ သူ့အပေါ် ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှုတွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့ကို Deppဟာ ဖုန်းနဲ့ ပစ်ပေါက်တယ်လို့ စွပ်စွဲခဲ့ပြီး သူမမျက်နှာပေါ်က ဒဏ်ရာတွေကို ပြသခဲ့ပါသေးတယ်။ နောက်ဆုံး ၂၀၁၆ ခုနှစ် သြဂုတ်မှာမှ သူတို့ရဲ့ ကွာရှင်းပြတ်စဲမှုကို အပြ်ီးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အမျိုးသမီးရေးအတွက် ထောက်ခံအားပေးလှုပ်ရှားနေသူတစ်ဦးလည်း ဖြစ်ပြီး အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှု၊ အနိုင်အထက်ပြုကျင့်မှုတွေရဲ့ သားကောင်တွေ ဖြစ်ရရှာတဲ့ အမျိုးသမီးတွေ အရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ GLAAD ရဲ့ ၂၅နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားမှာ သူဟာ Bisexual တစ်ယောက်ပါလို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

လက်ရှိ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ Amber Heard ဟာ အခုဆိုရင် ပိုပြီး လုပ်ကွက်ရတဲ့ သရုပ်ဆောင်အခန်းကဏ္ဍတွေမှာ ပါဝင်လာဖို့ ရှိနေပြီး ဒီ ၂၀၁၇ ခုနှစ်ထဲမှာတော့ “Justice League” ရုပ်ရှင်ဇာတ်ကားမှာ Mera ၊ the queen of Atlantis အနေနဲ့ ပါဝင်လာမှာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ထွက်ရှိလာမယ့် “Aquaman” ဇာတ်ကားမှာတော့ ပိုပြီး အရေးပါတဲ့ အခန်းကဏ္ဍကို ရရှိဖို့ များပါတယ်။

ဒီ ဧပြီလ ၂၀၁၇ ခုနှစ်မှာတော့ SpaceX Founder နဲ့ Tesla ရဲ့ Co Founder ဖြစ်တဲ့ Elon Musk နဲ့ Date လုပ်နေတယ်လို့ ခုလို သတင်းတွေ၊ ဓာတ်ပုံတွေ ထွက်လာတာပဲ ဖြစ်ပါတယ်ခင်ဗျား။

 

 

Yoe Lu (Akhayar)

www.akhayar.com

Ref : BusinessInsider