Amazon Online Store မှာ သီချင်းချစ်သူတွေအတွက် အရည်အသွေးမြင့် NuForce Headphone တွေချိုသာတဲ့ဈေးနှုန်းနဲ့ ၀ယ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ NuForce နားကြပ်ဟာ သီချင်းနားထောင်တဲ့အခါ အသံပိုင်းဆိုင်ရာကြည်လင်ပြတ်သားမှုကို ပေးစွမ်းနိုင်တယ်လို့သိရပါတယ်။ ဒီတော့ အခရာပရိတ်သတ်တွေအတွက် NuForce တံဆိပ် နားကြပ်တွေနဲ့စွမ်းဆောင်နိုင်စွမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

NuForce BE6i Wireless Bluetooth Headphones

NuForce BE6i Wireless နားကြပ်ဟာ iPhone ၊ Android ၊ Window Phones တို့အပြင် PC နဲ့ Mac ကွန်ပျူတာတွေမှာပါ ချိတ်ဆက်သုံးဆွဲနိုင်ပါတယ်။ ဒါ့အပြင် ဒီနားကြပ်မှာ Dual Device အသုံးပြုနိုင်တဲ့စနစ်ပါတာကြောင့် တစ်ချိန်တည်းမှာ Device ၂ခုကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ အပြင် ၉၈ပေ အကွာအဝေးထိ လိုင်းဆွဲအားမိတယ်လို့သိရပါတယ်။ သီချင်းနားထောင်တဲ့အခါ နားကြပ်တပ်ထားတုန်း နားကိုနာကျင်မှုမရှိစေရန် ထိပ်ဖုံးကို Silicon Foam နဲ့ပြုလုပ်ထားပါတယ်။ ရေစိုခံနိုင်တဲ့ IPX5 Waterproof rating ရရှိထားတာကြောင့် မိုးရေထဲသွားတဲ့အခါ ဒါမှမဟုတ်အားကစားလုပ်ရင်းနားထောင်တဲ့အခါ တွေမှာ ချွေးထွက်လည်းအဆင်ပြေစေပါတယ်။ ပုံမှန်ဈေး ဒေါ်လာ 129 ရှိပေမယ့် Amazon မှာတော့ ၉၉ဒေါ်လာနဲ့ရောင်းချပေးထားတယ်လို့သိရပါတယ်။

NuForce Be Sport 3

Aluminium ၊ Polycarbonate တို့နဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဒီနားကြပ်ရဲ့ အလေးချိန်ကတော့ ၁၃ဂရမ် ရှိပါတယ်။ အသံပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး Rating 8 ထိရရှိထားတဲ့နားကြပ်တစ်ခုလည်းဖြစ်ပါတယ်။ Battery သက်တမ်း8နာရီကနေ ၁၀နာရီအထိ အသုံးပြုနိုင်ပြီး နားအတွင်းပိုင်းမနာစေရန်နဲ့ Sealကို တင်းကျပ်စွာဖုံးအုပ်ထားပါတယ်။ မိမိနားထောင်တဲ့သီချင်းမှာ Bass သံနည်းနေတယ်ဆိုရင်လည်း အသံကို မျှတအောင်ထိန်းညှိပေးတယ်လို့သိရပါတယ်။ တန်ဖိုးအနေနဲ့၇၉ဒေါ်လာရှိပြီး Amazon Store ကနေမှာယူနိုင်တယ် လို့သိရပါတယ်။

NuForce HEM2 Headphones

ဒီနားကြပ်ဒီဇိုင်းကို အနုပညာရှင် ၊ ဂီတသမားတွေနဲ့ နောက်ဆုံးပေါ် Driver Tecnology စနစ်တို့ပေါင်းစပ်ဖွဲ့စည်းပြီး ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ HEM Series ထဲမှာ အမြင့်ဆုံးစွမ်းဆောင်နိုင်တဲ့ Certified ရရှိထားပြီး Frequency အနေနဲ့အမြင့်ဆုံး 40,000 Hertz ရရှိနိုင်တယ်လို့သိရပါတယ်။ အသံအမြင့်ဆုံးထားပြီး အချိန်ကြာမြင့်စွာ သီချင်းနားထောင်တဲ့အခါမှာလည်း အသံစနစ် တုန်ခါခြင်းနဲ့ အခြား ချို့ယွင်းချက်မရှိစေရန်ကာကွယ်ထားပေးပါတယ်။ ဈေးနှုန်းအနေနဲ့ ၁၈၉ဒေါ်လာ ရှိတယ်လို့သိရပါတယ်။

Ref: DigitalTrends

Jan (Akhayar)