Amazon Server Down သွားလို့တဲ့

အင်တာနက်ပေါ်မှာ Web Hosting Service အသုံးပြုသူအများအပြားဟာ Amazon ရဲ့ Server Down သွားခဲ့တဲ့အတွက် အခက်အခဲကြုံခဲ့ရပါတယ်။ ဒီလို Server Down သွားခဲ့မှုဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး S3 Web Services ယူထားတဲ့သူအများအပြားဆီကနေ error အများအပြား ရရှိခဲ့တယ်လို့လည်းဆိုပါတယ်။ နောက်ပြီးတော့ Websites တော်တော် များများဟာလည်းOffline ဖြစ်သွားခဲ့ရပါတယ်။

Trello, Quora, IFTTT နဲ့ Splitwise တို့အားလုံးလိုလို offline ဖြစ်သွားတဲ့အပြင် Amazon ကိုအသုံးပြုနေတဲ့ Verge ရဲ့ GroupMe ဟာလည်းပဲ Down သွားခဲ့ရပါတယ်။ Alexa လည်း online ဖြစ်နေဖို့အတွက် အခြေအနေတစ်ခုကိုရုန်းကန်ခဲ့ရပါတယ်။ Thermostats တွေကို ချိတ်ဆက်ပေးတဲ့ Nest ရဲ့ Application ဟာလည်းချိတ်ဆက်မှုပြတ်တောက်သွားခဲ့လို့ အခက်အခဲတွေဖြစ်ခဲ့ရပါတယ်။ Isitdownrightnow.com ကတော့ လျှပ်စစ်ဓါတ်အားပြတ်တောက်သွားလို့ Down သွားတယ်လို့ထင်ရပါတယ်။

Amazon က လျှပ်စစ်ဓါတ်အားပြတ်တောက်မှုမကြုံခင်တုန်းက offline ဖြစ်သွားခဲ့တဲ့ Instagram, Vine နဲ့ IMDb တို့ကို ဝေဖန်ဖူးပါတယ်။ ဒီလိုလျှပ်စစ်ပြတ်တောက်မှုကြောင့်လို့ပြောတာက သူတို့ရဲ့ ဂုဏ်သိက္ခာပိုင်းကိုထိခိုက်တာတော့အသေအချာပါပဲ။ Amazon အပေါ်မှီခိုနေတဲ့ လုပ်ငန်ငယ်လေး တွေအများအပြားဟာလည်း အခက်အခဲကြုံခဲ့ရပါတယ်။ ဝန်ဆောင်မှုအကုန်လုံးကို ဘယ်အချိန်မှာပြန်လည်ရရှိမယ်ဆိုတာကို မသိရသေးပေမယ့် Amzon ကတော့ လိုအပ်တဲ့ပြု ပြင်မှုတွေလုပ်ဆောင်နေတယ်လို့ကြေငြာထားပါတယ်။

မင်းသုခ (အခရာ)

(www.akhayar.com)