[Zawgyi]

အိမ်ခြေမဲ့ပြည်သူတွေအတွက် ဒေါ်လာသန်း (၁ဝဝ) နီးပါး လှူဒါန်းမယ့် Jeff Bezos

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Jeff Bezos ဟာ အိမ်ခြေမဲ့ပြည်သူတွေအတွက် ဒေါ်လာ (၉၇.၅) သန်း လှူဒါန်းမယ်လို့ တရားဝင်ကြေညာလိုက်တာပါ။ အမေရိကန်နိုင်ငံတလွှားမှာရှိတဲ့ အိမ်ယာမဲ့ကူညီရေးအဖွဲ့အစည်းပေါင်း (၂၄) ခုကို ခွဲဝေလှူဒါန်းသွားမှာဖြစ်ပါတယ်။

အသားတင်ကြွယ်ဝမှု ဒေါ်လာ (၁၂၅.၈) ဘီလီယံအထိ ကြွယ်ဝတဲ့ Jeff Bezos ဟာ အိုးခြေမဲ့ပြည်သူတွေနဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ အဆင့်မီမူကြိုကျောင်းတွေ တည်ဆောက်ဖို့ ဒေါ်လာ ၂ ဘီလီယံ (ဒေါ်လာ ၂,ဝဝဝ သန်း) အထိ လှူဒါန်းသွားမှာဖြစ်ပါတယ်။ ချမ်းသာသလောက် အလှူအတန်းရက်ရောတဲ့ Amazon သူဌေးကြီး Jeff Bezos ကိုတော့ သာဓုခေါ်ရမှာဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com